တစ်ဖန် ထာဝရဘုရားသည် မံရေဝက်သစ်ချပင်များအနီး၌ အာဗြဟံအား ကိုယ်ထင်ရှားပြတော်မူ၏။ နေရှိန်ပြင်းသောအချိန်တွင် အာဗြဟံသည် တဲအဝင်ဝ၌ ထိုင်လျက်နေ၏။
ဟေဗြဲ 13:2 - မြန်မာ့စံမီသမ္မာကျမ်း ဧည့်ဝတ်ပြုခြင်းကို မမေ့လျော့ကြနှင့်။ အကြောင်းမူကား အချို့တို့သည် ထိုဝတ်ကိုပြုခြင်းအားဖြင့် ကောင်းကင်တမန်များကို အမှတ်မထင်ဧည့်ခံခဲ့ကြ၏။ Common Language Bible ဧည့်သည်ဝတ်ကိုပြုရန်မမေ့ကြနှင့်။ ယင်း သို့ဧည့်ဝတ်ကိုပြုသောသူအချို့တို့သည် ကောင်းကင်တမန်များကိုအမှတ်မထင် ဧည့်ခံခဲ့ကြပေသည်။- Judson Bible အချို့သောသူတို့သည် ဧည့်သည်ဝတ်ကို ပြုသည်တွင်၊ ကောင်းကင်တမန်တို့ကို အမှတ်တမဲ့ ဧည့်ခံကြပြီ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူစိမ်းတို့အား ဧည့်ဝတ်ပြုရန် မမေ့လျော့နှင့်။ ထိုသို့ပြုသောသူ တချို့သည် မသိမှတ်ဘဲ ကောင်းကင်တမန်များကိုပင် ဧည့်ခံခဲ့ကြပြီ။ |
တစ်ဖန် ထာဝရဘုရားသည် မံရေဝက်သစ်ချပင်များအနီး၌ အာဗြဟံအား ကိုယ်ထင်ရှားပြတော်မူ၏။ နေရှိန်ပြင်းသောအချိန်တွင် အာဗြဟံသည် တဲအဝင်ဝ၌ ထိုင်လျက်နေ၏။
ကောင်းကင်တမန်နှစ်ပါးတို့သည် နေဝင်ချိန်၌ သောဒုံမြို့သို့ရောက်လာကြ၏။ ထိုအခါ လောတသည် သောဒုံမြို့တံခါးဝ၌ ထိုင်လျက်နေ၏။ လောတသည် သူတို့ကိုမြင်သော် ကြိုဆိုရန်ထသွား၍ မြေမှာပျပ်ဝပ်ပြီးလျှင်
တစ်နေ့တွင် ဧလိရှဲသည် ရှုနင်မြို့သို့သွားရာ ထိုမြို့ရှိထင်ပေါ်သောအမျိုးသမီးတစ်ဦးက သူ့အား ဧည့်ခံကျွေးမွေးရန် ခေါ်ဖိတ်လေ၏။ နောင်တွင်လည်း ဧလိရှဲသည် ထိုမြို့သို့ရောက်လျှင် ထိုအမျိုးသမီးအိမ်သို့ဝင်၍ ရပ်နားစားသောက်လေ့ရှိ၏။
ဝတ်စရာမရှိ၊ ခြုံစရာမရှိသဖြင့် ဘဝပျက်နေရသည့်နွမ်းပါးသူတစ်စုံတစ်ဦးကို မြင်ရသောအခါ
ခရီးသွားဧည့်သည်တို့ လမ်းပေါ်တွင် မအိပ်ရအောင် ခရီးသည်အဖို့ ငါ့အိမ်တံခါးကို ဖွင့်ထားလျက်ရှိ၏။
ဆာလောင်မွတ်သိပ်သောသူတို့ကို စားစရာဝေပေးခြင်း၊ အိုးမဲ့အိမ်မဲ့ဆင်းရဲသားများကို အိမ်သို့ခေါ်လာခြင်း၊ အဝတ်မရှိသောသူကိုမြင်လျှင် ဝတ်ပေးခြင်း၊ မိမိသွေးသားချင်းကို လျစ်လျူမရှုခြင်းပင် မဟုတ်လော။
သင်တို့သည် အီဂျစ်ပြည်၌ တိုင်းတစ်ပါးသားဖြစ်ခဲ့ဖူးသည်ဖြစ်၍ သင်တို့ထံ၌တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားကို ကိုယ့်အမျိုးသားချင်းကဲ့သို့ မှတ်ရမည်။ သူ့ကို ကိုယ်နှင့်အမျှချစ်ရမည်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
