Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဖိ​လိပ္ပိ 3:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 သို့သော် ငါ့​အတွက် အကျိုးကျေးဇူး​ဖြစ်​ခဲ့​သော ဤ​အရာ​တို့​ကို ခရစ်တော်​ကို​ထောက်​လျက် အရှုံး​ဟူ၍ ငါ​မှတ်ယူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 သို့​ရာ​တွင်​ထို​အ​ရာ​များ​သည်​ငါ့​အ​တွက်​အ​မြတ်​ဟု မှတ်​ယူ​နိုင်​သော်​လည်း ယ​ခု​အ​ခါ​ခ​ရစ်​တော်​၏​အ​တွက် ကြောင့်​အ​ရှုံး​ဟု​မှတ်​ယူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 သို့ ရာ တွင် ငါ၌ အ မြတ် မှတ် ခဲ့ သော အ ရာ များ ကို ခ ရစ် တော် အ တွက် အ ရှုံး မှတ် ယူ လေ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 သို့​သော်​လည်း ငါ၏ အ​ကျိုး​စီး​ပွား​ကို ပြု​စု​သော အ​ရာ​ရှိ​သ​မျှ​တို့​ကို ရှုံး​စေ​သော​အ​ရာ​ကဲ့​သို့ ခ​ရစ်​တော်​ကြောင့် ငါ​ထင်​မှတ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

7 သို့သော် ကျွန်ုပ်​ရရှိခဲ့သော အကျိုးအမြတ်​ဟူသမျှ​ကို ခရစ်တော်​အတွက်ကြောင့် အရှုံး​ဟူ၍ ယခု ကျွန်ုပ်​မှတ်ယူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဖိ​လိပ္ပိ 3:7
20 ပူးပေါင်းရင်းမြစ်များ  

ထိုသို့ သူ​တို့​ကို မြို့​အပြင်ဘက်​သို့ ခေါ်ထုတ်​ပြီးနောက် ကောင်းကင်တမန်​တစ်​ပါး​က “​အသက်လွတ်​အောင်​ပြေး​လော့​။ နောက်လှည့်​မ​ကြည့်​နှင့်​။ ဤ​မြစ်ဝှမ်း​ရှိ မည်သည့်​အရပ်​၌​မျှ​မ​ရပ်​နှင့်​။ တောင်​ပေါ်သို့​ပြေး​လော့​။ သို့မဟုတ်လျှင် သင်​သည် ဖျက်ဆီးသုတ်သင်​ခြင်း​ခံရ​လိမ့်မည်​”​ဟု ဆို​၏​။


နောက်မှ​လိုက်လာ​သော လောတ​၏​မယား​မူကား နောက်​လှည့်ကြည့်​သဖြင့် ဆား​တိုင်​ဖြစ်သွား​လေ​၏​။


ထိုအခါ စာတန်​က ထာဝရဘုရား​အား “​အရေပြား​အဖို့ အရေပြား​ဆို​သကဲ့သို့ပင် လူ​သည် မိမိ​အသက်​အဖို့ အရာ​အားလုံး​ကို​ပင် ပေးဆပ်​နိုင်​မည်​သာ​ဖြစ်​ပါ​၏​။


လူ​၏​ဓနဥစ္စာ​သည် သူ့​အသက်​ကို​ပြန်ရွေး​သော အဖိုးအခ​ဖြစ်​၏​။ ဆင်းရဲ​သော​သူ​မူကား မည်သည့်​ခြိမ်းခြောက်​သံ​ကို​မျှ မ​ကြား​ရ​ပေ​။


သမ္မာတရား​ကို​ဝယ်ယူ​လော့​။ မ​ရောင်း​နှင့်​။ ဉာဏ်ပညာ​၊ ဆုံးမပဲ့ပြင်​ခြင်း​နှင့် အသိဉာဏ်​ကို​လည်း ထိုနည်းတူ​ပြု​လော့​။


ရှာဖွေ​ရ​သော​အချိန်​နှင့် ဆုံးရှုံး​ရ​သော​အချိန်​ရှိ​၏​။ ထိန်းသိမ်း​ရ​သော​အချိန်​နှင့် လွှင့်ပစ်​ရ​သော​အချိန်​ရှိ​၏​။


လူ​သည် ကမ္ဘာ​လောက​တစ်ခုလုံး​ကို​ရရှိ​သော်လည်း မိမိ​အသက်​ဝိညာဉ်​ဆုံးရှုံး​လျှင် မည်သည့်​အကျိုး​ရှိ​မည်နည်း။ တစ်နည်း​အားဖြင့် လူ​သည် မည်သည့်​အရာ​ကို​ပေး​၍ မိမိ​အသက်​ဝိညာဉ်​ကို ပြန်ရွေး​နိုင်​မည်နည်း။


သူ​သည်​လည်း မိမိ​ဝတ်ရုံ​ကို ဘေး​သို့​ပစ်ချ​ပြီး ထ​၍ ယေရှု​ထံသို့​လာ​လေ​၏။


“တစ်စုံတစ်ဦး​သည် ငါ့​ထံသို့​လာ​၍ မိမိ​၏​ဖခင်၊ မိခင်၊ သား​မယား​နှင့် ညီအစ်ကို​မောင်နှမ​တို့​ကို​သာမက မိမိ​အသက်​ကို​ပင် မ​မုန်း​လျှင် ထို​သူ​သည် ငါ​၏​တပည့်​မ​ဖြစ်​နိုင်။


ထိုနည်းတူ သင်​တို့​အားလုံး​သည်​လည်း မိမိ​ဥစ္စာ​ပစ္စည်း​ရှိသမျှ​တို့​ကို မ​စွန့်ခွာ​နိုင်​လျှင် ငါ​၏​တပည့်​မ​ဖြစ်​နိုင်။


ထိုအခါ သခင်​သည် မတရား​သော​ဘဏ္ဍာစိုး​၏ ပါးနပ်​သည့်​လုပ်ဆောင်​မှု​အတွက် သူ့​ကို​ချီးမွမ်း​လေ​၏။ အကြောင်းမူကား ဤ​လောက​၏​သားသမီး​များ​သည် မိမိ​တို့​ခေတ်ကာလ​လူ​တို့​နှင့်​ဆက်ဆံ​ရာ​တွင် အလင်း​၏​သားသမီး​များ​ထက် လိမ္မာ​ပါးနပ်​ကြ​၏။


အစာ​ကို​ဝလင်​စွာ​စား​ကြ​ပြီးနောက် သင်္ဘော​ပေါ့​သွား​စေရန် ဂျုံဆန်​ကို ပင်လယ်​ထဲသို့​ပစ်ချ​ကြ​၏။


သူ​သည် အကျိုးကျေးဇူး​ကို ရှေးရှု​မျှော်မှန်း​လျက်​နေ​သောကြောင့် ခရစ်တော်​အတွက်​ကဲ့ရဲ့​ပြစ်တင်​ခြင်း​ခံရ​သည်​ကို အီဂျစ်​ပြည်​၏​ဥစ္စာ​ဘဏ္ဍာ​များ​ထက် ပို၍​မြတ်​သော​စည်းစိမ်​ဖြစ်​သည်​ဟု မှတ်ယူ​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