ထာဝရဘုရားက “သင်သည် မေလခိဇေဒက်နှင့်တူသော ထာဝရယဇ်ပုရောဟိတ်ဖြစ်၏”ဟု ကျိန်ဆိုတော်မူသည်ဖြစ်၍ စိတ်တော်ပြောင်းလဲမည်မဟုတ်။
ဟေဗြဲ 7:21 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်မူကား “ ‘သင်သည် ထာဝရယဇ်ပုရောဟိတ်ဖြစ်၏’ဟု ထာဝရဘုရားတိုင်တည်၍မိန့်တော်မူသည်ဖြစ်သောကြောင့် စိတ်တော်ပြောင်းလဲမည်မဟုတ်”ဟူ၍ ကတိသစ္စာပြုလျက် ကိုယ်တော်အားမိန့်တော်မူသောအရှင်အားဖြင့် ယဇ်ပုရောဟိတ်ဖြစ်လာ၏။ Common Language Bible သို့ရာတွင်သခင်ယေရှုအားယဇ်ပုရောဟိတ် အဖြစ် ခန့်ထားတော်မူသောအခါ၌မူကား `` `သင်သည်ထာဝရယဇ်ပုရောဟိတ် ဖြစ်ရလိမ့်မည်' ဟု ထာဝရဘုရားကျိန်ဆိုတော်မူပြီ။ ကိုယ်တော်သည်မိမိ၏စိတ်ကိုပြောင်းလဲ တော်မူလိမ့်မည်မဟုတ်'' ဟူ၍ကိုယ်တော်အားမိန့်မြွက်တော်မူ၏။- Judson Bible ယေရှုမူကား၊ အကျိန်တော်မရှိဘဲ ယဇ်ပုရောဟိတ်အရာကို မရ၊ ထာဝရဘုရားက၊ သင်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်သည်ဟု ကျိန်ဆို၍၊ နောက်တစ်ဖန် စိတ်ပြောင်းလဲခြင်းရှိတော် မမူသည်နှင့်အညီ၊ ယေရှုသည် အကျိန်တော်ကိုခံ၍ ယဇ်ပုရောဟိတ်အရာကို ရသည်အတိုင်း၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်သည် ယေရှုအား ယဇ်ပုရောဟိတ်အဖြစ် ခန့်ထားတော်မူသောအခါ “ ‘သင်သည် ထာဝရယဇ်ပုရောဟိတ်ဖြစ်၏’ ဟု ထာဝရဘုရားသစ္စာပြုတော်မူပြီ။ မိမိစိတ်တော်ကိုလည်း ပြောင်းလဲတော်မူမည်မဟုတ်” ဟူ၍ ကိုယ်တော်အား မိန့်တော်မူ၏။ |
ထာဝရဘုရားက “သင်သည် မေလခိဇေဒက်နှင့်တူသော ထာဝရယဇ်ပုရောဟိတ်ဖြစ်၏”ဟု ကျိန်ဆိုတော်မူသည်ဖြစ်၍ စိတ်တော်ပြောင်းလဲမည်မဟုတ်။
လိမ်လည်ပြောဆိုရအောင် ဘုရားသခင်သည် လူဖြစ်သည်မဟုတ်။ စိတ်ပြောင်းလဲရအောင် လူသားဖြစ်သည်မဟုတ်။ ကိုယ်တော်သည် မိန့်တော်မူပြီးမှ မပြုဘဲနေတော်မူမည်လော။ ကတိထားတော်မူပြီးမှ မတည်ဘဲနေတော်မူမည်လော။
အကြောင်းမူကား ဘုရားသခင်၏ဆုကျေးဇူးများနှင့်ခေါ်ယူတော်မူခြင်းသည် ပြောင်းလဲခြင်းမရှိ။
အခြားကျမ်းချက်တွင်လည်း “သင်သည် မေလခိဇေဒက်နှင့်အလားတူသော ထာဝရယဇ်ပုရောဟိတ်ဖြစ်၏”ဟု မိန့်တော်မူသည့်အတိုင်းဖြစ်၏။
အကြောင်းမူကား “သင်သည် မေလခိဇေဒက်နှင့်အလားတူသော ထာဝရယဇ်ပုရောဟိတ်ဖြစ်၏”ဟု သက်သေခံထား၏။
ထိုမျှမက ဤအမှုအရာသည် ကတိသစ္စာပြုခြင်းမပါဘဲဖြစ်လာသည်မဟုတ်။ အကြောင်းမူကား အခြားသောယဇ်ပုရောဟိတ်တို့သည် ကတိသစ္စာပြုခြင်းမပါဘဲ ယဇ်ပုရောဟိတ်များဖြစ်လာကြ၏။
အခြားသောယဇ်ပုရောဟိတ်တို့သည် သေခြင်းတရားကြောင့် တာဝန်ကိုဆက်လက်၍မထမ်းဆောင်နိုင်ကြသဖြင့် များစွာသောသူတို့သည် ယဇ်ပုရောဟိတ်ဖြစ်လာကြ၏။
ပညတ်တရားသည် အားနည်းသောလူသားတို့ကို ယဇ်ပုရောဟိတ်မင်းအရာ၌ခန့်ထား၏။ သို့သော် ပညတ်တရားနောက်၌လာသော ကတိသစ္စာစကားသည် ကာလအစဉ်အဆက်ပြည့်စုံတော်မူသောသားတော်ကို ခန့်ထား၏။
အစ္စရေးလူမျိုးတို့၏ဘုန်းပိုင်ရှင်သည် မုသားမမြွက်ဆို၊ စိတ်တော်လည်း ပြောင်းလဲမည်မဟုတ်။ စိတ်တော်ပြောင်းလဲရအောင် လူဖြစ်သည်မဟုတ်”ဟု သူ့အား ဆို၏။