Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟော​ရှေ 8:9 - Common Language Bible

9 ဣ​သ​ရေ​လ​ပြည်​သူ​တို့​သည်​ထိန်း​ချုပ်​၍ မ​ရ​သော​မြည်း​ရိုင်း​ကဲ့​သို့​စိတ်​ထင်​ရာ​ပြု လုပ်​တတ်​၏။ သူ​တို့​သည်​အာ​ရှု​ရိ​ပြည်​သို့ သွား​၍​အ​ကူ​အ​ညီ​တောင်း​ခံ​ကြ​၏။ အ​ခ ကြေး​ငွေ​ပေး​၍​အ​ခြား​နိုင်​ငံ​၏​ကာ​ကွယ် ပေး​မှု​ကို​ခံ​ယူ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 အ လေ့ ပေါက် မြည်း ရိုင်း နည်း တူ ဧ ဖ ရိမ် သည်၊ အာ ရှု ရိ ပြည် သို့ သွား ၍ ခင် မင် သူ တို့ ကို ငှား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 အာ​ရှု​ရိ​ပြည်​သို့ အ​လို​လို​သွား​လေ​ပြီ​တ​ကား။ ဧ​ဖ​ရိမ်​သည် ကိုယ်​အ​ဖို့ တစ်​ကောင်​တည်း​နေ​သော မြည်း​ရိုင်း​ကဲ့​သို့​ဖြစ်၍၊ ရည်း​စား​တို့​အား ငှား​လေ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 အကြောင်းမူကား သူ​တို့​သည် အဆီးရီးယား​ပြည်​သို့ သွား​ကြ​လေ​ပြီ​။ တစ်ကောင်တည်း​သွားလာ​တတ်​သော​မြည်းရိုင်း​ကဲ့သို့ ဖြစ်​လေ​ပြီ​။ ဧဖရိမ်​သည် ချစ်သူ​များ ငှားရမ်း​လေ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟော​ရှေ 8:9
13 ပူးပေါင်းရင်းမြစ်များ  

အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​တိ​က​လတ်​ပိ​လေ​သာ သည် ဣသ​ရေ​လ​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​လာ​၏။ ထို​အ​ခါ​မေ​န​ဟင်​သည်​မိ​မိ​၏​ပြည်​တွင် အာ​ဏာ တည်​တံ့​ခိုင်​မြဲ​ရေး​အ​တွက် တိ​က​လတ်​ပိ​လေ​သာ ၏​အ​ထောက်​အ​ကူ​ကို​ရ​ရှိ​နိုင်​ရန် သူ့​အား​ငွေ​သုံး ဆယ့်​ရှစ်​တန်​ဆက်​သ​လေ​သည်။-


သူ​တို့​သည်​ငါ​၏​ထံ​မှ​အ​ကြံ​ဉာဏ်​ကို​မ တောင်း​ခံ​ဘဲ အီ​ဂျစ်​ပြည်​သို့​သွား​၍​အ​ကူ အ​ညီ​တောင်း​ခံ​ကြ​၏။ အီ​ဂျစ်​ပြည်​၏​ကာ ကွယ်​စောင့်​ရှောက်​မှု​ကို​အ​လို​ရှိ​သ​ဖြင့် သူ​တို့ သည်​အီ​ဂျစ်​ဘု​ရင်​ကို​ယုံ​ကြည်​ကိုး​စား ကြ​၏။-


