အပြစ်ဖြေလွှတ်ခြင်းအတွက် နွားထီးတစ်ကောင်ကို အပြစ်ဖြေရာယဇ်အဖြစ် နေ့စဉ်ပူဇော်ရမည်။ ယဇ်ပလ္လင်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုခြင်းဖြင့် ယဇ်ပလ္လင်ကိုသန့်စင်စေရမည်။ ယဇ်ပလ္လင်ကိုဘိသိက်သွန်းခြင်းဖြင့် ၎င်းကိုသန့်ရှင်းစေရမည်။
ဟေဗြဲ 10:11 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်အားလုံးသည် နေ့စဉ်ရပ်လျက် ဝတ်ပြုကာ အပြစ်များကိုမဖယ်ရှားနိုင်သည့် တူညီသောယဇ်ကို အကြိမ်ကြိမ်ပူဇော်နေကြ၏။ Common Language Bible ယုဒယဇ်ပုရောဟိတ်သည်နေ့စဉ်နေ့တိုင်း မိမိ ၏ဝတ္တရားကိုရပ်၍ ဆောင်ရွက်လျက်အဘယ် အခါ၌မျှ အပြစ်ဖြေနိုင်စွမ်းမရှိသည့်ယဇ် ကိုအဖန်တလဲလဲပူဇော်ရ၏။- Garrad Bible ၎င်း ပြင် ပ ရော ဟိတ် ရှိ သ မျှ သည် မည် သည့် အ ခါ မျှ အ ပြစ် မ ပယ် နိုင် သော ထို ပူ ဇော် သ က္ကာ များ ကို တစ် နေ့ နောက် တစ် နေ့ အ ကြိမ် ကြိမ် ဆက် ကပ် လျက် ဝတ် ပြု လျက် နေ ရ ကြ၏။ Judson Bible ယဇ်ပုရောဟိတ် မည်သည်ကား၊ နေ့တိုင်းဝတ်ပြုလျက်၊ အပြစ်ကို မဖြေနိုင်သောယဇ်ကို အထပ်ထပ် အဖန်ဖန် ပူဇော်လျက်ရပ်နေရ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယဇ်ပုရောဟိတ်တိုင်းသည် နေ့စဉ် ရပ်လျက် မိမိတာဝန်ကို ဆောင်ရွက်ကာ အပြစ်ကို လုံးဝမဖြေနိုင်သော ထိုယဇ်များကို အကြိမ်ကြိမ် ပူဇော်ကြရ၏။ |
အပြစ်ဖြေလွှတ်ခြင်းအတွက် နွားထီးတစ်ကောင်ကို အပြစ်ဖြေရာယဇ်အဖြစ် နေ့စဉ်ပူဇော်ရမည်။ ယဇ်ပလ္လင်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုခြင်းဖြင့် ယဇ်ပလ္လင်ကိုသန့်စင်စေရမည်။ ယဇ်ပလ္လင်ကိုဘိသိက်သွန်းခြင်းဖြင့် ၎င်းကိုသန့်ရှင်းစေရမည်။
ထာဝရဘုရားက “သင်တို့၏များစွာသောယဇ်တို့သည် ငါ့အတွက်မည်သည့်အကျိုးရှိသနည်း။ မီးရှို့ပူဇော်သောသိုးထီး၊ ဆူဖြိုးသောတိရစ္ဆာန်၏အဆီကို ငါမလိုတော့ပြီ။ နွားထီး၊ သိုးသငယ်၊ ဆိတ်ထီးတို့၏သွေးကိုလည်း ငါမနှစ်သက်။
ထိုသန့်ရှင်းသောမြေသည် ထာဝရဘုရားထံအမှုတော်ကိုထမ်းဆောင်ဖို့လာသော၊ သန့်ရှင်းရာဌာနတော်၌ အမှုတော်ထမ်းဆောင်သော ယဇ်ပုရောဟိတ်တို့အဖို့ ဖြစ်ရမည်။ ထိုမြေသည် ယဇ်ပုရောဟိတ်တို့ နေစရာအိမ်ဆောက်ရာမြေ၊ သန့်ရှင်းရာဌာနတည်ရာသန့်ရှင်းသောမြေ ဖြစ်ရမည်။
သူ၏တပ်သားတို့သည် လာ၍ ခိုလှုံရာဖြစ်သည့်သန့်ရှင်းရာဌာနတော်ကို ရှုတ်ချလိမ့်မည်။ နေ့စဉ်ပူဇော်သက္ကာကို ဖယ်ရှားပစ်၍ ဖျက်ဆီးတတ်သောရွံရှာဖွယ်ရာကို တည်ထားကြလိမ့်မည်။
နေ့စဉ်ပူဇော်သက္ကာကိုဖယ်ရှား၍ ဖျက်ဆီးတတ်သောရွံရှာဖွယ်ရာကိုတည်ထားချိန်မှစ၍ ရက်ပေါင်းတစ်ထောင့်နှစ်ရာ့ကိုးဆယ် ကြာလိမ့်မည်။
ထိုမျှမက ကောင်းကင်ဗိုလ်ခြေမင်းကို ဆန့်ကျင်၍ မိမိကိုယ်ကိုချီးမြှောက်၏။ နေ့စဉ်ပူဇော်သက္ကာကို ဖယ်ရှား၍ သန့်ရှင်းရာဌာနကိုလည်း ဖြိုပစ်၏။
