ငါသည် သူ၏အဖဖြစ်မည်။ သူသည်လည်း ငါ့သားဖြစ်မည်။ သူအမှားပြုမိလျှင် သူ့ကို လူသုံးကြိမ်လုံးနှင့် ဆုံးမမည်။ လူတို့ ရိုက်တတ်သကဲ့သို့ သူ့ကို ရိုက်မည်။
ဟေဗြဲ 12:6 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမပဲ့ပြင်တတ်၏။ လက်ခံတော်မူသမျှသောသားတို့ကို ဒဏ်ခတ်ရိုက်နှက်တတ်၏”ဟု သားကိုမိန့်တော်မူသကဲ့သို့ သင်တို့အားမိန့်တော်မူသော တိုက်တွန်းအားပေးစကားကို သင်တို့မေ့လျော့ကြပြီ။ Common Language Bible အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် မိမိ ချစ်တော်မူသောသူကိုဆုံးမတော်မူတတ်၍ သားအဖြစ်လက်ခံတော်မူသောသူကို ဒဏ်ပေးတော်မူတတ်သောကြောင့်ဖြစ်၏'' ဟုသင်တို့အားသားများအနေဖြင့်အား ပေးတိုက်တွန်းထားသည်ကိုသင်တို့မေ့ လျော့သွားကြလေပြီလော။- Judson Bible ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ လက်ခံတော်မူသမျှသော သားတို့ကို ဒဏ်ခတ်တော်မူတတ်၏ဟု သူငယ်တို့ကို ဆိုသကဲ့သို့၊ သင်တို့ကို ပြောဆိုသော ဩဝါဒစကားကို မေ့လျော့ကြသလော။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ သားအဖြစ် လက်ခံတော်မူသောသူကို ဒဏ်ပေးတော်မူတတ်၏” ဟု မိန့်တော်မူ၏။ |
ငါသည် သူ၏အဖဖြစ်မည်။ သူသည်လည်း ငါ့သားဖြစ်မည်။ သူအမှားပြုမိလျှင် သူ့ကို လူသုံးကြိမ်လုံးနှင့် ဆုံးမမည်။ လူတို့ ရိုက်တတ်သကဲ့သို့ သူ့ကို ရိုက်မည်။
ဒုက္ခဝေဒနာခံစားရခြင်းသည် အကျွန်ုပ်အတွက် ကောင်းပါ၏။ သို့မှ ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို အကျွန်ုပ်သင်ယူနိုင်မည်။
အို ထာဝရဘုရား၊ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့သည် ဖြောင့်မတ်ကြောင်းကိုလည်းကောင်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို သစ္စာတော်နှင့်အညီ ဒုက္ခဝေဒနာခံစားစေတော်မူကြောင်းကိုလည်းကောင်း အကျွန်ုပ်သိပါ၏။
အို ထာဝရဘုရား၊ ဆိုးယုတ်သောသူတို့အတွက် တွင်းတူးစဉ်အခါ ဒုက္ခရောက်သောနေ့ရက်များမှလွတ်ငြိမ်းစေရန် ကိုယ်တော်ပဲ့ပြင်သောသူ၊ ကိုယ်တော်၏တရားတော်ကို ကိုယ်တော်သင်ကြားပေးသောသူသည် မင်္ဂလာရှိပါ၏။
ကြိမ်လုံးကိုမသုံးသောသူသည် မိမိသားကိုမုန်းသောသူဖြစ်၏။ သားကိုချစ်သောသူမူကား သူ့ကိုကြိုးစား၍ဆုံးမပဲ့ပြင်တတ်၏။
ငါ့သား၊ ထာဝရဘုရား၏ဆုံးမပဲ့ပြင်တော်မူခြင်းကို အလေးမထားဘဲမနေနှင့်။ ကိုယ်တော်၏ဆိုဆုံးမခြင်းကိုခံရသောအခါ၌လည်း စိတ်မပျက်နှင့်။
အကြောင်းမူကား ဖခင်သည် နှစ်သက်သောသားကို ဆုံးမတတ်သကဲ့သို့ ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူ၏။
ဤနည်းဖြင့် ကိုယ်တော်သည် ယာကုပ်အမျိုး၏အပြစ်ကို ဖြေလွှတ်တော်မူ၏။ ယဇ်ပလ္လင်ကျောက်ရှိသမျှတို့ကို ထုံးကျောက်ကဲ့သို့ အစိတ်စိတ်အမွှာမွှာကျိုးပဲ့စေ၍ အာရှရနတ်ဘုရားမတံခွန်တိုင်များ၊ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်များကို ဖြိုလှဲခြင်းသည် သူ၏အပြစ်ကိုဖယ်ရှားသည့်အကြောင်းရင်း ဖြစ်၏။
အို ထာဝရဘုရား၊ အကျွန်ုပ်ကိုပဲ့ပြင်တော်မူသောအခါ အမျက်တော်ဖြင့်မဟုတ်ဘဲ တရားမျှတမှုဖြင့် ပဲ့ပြင်တော်မူပါ။ သို့မဟုတ်လျှင် အကျွန်ုပ်အကျိုးနည်းရပါလိမ့်မည်။
ဖခင်သည် သားကိုဆုံးမသကဲ့သို့ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကိုဆုံးမတော်မူကြောင်း သင်၏စိတ်နှလုံးထဲ၌ သိမှတ်ရမည်။
စုံစမ်းနှောင့်ယှက်ခြင်းကိုသည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား စုံစမ်းစစ်ဆေးခြင်းကိုအောင်မြင်သောအခါ ကိုယ်တော်ကိုချစ်သောသူတို့အား ကတိထားတော်မူသော အသက်သရဖူကို ရလိမ့်မည်။
သည်းခံသောသူတို့သည် မင်္ဂလာရှိ၏ဟု ငါတို့ယူဆကြ၏။ ယောဘ၏သည်းခံခြင်းကို သင်တို့ကြားရကြပြီ။ နောက်ဆုံးတွင် ထာဝရဘုရားပြုတော်မူသောအမှုအားဖြင့် ကိုယ်တော်သည် အလွန်ကြင်နာတတ်၍ ကရုဏာနှင့်ပြည့်စုံတော်မူသောအရှင်ဖြစ်ကြောင်းကိုလည်း သင်တို့တွေ့မြင်ရကြ၏။
ငါသည် ငါချစ်သမျှသောသူတို့၏အပြစ်ကိုဖော်ပြ၍ ဆုံးမပဲ့ပြင်တတ်၏။ ထို့ကြောင့် စိတ်အားထက်သန်ခြင်းရှိ၍ နောင်တရလော့။
နောမိ၏ခင်ပွန်း ဧလိမလက် သေဆုံးသွားသဖြင့် သူသည် သားနှစ်ယောက်နှင့် ကျန်ရစ်ခဲ့၏။