ထိုအခါ ထာဝရဘုရားသည် မြေကြီးပေါ်တွင် လူကိုဖန်ဆင်းခဲ့သည်ကို ဝမ်းနည်း၍ စိတ်နှလုံးထိခိုက်တော်မူ၏။
ဟေဗြဲ 3:10 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ထိုမျိုးဆက်ကို ငါအမျက်ထွက်ပြီး ‘သူတို့သည် စိတ်နှလုံးထဲ၌ အစဉ်လမ်းလွဲ၍ ငါ၏လမ်းကို မသိကြ’ဟု ငါဆို၏။ Common Language Bible သို့ဖြစ်၍ငါသည်သူတို့အားအမျက်ထွက် သြဖင့် `သူတို့သည်အစဉ်သစ္စာဖောက်ကြ၏။ ငါ၏အမိန့်တော်များကိုမလိုက်နာကြ' ဟု ငါဆို၏။ Judson Bible ထိုလူမျိုးကို ငါရွံသည်ဖြစ်၍၊ သူတို့သည် အစဉ်စိတ်သဘော မှားယွင်းတတ်ကြ၏။ ငါ၏ အလေ့အလာတို့ကို နားမလည်ကြဟု ငါဆိုရ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်၍ ထိုမျိုးဆက်ကို စိတ်ဆိုးလျက် ‘သူတို့သည် အစဉ်လမ်းလွဲ၍ ငါ၏ လမ်းစဉ်ကို မသိကြ’ ဟု ငါဆို၏။ |
ထိုအခါ ထာဝရဘုရားသည် မြေကြီးပေါ်တွင် လူကိုဖန်ဆင်းခဲ့သည်ကို ဝမ်းနည်း၍ စိတ်နှလုံးထိခိုက်တော်မူ၏။
ကိုယ်တော်သည် မည်သည့် လူမျိုးခြား၌မျှ ဤကဲ့သို့ပြုတော်မမူခဲ့ပေ။ ထိုလူမျိုးခြားတို့သည် ကိုယ်တော်၏ စီရင်ထုံးဖွဲ့ချက်တို့ကို မသိကြပေ။ ဟာလေလုယ။
ထိုသို့သောအားဖြင့် ကိုယ်တော်၏လမ်းသည် မြေကြီးပေါ်၌လည်းကောင်း၊ ကိုယ်တော်၏ကယ်တင်ခြင်းသည် လူမျိုးအပေါင်းတို့အလယ်၌လည်းကောင်း ထင်ရှားပါစေသော။
သူတို့သည် တောကန္တာရ၌ ဘယ်နှကြိမ်ဘယ်နှခါမျှ ကိုယ်တော်ကိုပုန်ကန်ကြပြီး ကန္တာရမြေ၌ ကိုယ်တော်ကိုစိတ်ထိခိုက်စေခဲ့ကြသနည်း။
ထိုသို့အားဖြင့် သူတို့သည် သူတို့၏ဘိုးဘေးများကဲ့သို့ ဖြစ်ကြတော့မည်မဟုတ်။ ထိုဘိုးဘေးတို့သည် ခေါင်းမာ၍ ပုန်ကန်တတ်သည့်မျိုးဆက်၊ သူတို့၏စိတ်နှလုံးတည်ကြည်ခြင်းမရှိသကဲ့သို့ သူတို့၏ဝိညာဉ်သည်လည်း ဘုရားသခင်အပေါ် သစ္စာမရှိသောမျိုးဆက်ဖြစ်ကြ၏။
ငါသည် အနှစ်လေးဆယ်အတွင်း ထိုမျိုးဆက်ကိုစက်ဆုပ်၍ “သူတို့သည် စိတ်သဘောမှားယွင်းသောလူမျိုးဖြစ်ကြ၏။ ငါ၏လမ်းတို့ကိုလည်း မသိကြ”ဟု ဆို၏။
ဤသူတို့သည် စပျစ်ဝိုင်ကြောင့် ယိမ်းထိုး၍ သေရည်သေရက်ကြောင့် ဒယီးဒယိုင်ဖြစ်ကြပြီ။ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များသည် သေရည်သေရက်ကြောင့် ယိမ်းထိုး၍ စပျစ်ဝိုင်ကြောင့်အာရုံထွေပြားကြပြီ။ သေရည်သေရက်ကြောင့် လမ်းလွဲ၍ စိတ်အာရုံကို လွဲမှားစွာမြင်ကြပြီ။ ဆုံးဖြတ်ချက်ချရာတွင်လည်း အလွဲလွဲအချော်ချော်ဖြစ်ကြပြီ။
