ဟေဗြဲ 3:10 - Common Language Bible10 သို့ဖြစ်၍ငါသည်သူတို့အားအမျက်ထွက် သြဖင့် `သူတို့သည်အစဉ်သစ္စာဖောက်ကြ၏။ ငါ၏အမိန့်တော်များကိုမလိုက်နာကြ' ဟု ငါဆို၏။ အခန်းကိုကြည့်ပါ။Judson Bible10 ထိုလူမျိုးကို ငါရွံသည်ဖြစ်၍၊ သူတို့သည် အစဉ်စိတ်သဘော မှားယွင်းတတ်ကြ၏။ ငါ၏ အလေ့အလာတို့ကို နားမလည်ကြဟု ငါဆိုရ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 သို့ဖြစ်၍ ထိုမျိုးဆက်ကို ငါအမျက်ထွက်ပြီး ‘သူတို့သည် စိတ်နှလုံးထဲ၌ အစဉ်လမ်းလွဲ၍ ငါ၏လမ်းကို မသိကြ’ဟု ငါဆို၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း10 သို့ဖြစ်၍ ထိုမျိုးဆက်ကို စိတ်ဆိုးလျက် ‘သူတို့သည် အစဉ်လမ်းလွဲ၍ ငါ၏ လမ်းစဉ်ကို မသိကြ’ ဟု ငါဆို၏။ အခန်းကိုကြည့်ပါ။ |
ပရောဖက်များနှင့်ယဇ်ပုရောဟိတ်များပင် လျှင် သေသောက်ကြူးကြသဖြင့်ယိမ်းထိုး၍ နေကြ၏။ သူတို့သည်စပျစ်ရည်နှင့်သေရည် အသောက်လွန်သဖြင့် ဂယောင်ချောက်ချားဖြစ် ကာခြေချော်၍လဲကြ၏။ ပရောဖက်တို့သည် မူးယစ်လျက်နေရကား ဘုရားသခင်ပြ တော်မူသောဗျာဒိတ်ရူပါရုံများ၏အနက် အဋ္ဌိပ္ပါယ်ကိုနားမလည်ကြ။ ယဇ်ပုရောဟိတ် တို့သည်လည်း မိမိတို့ထံသို့ရောက်ရှိလာ သည့်အမှုများကိုစီရင်ဆုံးဖြတ်ရန် မတတ်ကြ။-
ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ကိုစိတ် မနာစေနှင့်၊ အဘယ်ကြောင့်ဆိုသော်ဝိညာဉ်တော် သည် သင်တို့အားဘုရားသခင်ပိုင်တော်မူကြောင်း သက်သေခံတံဆိပ်အမှတ်အသားဖြစ်၍ နောက်ဆုံး သောနေ့ရက်၌သင်တို့သည်ကိုယ်တော်၏ကယ်တင် ခြင်းကိုခံရလိမ့်မည်ဖြစ်ကြောင်းအာမခံချက် ဖြစ်သောကြောင့်တည်း။-