သစ္စာစောင့်သောမြို့သည် ပြည့်တန်ဆာကဲ့သို့ဖြစ်သွားပါသည်တကား။ ယခင်က တရားမျှတမှုနှင့်ပြည့်ဝရာ၊ ဖြောင့်မတ်ခြင်းတည်ရာ မြို့သည် ယခုအခါ လူသတ်သမားတို့နေရာ ဖြစ်သွားပါသည်တကား။
ဟေရှာယ 1:26 - မြန်မာ့စံမီသမ္မာကျမ်း သင်၏တရားသူကြီးတို့ကို ယခင်ကကဲ့သို့၊ သင်၏အကြံပေးသူတို့ကို မူလအစကကဲ့သို့ ပြန်လည်ခန့်ထားမည်။ သို့ပြီးမှ သင်၏မြို့ကို ဖြောင့်မတ်သောမြို့၊ သစ္စာရှိသောမြို့ဟု ခေါ်ဝေါ်ကြမည်”ဟု မိန့်တော်မူ၏။ Common Language Bible ရှေးအခါကဲ့သို့သင့်အားခေါင်းဆောင်များနှင့် အတိုင်ပင်ခံအမတ်များကိုငါပေးမည်။ ထိုအခါယေရုရှလင်မြို့ကိုသူတော်ကောင်းတရားပြည့်ဝသည့်မြို့၊ သစ္စာရှိသည့်မြို့ဟုခေါ်ဝေါ်သမုတ်ကြလိမ့်မည်'' ဟုမိန့်တော်မူပါ၏။ Garrad Bible ရှေး လွန် လေ ပြီး သော အ ခါ ကဲ့ သို့၊ တ ရား မင်း နှင့် မင်း တိုင် ပင် တို့ ကို သင်၌ ငါ ဖြစ် ပြန် စေ ပြီး လျှင်၊ သင့် ကို ဖြောင့် မတ် သော မြို့၊ သ စ္စာ စောင့် သော မြို့ ဟု သ မုတ် ကြ လိမ့် သ တည်း။ Judson Bible သင်၏တရားသူကြီးတို့နှင့် တိုင်ပင်မှူးမတ်တို့ကို ရှေ့ဦးစွာခန့်ထားသည်နည်းတူ၊ တစ်ဖန်ငါခန့်ထားဦးမည်။ ထိုနောက်မှ၊ သင်၏နာမကို တရားသောမြို့၊ သစ္စာစောင့်သောမြို့ဟု သမုတ်ကြလိမ့်မည်။ |
သစ္စာစောင့်သောမြို့သည် ပြည့်တန်ဆာကဲ့သို့ဖြစ်သွားပါသည်တကား။ ယခင်က တရားမျှတမှုနှင့်ပြည့်ဝရာ၊ ဖြောင့်မတ်ခြင်းတည်ရာ မြို့သည် ယခုအခါ လူသတ်သမားတို့နေရာ ဖြစ်သွားပါသည်တကား။
လူများစွာတို့သည်လာကြ၍ “လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်၏ဘုရားသခင့်အိမ်တော်သို့ တက်ကြကုန်စို့။ ကိုယ်တော်သည် မိမိ၏နည်းလမ်းတော်တို့ကို ငါတို့အားသွန်သင်တော်မူ၍ ငါတို့သည် ကိုယ်တော်၏လမ်းတော်၌ လျှောက်လှမ်းကြမည်”ဟု ဆိုကြလိမ့်မည်။ ပညတ်တရားသည် ဇိအုန်တောင်မှ ထွက်ပေါ်လာလိမ့်မည်။ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဂျေရုဆလင်မြို့မှ ထွက်ပေါ်လာလိမ့်မည်။
ထာဝရဘုရားသည် မြင့်မြတ်တော်မူသည်ဖြစ်၍ မြင့်ရာအရပ်၌ကိန်းဝပ်တော်မူ၏။ ဇိအုန်တောင်ကို တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းဖြင့် ပြည့်စေတော်မူ၏။
သင့်ကို ဖြောင့်မတ်ခြင်း၌ တည်စေမည်။ သင်သည် အနိုင်အထက်ပြုသူနှင့်ဝေးသောကြောင့် ကြောက်ရွံ့ရမည်မဟုတ်။ ထိတ်လန့်ခြင်းသည် သင့်ထံသို့ရောက်လာမည်မဟုတ်သောကြောင့် ထိတ်လန့်ရမည်မဟုတ်။
သင့်ကိုနှိပ်စက်ခဲ့သောသူ၏သားတို့သည် သင့်ထံသို့လာ၍ ဦးညွှတ်ကြလိမ့်မည်။ သင့်ကိုမထီလေးစားပြုသောသူအပေါင်းတို့သည် သင်၏ခြေရင်း၌ပျပ်ဝပ်ကြလိမ့်မည်။ သူတို့သည် သင့်ကိုထာဝရဘုရား၏မြို့၊ အစ္စရေးလူမျိုးတို့၏သန့်ရှင်းသောအရှင်၏ဇိအုန်မြို့ဟု ခေါ်ဝေါ်ကြလိမ့်မည်။
သင်၏လူအပေါင်းတို့သည် ဖြောင့်မတ်ကြလိမ့်မည်။ ပြည်တော်ကို အစဉ်အမြဲပိုင်ဆိုင်ကြရလိမ့်မည်။ ငါစိုက်သောအကိုင်း၊ ငါ့လက်ဖြင့်ပြုသောအရာဖြစ်၍ ငါ၏ဘုန်းကိုထင်ရှားစေကြလိမ့်မည်။