ထိုသို့ ငါမြွက်ဆိုဆုတောင်းနေစဉ် ယခင် ဗျာဒိတ်နိမိတ်တွင် ငါတွေ့မြင်ခဲ့ရသော ဂါဗြေလသည် အလျင်အမြန်ပျံသန်းလာ၍ ညနေပူဇော်သက္ကာအချိန်တွင် ငါ့ထံရောက်လာ၏။
ထိုမင်းသည်လည်း တစ်သီတင်းအတွက် လူအများတို့နှင့်အခိုင်အမာပဋိညာဉ်ဖွဲ့လိမ့်မည်။ သို့သော် သီတင်းတစ်ဝက်တွင် ယဇ်ပူဇော်ခြင်းနှင့် ဘောဇဉ်ပူဇော်သက္ကာတို့ကို ရပ်စဲစေလိမ့်မည်။ သုတ်သင်ဖျက်ဆီးခြင်းခံရမည်ဟူသော စီရင်သတ်မှတ်ချက်သည် ဖျက်ဆီးသောသူအပေါ် ကျရောက်မည်။ ထိုအချိန်တိုင်အောင် ထိုဖျက်ဆီးသောသူသည် ရွံရှာဖွယ်ရာများ၏တောင်ပံပေါ်တွင် တည်နေလိမ့်မည်”ဟု ဆို၏။
ငါသည် ထာဝရဘုရားထံ မည်သည့်အရာ ယူလာပြီး အမြင့်ဆုံးသောဘုရားသခင်ကို ရှိခိုးရမည်နည်း။ အထံတော်သို့ တစ်နှစ်သားအရွယ်နွားသငယ်ကို မီးရှို့ရာယဇ်အဖြစ် ယူလာရမည်လော။
ထိုနည်းတူ ပုံမှန်မီးရှို့ရာယဇ်နှင့် ထိုယဇ်အတွက် သွန်းလောင်းရာပူဇော်သက္ကာအပြင် ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောစားဖွယ်ရာကို ခုနစ်ရက်ပတ်လုံး နေ့စဉ်ပူဇော်ရမည်။
တစ်ဖန် သူတို့အား ‘ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်ကား အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ်သိုးသငယ်နှစ်ကောင်ကို မီးရှို့ရာယဇ်အဖြစ် နေ့စဉ်မပြတ်ပူဇော်ရမည်။
လဆန်းတစ်ရက်နေ့၌ပူဇော်သော မီးရှို့ရာယဇ်နှင့် ထိုယဇ်အတွက် ဘောဇဉ်ပူဇော်သက္ကာ၊ ပုံမှန်မီးရှို့ရာယဇ်နှင့် ထိုယဇ်အတွက် ဘောဇဉ်ပူဇော်သက္ကာ၊ ထိုယဇ်တို့အတွက် သွန်းလောင်းရာပူဇော်သက္ကာများအပြင် ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောယဇ်ကို စီရင်ထုံးဖွဲ့ချက်အတိုင်း ပူဇော်ရမည်။
ပညတ်တရားသည် နောင်လာမည့်ကောင်းသောအရာများ၏အရိပ်မျှသာဖြစ်ပြီး ၎င်းတို့၏ပုံသဏ္ဌာန်အစစ်အမှန်မဟုတ်သောကြောင့် နှစ်စဉ် အမြဲမပြတ်ပူဇော်နေသည့် တူညီသောယဇ်များအားဖြင့် အထံတော်သို့ချဉ်းကပ်သောသူတို့ကို မစုံလင်စေနိုင်ပေ။
အကြောင်းမူကား နွားလားနှင့်ဆိတ်တို့၏သွေးသည် အပြစ်များကိုမဖယ်ရှားနိုင်ပေ။
လူတို့အထဲမှ ရွေးကောက်ခြင်းခံရသောယဇ်ပုရောဟိတ်မင်းမှန်သမျှသည် အပြစ်ဖြေရာယဇ်များနှင့်ပူဇော်သက္ကာများကို လူတို့၏ကိုယ်စား ဘုရားသခင်ထံပူဇော်ဆက်ကပ်ရန် ခန့်ထားခြင်းခံရ၏။
အခြားသောယဇ်ပုရောဟိတ်မင်းတို့သည် ဦးစွာ မိမိတို့အပြစ်များအတွက်၊ ထို့နောက် လူတို့၏အပြစ်များအတွက် နေ့စဉ် ယဇ်ပူဇော်သကဲ့သို့ ကိုယ်တော်သည် ယဇ်ပူဇော်ရန်မလိုအပ်ပေ။ အကြောင်းမူကား ကိုယ်တော်သည် မိမိကိုယ်ကိုတစ်ကြိမ်တည်းနှင့်အပြီးပူဇော်ခြင်းဖြင့် ဤအမှုကိုပြုတော်မူ၏။
လူကမဟုတ်ဘဲ ထာဝရဘုရားကတည်ဆောက်တော်မူသော စစ်မှန်သည့်တဲတော်နှင့် သန့်ရှင်းရာဌာန၏အမှုကိုထမ်းဆောင်သူဖြစ်တော်မူ၏။
ကိုယ်တော်သည် ကမ္ဘာမြေကြီးပေါ်တွင်ရှိခဲ့လျှင် ပညတ်တရားအရ ပူဇော်သက္ကာကိုပူဇော်သောသူများရှိနေကြသည်ဖြစ်၍ ယဇ်ပုရောဟိတ်ဖြစ်လိမ့်မည်မဟုတ်။