သို့သော် သူတို့သည်ပုန်ကန်ခြင်းဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကို ဝမ်းနည်းစေခဲ့သောကြောင့် ကိုယ်တော်သည် သူတို့၏ရန်သူဖြစ်သွား၍ သူတို့ကိုတိုက်ခိုက်တော်မူ၏။
“ငါ့လူမျိုးတော်တို့သည် ဆိုးမိုက်သောသူများဖြစ်ကြ၏။ ငါ့ကိုမသိကြ။ မိုက်မဲသောသားသမီးများဖြစ်ကြ၏။ အသိဉာဏ်မရှိကြ။ ဆိုးညစ်သောအမှုကိုပြုရာ၌ ကျွမ်းကျင်၍ ကောင်းသောအမှုကိုမပြုကြ။”
ငါ့လူမျိုးတော်သည် သစ်သားရုပ်တုကို မေးမြန်းတတ်၏။ တောင်ဝှေးသည်လည်း သူတို့ကို ပြောပြတတ်၏။ ပြည့်တန်ဆာပြုလိုစိတ်ကြောင့် လမ်းလွဲ၍ ဘုရားသခင်ကိုစွန့်ပယ်ကာ ပြည့်တန်ဆာလုပ်ကြ၏။
တပည့်တော်ဆယ်ပါးတို့သည် ဤအကြောင်းကိုကြားသိလျှင် ထိုညီအစ်ကိုနှစ်ဦးတို့ကို စိတ်ဆိုးကြ၏။
ထိုအခါ ကိုယ်တော်သည် အမျက်တော်ဖြင့် ပတ်ပတ်လည်သို့ကြည့်ရှုတော်မူပြီး သူတို့၏စိတ်နှလုံးမာကျောမှုအတွက် အလွန်ဝမ်းနည်း၍ လက်တစ်ဖက်သေသောသူအား“သင်၏လက်ကိုဆန့်လော့”ဟု မိန့်တော်မူ၏။ သူသည်လည်း လက်ကိုဆန့်လိုက်ရာ သူ၏လက်သည် အကောင်းပကတိဖြစ်လေ၏။
ထိုမှတစ်ပါး သူတို့သည် ဘုရားသခင်ကိုမသိမမှတ်လိုသောကြောင့် ဘုရားသခင်သည် သူတို့ကို ယုတ်ညံ့သောစိတ်ထံသို့ အပ်လိုက်တော်မူသဖြင့် သူတို့သည် မပြုအပ်သောအရာများကို ပြုကြကုန်၏။
သို့သော် ငါ၏လိမ်လည်ခြင်းအားဖြင့် ဘုရားသခင်၏သမ္မာတရားသည် ကိုယ်တော်၏ဘုန်းအသရေတော်အဖြစ်သို့ တိုးပွားလျှင် ငါသည် အဘယ်ကြောင့် အပြစ်သားတစ်ဦးအဖြစ် စီရင်ခြင်းကိုခံရသေးသနည်း။
ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ကို ဝမ်းမနည်းစေကြနှင့်။ သင်တို့သည် ရွေးနုတ်ခြင်းနေ့ရက်အတွက် ထိုဝိညာဉ်တော်ဖြင့် တံဆိပ်ခတ်နှိပ်ခြင်းကိုခံရကြ၏။
ညီအစ်ကိုတို့၊ သင်တို့တွင် မယုံကြည်တတ်သောဆိုးညစ်သည့်စိတ်နှလုံးရှိသဖြင့် အသက်ရှင်သောဘုရားသခင်ထံတော်မှ ထွက်ခွာသွားမည့်သူတစ်စုံတစ်ဦးမျှမရှိစေရန် သတိပြုကြလော့။
ထို့နောက် သူတို့သည် တိုင်းတစ်ပါးသားဘုရားများကို သူတို့ထံမှ ဖယ်ရှားပြီး ထာဝရဘုရားကိုသာ ဝတ်ပြုကြ၏။ အစ္စရေးလူမျိုးတို့ ကြုံတွေ့ရသော အခက်အခဲပြဿနာများကြောင့် ကိုယ်တော်သည် သူတို့ကို သနားတော်မူ၏။