အဆီးရီးယားဘုရင်ပုလမင်းကြီးသည် အစ္စရေးပြည်ကို လာရောက်တိုက်ခိုက်သဖြင့် မေနဟင်က ပုလမင်းကြီး မိမိနှင့်လက်တွဲပြီး မိမိလက်ထဲ၌နိုင်ငံတော်တည်မြဲလာစေရန် ငွေတာလန်တစ်ထောင်ကို ဆက်သလိုက်၏။
ဟောရှေ 8:9 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား သူတို့သည် အဆီးရီးယားပြည်သို့ သွားကြလေပြီ။ တစ်ကောင်တည်းသွားလာတတ်သောမြည်းရိုင်းကဲ့သို့ ဖြစ်လေပြီ။ ဧဖရိမ်သည် ချစ်သူများ ငှားရမ်းလေပြီ။ Common Language Bible ဣသရေလပြည်သူတို့သည်ထိန်းချုပ်၍ မရသောမြည်းရိုင်းကဲ့သို့စိတ်ထင်ရာပြု လုပ်တတ်၏။ သူတို့သည်အာရှုရိပြည်သို့ သွား၍အကူအညီတောင်းခံကြ၏။ အခ ကြေးငွေပေး၍အခြားနိုင်ငံ၏ကာကွယ် ပေးမှုကိုခံယူကြ၏။- Garrad Bible အ လေ့ ပေါက် မြည်း ရိုင်း နည်း တူ ဧ ဖ ရိမ် သည်၊ အာ ရှု ရိ ပြည် သို့ သွား ၍ ခင် မင် သူ တို့ ကို ငှား၏။ Judson Bible အာရှုရိပြည်သို့ အလိုလိုသွားလေပြီတကား။ ဧဖရိမ်သည် ကိုယ်အဖို့ တစ်ကောင်တည်းနေသော မြည်းရိုင်းကဲ့သို့ဖြစ်၍၊ ရည်းစားတို့အား ငှားလေပြီ။ |
အဆီးရီးယားဘုရင်ပုလမင်းကြီးသည် အစ္စရေးပြည်ကို လာရောက်တိုက်ခိုက်သဖြင့် မေနဟင်က ပုလမင်းကြီး မိမိနှင့်လက်တွဲပြီး မိမိလက်ထဲ၌နိုင်ငံတော်တည်မြဲလာစေရန် ငွေတာလန်တစ်ထောင်ကို ဆက်သလိုက်၏။
ငါ၏ဗျာဒိတ်တော်ကိုမမေးမြန်းဘဲ ဖာရောမင်းကြီး၏အကာအကွယ်အောက်၌ နားခိုရာကိုရှာပြီး အီဂျစ်ပြည်၏အရိပ်ကိုခိုလှုံရန် အီဂျစ်ပြည်သို့ဆင်းသွားကြ၏။
နေဂေ့အရပ်ရှိ တိရစ္ဆာန်များနှင့်ဆိုင်သောဗျာဒိတ်တော်ကား သူတို့သည် မိမိတို့ဥစ္စာပစ္စည်းများကို မြည်းတို့၏ကျောပေါ်၊ မိမိတို့၏ဥစ္စာဘဏ္ဍာများကို ကုလားအုတ်တို့၏ဘို့ပေါ်တင်၍ ဆင်းရဲဒုက္ခနှင့်ဘေးဥပဒ်၊ ခြင်္သေ့မနှင့်ခြင်္သေ့ပျို၊ အဆိပ်ပြင်းသောမြွေပွေးနှင့် ပျံသန်းတတ်သောမီးမြွေရှိရာအရပ်ကို ဖြတ်သန်းပြီး အကျိုးမပြုသောလူမျိုးထံ သယ်ဆောင်သွားကြ၏။
ရာဂစိတ်ထကြွနေသော၊ တောကန္တာရ၌ကျက်စားနေသော မြည်းရိုင်းမပါတကား။ မိတ်လိုက်ချိန်၌ သူ့ကို အဘယ်သူ ထိန်းချုပ်နိုင်သနည်း။ မိတ်လိုက်ချိန်၌ သူ့ကိုအပင်ပန်းခံပြီးရှာစရာမလိုဘဲ တွေ့လိမ့်မည်။
ဧဖရိမ်သည် လေကိုစား၏။ အရှေ့လေနောက်သို့ လိုက်၏။ သူတို့ပြုသောလိမ်လည်မှု၊ အကြမ်းဖက်မှုတို့သည် တစ်နေ့ထက်တစ်နေ့ များများလာ၏။ အဆီးရီးယားတို့နှင့် ပဋိညာဉ်ဖွဲ့လျက်နှင့်ပင် အီဂျစ်ပြည်သို့ ဆီကို ပို့ပေး၏။
ထာဝရဘုရားသည် ယုဒကို စွဲချက်တင်တော်မူပြီ။ ယာကုပ်ကို သူကျင့်ကြံခဲ့သည့်အတိုင်း သူ့ကိုဒဏ်ခတ်တော်မူမည်။ သူလုပ်ဆောင်ခဲ့သည့်အတိုင်း သူ့ကိုပြန်ပေးဆပ်စေမည်။
ယခုမှာ သူ့ချစ်သူများရှေ့တွင် သူ့အရှက်ကို ပေါ်စေမည်။ မည်သူမျှ သူ့ကို ငါ့လက်မှကယ်နိုင်မည်မဟုတ်။
ဧဖရိမ်သည် မိမိရောဂါကို မြင်၍ ယုဒသည်လည်း မိမိဒဏ်ရာကို မြင်သောအခါ ဧဖရိမ်သည် အဆီးရီးယားသို့ သွား၏။ ယာရက်မင်းကြီးထံသို့ လူလွှတ်၏။ သို့သော် ထိုဘုရင်သည် သင်တို့ကို မကျန်းမာစေနိုင်၊ မကုသပေးနိုင်။
ဧဖရိမ်သည် အသိစိတ်မရှိ။ ယုံလွယ်သောချိုးငှက်နှင့်တူ၏။ အီဂျစ်ပြည်ကို အကူအညီတောင်း၍ အဆီးရီးယားပြည်သို့လည်း ပြေးသွားတတ်၏။