ဖြောင့်မတ်သောသူ၏အနည်းငယ်သောဥစ္စာသည် ဆိုးယုတ်သောသူတို့၏များစွာသော စည်းစိမ်ဘဏ္ဍာထက် ပို၍ကောင်း၏။
ဟေဗြဲ 11:26 - မြန်မာ့စံမီသမ္မာကျမ်း သူသည် အကျိုးကျေးဇူးကို ရှေးရှုမျှော်မှန်းလျက်နေသောကြောင့် ခရစ်တော်အတွက်ကဲ့ရဲ့ပြစ်တင်ခြင်းခံရသည်ကို အီဂျစ်ပြည်၏ဥစ္စာဘဏ္ဍာများထက် ပို၍မြတ်သောစည်းစိမ်ဖြစ်သည်ဟု မှတ်ယူလေ၏။ Common Language Bible မေရှိယအရှင်၏အတွက်ခံရသောကဲ့ရဲ့ခြင်း သည် အီဂျစ်ပြည်၏စည်းစိမ်ချမ်းသာရှိသမျှ တို့ထက်ပို၍တန်ဖိုးရှိသည်ဟုယူဆ၏။ အဘယ် ကြောင့်ဆိုသော်သူသည်အနာဂတ်ကာလတွင် ရရှိမည့်အကျိုးကို အာရုံစူးစိုက်လျက်နေ သောကြောင့်ဖြစ်ပေသည်။ Garrad Bible အ ကျိုး ဆက် ကို ထောက် မျှော် ၍ ခ ရစ် တော့် အ တွက် ခံ ရ သော ကဲ့ ရဲ့ ခြင်း သည် အိ ဂျစ် ပြည် ရှိ ဘ ဏ္ဍာ ထက် ကြီး မြတ် သော စီး ပွား ဟု မှတ် ယူ လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည် အနာဂတ်တွင် ရမည့် ဆုလာဘ်ကို မျှော်ကိုးသောကြောင့် အီဂျစ်ပြည်၏ စည်းစိမ်ထက် ခရစ်တော်အတွက် ဆင်းရဲဒုက္ခခံခြင်းသည် ပို၍ မြတ်သည်ဟု မှတ်ယူလေ၏။ |
ဖြောင့်မတ်သောသူ၏အနည်းငယ်သောဥစ္စာသည် ဆိုးယုတ်သောသူတို့၏များစွာသော စည်းစိမ်ဘဏ္ဍာထက် ပို၍ကောင်း၏။
ကဲ့ရဲ့ပြစ်တင်ခြင်းသည် အကျွန်ုပ်၏စိတ်နှလုံးကိုကျိုးပဲ့စေ၍ အကျွန်ုပ်သည် အလွန်စိတ်ပျက်အားငယ်လျက်ရှိပါ၏။ အကျွန်ုပ်သည် စာနာထောက်ထားမည့်သူကို စောင့်မျှော်သော်လည်း မရှိခဲ့ပါ။ နှစ်သိမ့်ပေးမည့်သူများကိုရှာသော်လည်း မတွေ့ခဲ့ပါ။
အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်အတွက် ကဲ့ရဲ့ပြစ်တင်ခြင်းကိုခံရပါ၏။ အသရေပျက်ခြင်းသည် အကျွန်ုပ်၏မျက်နှာကို ဖုံးလွှမ်းပါပြီ။
ဆိုးယုတ်သောသူသည် လှည့်ဖြားသောအဖိုးအခကိုရတတ်၏။ ဖြောင့်မတ်ခြင်းမျိုးစေ့ကိုကြဲသောသူမူကား မှန်ကန်သောအကျိုးကိုရတတ်၏။
သို့ပြုလျှင် သင့်အတွက် အနာဂတ် မုချရှိလိမ့်မည်။ သင်၏မျှော်လင့်ခြင်းသည်လည်း ဖျက်ဆီးခြင်းခံရလိမ့်မည်မဟုတ်။
ဖြောင့်မတ်ခြင်းကိုသိ၍ ငါ၏ပညတ်တရားကို နှလုံးသွင်းသောသူတို့၊ ငါ့စကားကိုနားထောင်ကြလော့။ လူတို့၏ကဲ့ရဲ့ပြစ်တင်ခြင်းကို မကြောက်ကြနှင့်။ သူတို့၏ကဲ့ရဲ့စော်ကားခြင်းကို မလန့်ကြနှင့်။
ပရောဖက်ဟူသောအမည်နာမကိုထောက်၍ ပရောဖက်ကို လက်ခံသောသူသည် ပရောဖက်နှင့်ဆိုင်သောအကျိုးကျေးဇူးကို ရရှိလိမ့်မည်။ ဖြောင့်မတ်သောသူဟူသောအမည်နာမကိုထောက်၍ ဖြောင့်မတ်သောသူကို လက်ခံသောသူသည်လည်း ဖြောင့်မတ်သောသူနှင့်ဆိုင်သောအကျိုးကျေးဇူးကို ရရှိလိမ့်မည်။
