ဟေဗြဲ 12:6 - Common Language Bible6 အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် မိမိ ချစ်တော်မူသောသူကိုဆုံးမတော်မူတတ်၍ သားအဖြစ်လက်ခံတော်မူသောသူကို ဒဏ်ပေးတော်မူတတ်သောကြောင့်ဖြစ်၏'' ဟုသင်တို့အားသားများအနေဖြင့်အား ပေးတိုက်တွန်းထားသည်ကိုသင်တို့မေ့ လျော့သွားကြလေပြီလော။- အခန်းကိုကြည့်ပါ။Judson Bible6 ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ လက်ခံတော်မူသမျှသော သားတို့ကို ဒဏ်ခတ်တော်မူတတ်၏ဟု သူငယ်တို့ကို ဆိုသကဲ့သို့၊ သင်တို့ကို ပြောဆိုသော ဩဝါဒစကားကို မေ့လျော့ကြသလော။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 အကြောင်းမူကား ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမပဲ့ပြင်တတ်၏။ လက်ခံတော်မူသမျှသောသားတို့ကို ဒဏ်ခတ်ရိုက်နှက်တတ်၏”ဟု သားကိုမိန့်တော်မူသကဲ့သို့ သင်တို့အားမိန့်တော်မူသော တိုက်တွန်းအားပေးစကားကို သင်တို့မေ့လျော့ကြပြီ။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း6 အဘယ်ကြောင့်ဆိုသော် ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ သားအဖြစ် လက်ခံတော်မူသောသူကို ဒဏ်ပေးတော်မူတတ်၏” ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ရုပ်တုကိုးကွယ်ရာယဇ်ပလ္လင်ကျောက်ရှိသမျှ သည် မြေဖြူကျောက်ကဲ့သို့ထုထောင်းချေမှုန်း ခြင်းကိုခံရ၍ အာရှရတံခွန်တိုင်များနှင့် နံ့သာပေါင်းကိုမီးရှို့ရာပလ္လင်များမကျန် မရှိတော့သည့်အချိန်ကာလမကျရောက် မီ ဣသရေလအမျိုးသားများသည် မိမိတို့ ၏အပြစ်များမှဖြေလွှတ်ဖယ်ရှားလိမ့်မည် မဟုတ်။
အို ထာဝရဘုရား၊ကိုယ်တော်၏လူမျိုးတော် အား ဆုံးမပဲ့ပြင်တော်မူပါ။ သို့ရာတွင်ကျွန်တော်မျိုးတို့အပေါ်တွင် တရားမျှတစွာပြုတော်မူပါ။ ကိုယ်တော်ရှင်အမျက်ထွက်တော်မူချိန်၌ ကျွန်တော်မျိုးတို့အားပြင်းထန်စွာဆုံးမ ပဲ့ပြင်တော်မူ ပါလျှင်ကျွန်တော်မျိုးတို့အကျိုးနည်းရ ပါလိမ့်မည်။
သူတို့သည်ခံနိုင်ရည်ရှိသူများဖြစ်သဖြင့် သူတို့အားမင်္ဂလာရှိသူများဟူ၍ငါတို့ ခေါ်ကြ၏။ ယောဘမည်သို့ခံနိုင်ရည်ရှိသည် ကိုသင်တို့ကြားသိခဲ့ကြလေပြီ။ နောက်ဆုံး၌ သူ့အားထာဝရဘုရားအဘယ်သို့ကြည့်ရှု တော်မူကြောင်းကိုလည်းသင်တို့သိကြ၏။ အဘယ်ကြောင့်ဆိုသော်ထာဝရဘုရား သည် သနားကြင်နာတော်မူ၍ကရုဏာ တော်နှင့်ပြည့်စုံတော်မူသောအရှင်ဖြစ် တော်မူသောကြောင့်တည်း။