ဟေရှာယ 10:13 - မြန်မာ့စံမီသမ္မာကျမ်း13 အကြောင်းမူကား ထိုဘုရင်က “ငါ၌ အသိဉာဏ်ရှိ၏။ ငါ့လက်ရုံးရည်၊ ငါ့ဉာဏ်ပညာဖြင့် ငါပြုပြီ။ လူမျိုးတို့၏နယ်နိမိတ်ကို ငါရွှေ့ပြီ။ သူတို့၏ဘဏ္ဍာကို တိုက်ခိုက်လုယက်ပြီ။ စိုးစံသောဘုရင်တို့ကို စစ်သူရဲသဖွယ် ငါဖြုတ်ချပြီ။ အခန်းကိုကြည့်ပါ။Common Language Bible13 အာရှုရိဘုရင်က``ဤအမှုကိုငါကိုယ်တိုင် ပြုခဲ့၏။ ငါသည်ခွန်အားကြီး၏။ ပညာရှိ၍ တတ်သိလိမ္မာ၏။ တိုင်းနိုင်ငံတို့၏နယ်နိမိတ် ကိုဖယ်ရှားပြီးလျှင် သူတို့သိုလှောင်ထားသည့် ရိက္ခာများကိုသိမ်းယူခဲ့၏။ ထိုတိုင်းနိုင်ငံ များတွင်နေထိုင်သူတို့အား ငါသည်နွား နင်းသကဲ့သို့နင်းချေပစ်ခဲ့၏။- အခန်းကိုကြည့်ပါ။Garrad Bible13 ထို မင်း က ဉာဏ် ပ ဋိ ဘာန် ရှိ သည့် အ လျောက် ကိုယ့် လက် သ တ္တိ၊ ဉာဏ် သ တ္တိ အား ဖြင့် ငါ ပြု ခဲ့ ပြီ။ လူ မျိုး တို့ နယ် နိ မိတ် များ ကို ရွှေ့ ပြောင်း လျက် ဆည်း ပူး သော ဥ စ္စာ များ ကို လု ယူ ပြီး လျှင်၊ နန်း စံ တို့ ကို လည်း နွား ဥဿ ဘ သ ဘွယ် နန်း ချ သ ဖြင့်၊ အခန်းကိုကြည့်ပါ။Judson Bible13 ထိုမင်းက၊ ငါသည် ကိုယ်လက်ရုံးသတ္တိနှင့် ကိုယ်ဉာဏ်အားဖြင့် ငါတတ်နိုင်၏။ ပညာသတိနှင့် ငါပြည့်စုံ၏။ လူမျိုးနေရာ အပိုင်းအခြားတို့ကို ငါရွှေ့ပြီ။ သူတို့၏ဘဏ္ဍာကိုလုယူပြီ။ ဘုရင်တို့ကို သူရဲကဲ့သို့နှိမ့်ချပြီ။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်သည် အဆီးရီးယားဘုရင်ပုလမင်းကြီးတည်းဟူသော အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီး၏စိတ်ကို နှိုးဆော်၍ သူသည် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေ၏အမျိုးတစ်ဝက်တို့ကို ဖမ်းဆီးခေါ်ဆောင်သွား၏။ သူတို့သည် ဟာလာအရပ်၊ ဟာဗော်အရပ်၊ ဟာရအရပ်၊ ဂေါဇန်အရပ်ရှိမြစ်နားတစ်လျှောက်တို့တွင် ယနေ့တိုင်အောင် နေထိုင်ကြ၏။
သင်တို့ အသက်မသေ ရှင်ကျန်နေမည့်အကြောင်း ငါသည် လာ၍ သင်တို့ပြည်ကဲ့သို့ ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ထွက်သောပြည်၊ အစားအစာနှင့် စပျစ်ခြံပေါများသောပြည်၊ သံလွင်ဆီနှင့် ပျားရည်ရှိရာပြည်သို့ သင်တို့ကို ခေါ်ဆောင်သွားမည်။ ဟေဇကိက ထာဝရဘုရားသည် ငါတို့ကိုကယ်နုတ်တော်မူမည်ဟု ဆိုလျက် လှည့်စားသည်ကို မခံကြနှင့်။
အစ္စရေးဘုရင်ပေကာမင်းကြီးလက်ထက်တွင် အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီးသည် စစ်ချီလာ၍ ဣယုန်မြို့၊ အာဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှမြို့၊ ဟာဇော်မြို့၊ ဂိလဒ်ပြည်၊ ဂါလိလဲပြည်နှင့် နဿလိပြည်တစ်ပြည်လုံးကို သိမ်းယူပြီး ပြည်သူပြည်သားတို့ကို အဆီးရီးယားပြည်သို့ ဖမ်းခေါ်သွား၏။