ဝမ်းမြောက်ရွှင်မြူးကြလော့။ အကြောင်းမူကား ကောင်းကင်ဘုံ၌ သင်တို့၏ဆုလာဘ်သည် ကြီးမားလှပေ၏။ သူတို့သည် သင်တို့ရှေ့က ပရောဖက်များကိုလည်း ထိုနည်းတူညှဉ်းဆဲခဲ့ကြ၏။
သင်တို့၏ဖြောင့်မတ်သောအမှုကို လူတို့မြင်စေရန် လူတို့ရှေ့၌မပြုကြမည့်အကြောင်း သတိထားကြလော့။ သို့မဟုတ်လျှင် ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဖထံမှ အကျိုးကျေးဇူးကို သင်တို့ရကြလိမ့်မည်မဟုတ်။
သို့ပြုလျှင် သူတို့သည် သင့်အားကျေးဇူးမတုံ့ပြန်နိုင်ကြသောကြောင့် သင်သည် မင်္ဂလာရှိလိမ့်မည်။ ဖြောင့်မတ်သောသူတို့၏ရှင်ပြန်ထမြောက်ရာကာလ၌ သင်သည် ကျေးဇူးတုံ့ပြန်ခြင်းကို အမှန်ပင်ခံရလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုနည်းတူ သင်တို့အားလုံးသည်လည်း မိမိဥစ္စာပစ္စည်းရှိသမျှတို့ကို မစွန့်ခွာနိုင်လျှင် ငါ၏တပည့်မဖြစ်နိုင်။
တမန်တော်တို့သည် နာမတော်အတွက် အရှက်ခွဲခြင်းကိုခံထိုက်သူများအဖြစ် မှတ်ယူတော်မူခြင်းခံရသောကြောင့် ဝမ်းမြောက်လျက် တရားလွှတ်တော်ရှေ့မှထွက်သွားကြ၏။
သို့ဖြစ်၍ ခရစ်တော်ကြောင့် ငါခံရသော အားနည်းခြင်း၊ စော်ကားခြင်း၊ ခက်ခဲကျပ်တည်းခြင်း၊ ညှဉ်းဆဲခြင်းနှင့် နာကျင်ခြင်းဝေဒနာတို့ကို ငါနှစ်သက်၏။ အကြောင်းမူကား ငါသည် အားနည်းသောအခါ တန်ခိုးနှင့်ပြည့်စုံလျက်ရှိ၏။
ဝမ်းနည်းသောသူကဲ့သို့ဖြစ်သော်လည်း အစဉ်ဝမ်းမြောက်လျက်ရှိကြ၏။ ဆင်းရဲသောသူကဲ့သို့ဖြစ်သော်လည်း များစွာသောသူတို့ကို ကြွယ်ဝပြည့်စုံစေကြ၏။ မည်သည့်အရာမျှမရှိသောသူကဲ့သို့ဖြစ်သော်လည်း အလုံးစုံကိုပိုင်ဆိုင်ကြ၏။
ဘုရားသခင်သည် သင်တို့၏စိတ်နှလုံးမျက်စိကို ပွင့်လင်းစေ၍ ခေါ်ယူတော်မူခြင်းနှင့်ဆိုင်သော မျှော်လင့်ခြင်းသည် မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ သန့်ရှင်းသူတို့ခံရမည့်အမွေတော်သည် ဘုန်းအသရေနှင့် မည်မျှကြွယ်ဝသည်ကိုလည်းကောင်း၊
သန့်ရှင်းသူအားလုံးတို့တွင် အငယ်ဆုံးသောသူထက် သာ၍ငယ်သောငါ့အား ဤကျေးဇူးတော်ကိုပေးအပ်တော်မူခြင်းမှာ ချင့်မျှော်တွေးဆ၍မရနိုင်သော ခရစ်တော်၏ကြွယ်ဝမှုကို လူမျိုးခြားတို့အားဟောပြောစေရန်နှင့်
သို့သော် ငါ့အတွက် အကျိုးကျေးဇူးဖြစ်ခဲ့သော ဤအရာတို့ကို ခရစ်တော်ကိုထောက်လျက် အရှုံးဟူ၍ ငါမှတ်ယူ၏။