အကြောင်းမူကား ငါသည် ဆာလောင်သောအခါ သင်တို့သည် ငါ့ကိုစားစရာပေးကြ၏။ ငါသည် ရေငတ်သောအခါ သင်တို့သည် ငါ့ကိုသောက်စရာပေးကြ၏။ ငါသည် သူစိမ်းဧည့်သည်ဖြစ်သောအခါ သင်တို့သည် ငါ့ကိုကြိုဆိုလက်ခံကြ၏။
မင်းကြီးကလည်း ‘သင်တို့အား ငါအမှန်ဆိုမည်။ ငါ၏ဤညီအစ်ကိုတို့တွင် အငယ်ဆုံးသောသူတို့ထဲမှ တစ်ဦးတစ်ယောက်အား သင်တို့ပြုခဲ့သမျှသည် ငါ့ကိုပြုခဲ့ခြင်းဖြစ်၏’ဟု ပြန်၍မိန့်တော်မူလိမ့်မည်။
ငါသည် သူစိမ်းဧည့်သည်ဖြစ်သောအခါ သင်တို့သည် ငါ့ကိုကြိုဆိုလက်ခံခြင်းမရှိကြ။ ငါသည် အဝတ်မပါအချည်းစည်းဖြစ်သောအခါ သင်တို့သည် ငါ့ကိုဝတ်စရာမပေးကြ။ ငါသည် နာမကျန်းဖြစ်သောအခါနှင့် ထောင်ကျသောအခါတွင်လည်း သင်တို့သည် ငါ့ကိုမကြည့်ရှုကြ’ဟု မိန့်တော်မူလိမ့်မည်။
သူသည် မိမိအိမ်သူအိမ်သားများနှင့်အတူ ဗတ္တိဇံခံပြီးသောအခါ “ကျွန်မသည် သခင်ဘုရားကိုယုံကြည်သူဖြစ်သည်ဟု သင်တို့ယူဆလျှင် ကျွန်မအိမ်သို့ လာရောက်တည်းခိုကြပါ”ဟု တောင်းပန်လျက် ငါတို့ကိုမရအရဖိတ်ခေါ်လေ၏။
သန့်ရှင်းသူတို့၏လိုအပ်ချက်များကို ပါဝင်ဖြည့်ဆည်းလျက် ဧည့်ဝတ်ကို ကြိုးစားပြုကြလော့။
ငါမှစ၍ အသင်းတော်တစ်ခုလုံးကိုလက်ခံသောအိမ်ရှင်ဂါယုသည် သင်တို့ကိုနှုတ်ဆက်၏။ မြို့တော်ဘဏ္ဍာထိန်းဧရတ္တုနှင့် ငါတို့၏ညီအစ်ကိုကွာတုတို့သည် သင်တို့ကိုနှုတ်ဆက်ကြ၏။
ထို့ကြောင့် ကြီးကြပ်သူသည် အပြစ်တင်စရာမရှိသောသူ၊ မယားတစ်ဦးတည်းရှိသောသူ၊ သမ္မာသတိရှိသောသူ၊ ဣန္ဒြေစောင့်သောသူ၊ လျောက်ပတ်စွာပြုမူသောသူ၊ ဧည့်ဝတ်ကျေပွန်သောသူ၊ သင်ကြားပေးနိုင်စွမ်းရှိသောသူဖြစ်ရမည်။
သားသမီးများကိုပြုစုစောင့်ရှောက်ခြင်း၊ ဧည့်ဝတ်ကျေပွန်ခြင်း၊ သန့်ရှင်းသူတို့၏ခြေကိုဆေးခြင်း၊ ဆင်းရဲဒုက္ခခံရသူများကိုကူညီစောင့်ရှောက်ခြင်း၊ ကောင်းသောအမှုရှိသမျှတို့ကိုပါဝင်လုပ်ဆောင်ခြင်း စသည့်ကောင်းသောအမှုများကြောင့် ချီးကျူးခံရသူဖြစ်ရမည်။
ဧည့်ဝတ်ကျေပွန်သောသူ၊ ကောင်းမြတ်သောအရာကိုနှစ်သက်သောသူ၊ ဣန္ဒြေစောင့်သောသူ၊ ဖြောင့်မတ်သောသူ၊ သန့်ရှင်းသောသူ၊ မိမိကိုယ်ကိုချုပ်တည်းနိုင်သောသူဖြစ်ရမည်။
ချစ်ရသောသူ၊ သင်သည် ညီအစ်ကိုများအပေါ် အထူးသဖြင့် သူစိမ်းဧည့်သည်များအပေါ် ပြုသမျှသောဝတ်ကို သစ္စာရှိစွာပြုတတ်၏။