အစ္စရေးအမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ဖမ်းခေါ်သွားခြင်းခံရသော သူတို့ကို ငါပြန်ခေါ်လာသောအခါ ယုဒပြည်၊ ယုဒမြို့ရွာတို့တွင် ‘အို ဖြောင့်မတ်ခြင်းတည်ရာ သန့်ရှင်းသောတောင်၊ ထာဝရဘုရားသည် သင့်ကိုကောင်းချီးပေးတော်မူပါစေ’ဟူသော ဤစကားကို တစ်ဖန် ပြောဆိုကြလိမ့်မည်။
ဝမ်းမြောက်ရွှင်မြူးခြင်းအသံ၊ သတို့သားသတို့သမီးအသံ၊ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ မေတ္တာကရုဏာတော်အစဉ်အမြဲတည်သောကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့ဟု ဆိုလျက် ထာဝရဘုရား၏အိမ်တော်သို့ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ယူဆောင်လာသောသူတို့၏အသံကို ကြားရလိမ့်မည်။ အကြောင်းမူကား ဖမ်းခေါ်သွားခြင်းခံရသောပြည်သားတို့ကို ငါပြန်လာစေ၍ ယခင်ကကဲ့သို့ ပြန်လည်နေထိုင်စေမည်’ဟု မိန့်တော်မူ၏။
ဖမ်းခေါ်သွားခြင်းခံရသော ယုဒလူမျိုး၊ အစ္စရေးလူမျိုးတို့ကို ပြန်လာစေမည်။ ယခင်ကကဲ့သို့ ပြန်လည်တည်ဆောက်မည်။
အစ္စရေးပြည်ထဲမှ ဤမြေသည် မင်းသား၏အပိုင်ဖြစ်ရမည်။ ငါ့မင်းသားတို့သည်လည်း ငါ့လူမျိုးတော်ကို နိုင်ထက်စီးနင်းမပြုတော့ဘဲ အစ္စရေးအမျိုးသားတို့အား အမျိုးအနွယ်အလိုက် မြေခွဲဝေပေးရမည်’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
အို ဧဒါမျှော်စင် ဇိအုန်သမီးပျိုနေရာတောင်ကုန်း၊ အုပ်စိုးမှုအာဏာသည် ယခင်ကကဲ့သို့ပင် သင့်ထံပြန်လာလိမ့်မည်။ ဂျေရုဆလင်သမီးပျိုထံသို့ နိုင်ငံတော်ပြန်ရောက်လိမ့်မည်”ဟု မိန့်တော်မူ၏။
ကြွင်းကျန်သောအစ္စရေးလူမျိုးတို့သည် မတရားမှုကိုမပြု၊ လိမ်လည်၍မပြော၊ သူတို့နှုတ်၌ လှည့်စားတတ်သောလျှာလည်း ရှိမည်မဟုတ်။ သူတို့သည် ခြိမ်းခြောက်မည့်သူမရှိဘဲ စားသောက်လျက်၊ လဲလျောင်းလျက် နေရလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
လူအပေါင်းတို့သည် ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြုလျက် တစ်စိတ်တစ်သဘောတည်းဖြင့် ဝတ်ပြုနိုင်ရန် ငါသည် သူတို့အား သန့်ရှင်းသောနှုတ်ကို ပြန်ပေးမည်။
ထာဝရဘုရားက ‘ဇိအုန်မြို့သို့ ငါပြန်လာမည်။ ဂျေရုဆလင်မြို့တွင် ကိန်းဝပ်မည်။ ဂျေရုဆလင်မြို့သည် သစ္စာစောင့်သောမြို့၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏တောင်တော်၊ သန့်ရှင်းသောတောင်တော်ဟူ၍ ခေါ်ဝေါ်ကြလိမ့်မည်’ဟု မိန့်တော်မူ၏။
သူတို့ကို ပြန်ခေါ်လာ၍ ဂျေရုဆလင်မြို့တွင် နေထိုင်စေပြီး သူတို့သည် ငါ၏လူမျိုးတော် ဖြစ်လိမ့်မည်။ ငါသည်လည်း သူတို့အဖို့ သစ္စာစောင့်သော၊ ဖြောင့်မတ်သောဘုရားသခင် ဖြစ်လိမ့်မည်’ဟု မိန့်တော်မူ၏။
(မောရှေသည် ကမ္ဘာမြေပေါ်ရှိလူအားလုံးတို့ထက် စိတ်အနှိမ့်ချဆုံးသူဖြစ်၏။)
ထိုအခါ မောရှေသည် အလွန်အမျက်ထွက်၍ ထာဝရဘုရားအား “ထိုသူတို့၏ဘောဇဉ်ပူဇော်သက္ကာကို လှည့်ကြည့်တော်မမူပါနှင့်။ အကျွန်ုပ်သည် သူတို့ထံမှ မြည်းတစ်ကောင်ကိုမျှ မယူခဲ့ဖူးပါ။ သူတို့ထဲမှတစ်စုံတစ်ယောက်ကိုမျှ အန္တရာယ်မပြုခဲ့ဖူးပါ”ဟု လျှောက်လေ၏။
မစင်ကြယ်သောအရာတစ်စုံတစ်ခုမျှ ထိုမြို့ထဲသို့ဝင်ရလိမ့်မည်မဟုတ်။ ရွံရှာဖွယ်သောအမှုနှင့်လိမ်လည်မှုတို့ကိုပြုကျင့်သောသူသည်လည်း ဝင်ရလိမ့်မည်မဟုတ်။ သိုးသငယ်တော်၏အသက်စာစောင်တွင် စာရင်းဝင်သောသူတို့သာ ဝင်ရကြလိမ့်မည်။