တစ်ခါတစ်ရံ သင်တို့သည် လူတို့ရှေ့၌ ကဲ့ရဲ့ပြစ်တင်ခြင်းနှင့်နှိပ်စက်ခြင်းတို့ကိုခံရကြ၍ တစ်ခါတစ်ရံ ထိုသို့ပြုကျင့်ခံရသောသူတို့၏အပေါင်းအဖော်များဖြစ်ကြ၏။
ထို့ကြောင့် ကြီးမြတ်သောအကျိုးကျေးဇူးရှိသည့် သင်တို့၏ယုံကြည်စိတ်ချမှုကို မစွန့်လွှတ်ကြနှင့်။
ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား ဘုရားသခင်ထံချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူကြောင်းကိုလည်းကောင်း၊ ဘုရားသခင်သည် မိမိကိုရှာသောသူတို့အား အကျိုးပေးတော်မူသောအရှင်ဖြစ်ကြောင်းကိုလည်းကောင်း ယုံကြည်ရမည်။
သို့ဖြစ်၍ ငါတို့သည် ကိုယ်တော်ခံခဲ့သောကဲ့ရဲ့ပြစ်တင်ခြင်းကိုဆောင်ယူပြီး စခန်းအပြင်သို့ထွက်၍ ကိုယ်တော်ထံသို့ သွားကြကုန်စို့။
အကြောင်းမူကား ကောင်းကင်တမန်များအားဖြင့် မိန့်တော်မူသောတရားတော်သည် တည်မြဲ၍ ဖောက်ဖျက်ကျူးလွန်မှုနှင့်မနာခံမှုရှိသမျှတို့အတွက် ထိုက်သင့်သောအပြစ်ဒဏ်ကို လူတို့ခံရသည်ဆိုလျှင်
သူတို့အထဲ၌ရှိသော ခရစ်တော်၏ဝိညာဉ်တော်သည် ခရစ်တော်၏ဒုက္ခဝေဒနာများနှင့် ထိုဝေဒနာများနောက်တွင်ဖြစ်လာမည့် ဘုန်းအသရေတို့အကြောင်းကို ကြိုတင်သက်သေခံသောအခါ မည်သူ၊ သို့မဟုတ် မည်သည့်အချိန်ကိုဆိုလိုကြောင်း သူတို့စူးစမ်းလေ့လာကြ၏။
သင်တို့သည် ခရစ်တော်၏နာမကြောင့် ကဲ့ရဲ့ပြစ်တင်ခြင်းခံရလျှင် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ဘုန်းအသရေနှင့်ပြည့်စုံသောဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အပေါ်၌ ကိန်းဝပ်တော်မူ၏။
သင်၏ဒုက္ခဝေဒနာနှင့်ဆင်းရဲခြင်းတို့ကို ငါသိ၏။ အမှန်မှာ သင်သည် ချမ်းသာ၏။ မိမိတို့ကိုယ်ကို ဂျူးလူမျိုးဖြစ်သည်ဟုဆိုကြသော်လည်း ဂျူးလူမျိုးမဟုတ်ဘဲ စာတန်၏အသင်းဝင်များဖြစ်ကြသောသူတို့ထံမှ သင်ခံရသောစော်ကားပြောဆိုခြင်းကိုလည်း ငါသိ၏။
သင်သည် ချမ်းသာလာစေရန် မီးဖြင့်ချွတ်၍သန့်စင်ထားသောရွှေကိုလည်းကောင်း၊ သင်၏အဝတ်အချည်းစည်းဖြစ်ခြင်းအရှက်ကိုမပေါ်စေရန် သင်ဝတ်ဖို့ ဖြူသောဝတ်ရုံကိုလည်းကောင်း၊ သင်၏မျက်စိပြန်မြင်စေရန် မျက်စိခတ်ဖို့ မျက်စဉ်းကိုလည်းကောင်း ငါ့ထံမှဝယ်ယူရန် သင့်အား ငါအကြံပေး၏။
သင်ပြုခဲ့သည့်အတိုင်း ထာဝရဘုရား သင့်အား ပြန်လည်ကျေးဇူးပြုပါစေသော။ သင်သည် အစ္စရေးလူမျိုးတို့၏ဘုရားသခင် ထာဝရဘုရား၏အတောင်တော်အရိပ်အောက်၌ လာရောက်ခိုလှုံသည်ဖြစ်၍ ထိုအရှင်ထံမှ အကျိုးကျေးဇူးကြွယ်ဝစွာ ခံစားရပါစေသော”ဟု ပြန်ပြော၏။