ဤ​ဗျာ​ဒိတ်​တော်​သည်​တောင်​ပိုင်း​သဲ​ကန္တာ​ရ တွင်​ရှိ​သည့် တိ​ရစ္ဆာန်​များ​နှင့်​သက်​ဆိုင်​သော ဗျာ​ဒိတ်​တော်​ဖြစ်​၏။ ကိုယ်​တော်​က``သံ​တ​မန် တို့​သည်​ခြင်္သေ့​များ​ခို​အောင်း​ရာ၊ မြွေ​ဆိုး​များ၊ န​ဂါး​ပျံ​များ​ရှိ​၍​ဘေး​အန္တ​ရာယ်​ပေါ​များ ရာ​အ​ရပ်​ကို​ဖြတ်​၍​သွား​ရ​ကြ​၏။ ထို​သူ​တို့ သည်​မိ​မိ​တို့​အား​အ​ဘယ်​အ​ကူ​အ​ညီ​မျှ မ​ပေး​နိုင်​သည့်​လူ​မျိုး​အ​တွက် အ​ဖိုး​ထိုက် လက်​ဆောင်​ပဏ္ဏာ​များ​ကို​မြည်း​များ၊ ကု​လား အုတ်​များ​နှင့်​တင်​ယူ​လာ​ကြ​၏။-


သင်​သည်​တော​ကန္တာ​ရ​တွင်​နေ​သည့် မြည်း​ရိုင်း​မ​နှင့်​တူ​၏။ မိတ်​လိုက်​ချိန်​ကျ​သော​အ​ခါ၊ သူ့​အား အ​ဘယ်​သူ​တား​ဆီး​နိုင်​သနည်း။ သူ့​ကို​အ​လို​ရှိ​သူ​မြည်း​ထီး​မှန်​သ​မျှ​သည် အ​ပင်​ပန်း​ခံ​၍​ရှာ​နေ​ရန်​မ​လို။ မိတ်​လိုက်​ချိန်​၌​သူ့​အား​အ​စဉ်​တွေ့​ရှိ​နိုင်​လေ​သည်။


ဣ​သ​ရေ​လ​ပြည်​သား​တို့​မိုး​လင်း​မှ​မိုး​ချုပ် အ​ထိ ပြု​လုပ်​ကျင့်​ကြံ​နေ​သ​မျှ​တို့​သည် အ​ကျိုး​မ​ရှိ၊ အ​ချည်း​နှီး​သက်​သက်​ဖြစ်​၏။ သူ​တို့​တွင်​သစ္စာ​ဖောက်​မှု၊ အ​ကြမ်း​ဖက်​မှု များ​တိုး​ပွား​များ​ပြား​လျက်​ရှိ​၏။ သူ​တို့ သည်​အာ​ရှု​ရိ​ပြည်​နှင့်​မ​ဟာ​မိတ်​ဖွဲ့​လျက် ပင် အီ​ဂျစ်​ပြည်​နှင့်​ကုန်​သွယ်​ကြ​၏'' ဟု မိန့်​တော်​မူ​၏။


ထာ​ဝ​ရ​ဘု​ရား​သည်​ယု​ဒ​ပြည်​သား​တို့ ကို​စွဲ​ချက်​တင်​တော်​မူ​၏။ ဣ​သ​ရေ​လ​ကို လည်း​သူ​တို့​၏​အ​ကျင့်​ကြောင့်​ဒဏ်​ခတ် တော်​မူ​မည်။ ကိုယ်​တော်​သည်​သူ​တို့​၏​အ​ပြု အ​မူ​အ​တိုင်း​အ​ကျိုး​အ​ပြစ်​ကို​ဆပ်​ပေး မည်။-


ငါ​သည်​သူ​၏​ချစ်​သူ​များ​ရှေ့​တွင်​သူ​၏ အ​ဝတ်​ရှိ​သ​မျှ​ကို​ချွတ်​ပစ်​မည်။ ငါ​၏​လက် တွင်း​မှ​သူ့​အား​မည်​သူ​မျှ​မ​ကယ်​နိုင်။-


``ဣ​သ​ရေ​လ​နိုင်​ငံ​သည်​မိ​မိ​၏​အ​နာ ရော​ဂါ​ကို​လည်း​ကောင်း၊ ယု​ဒ​နိုင်​ငံ​သည် မိ​မိ​၏​ဒဏ်​ရာ​ဒဏ်​ချက်​များ​ကို​လည်း ကောင်း​မြင်​ရ​သော​အ​ခါ ဣ​သ​ရေ​လ​နိုင်​ငံ သည်​အာ​ရှု​ရိ​နိုင်​ငံ​ဧ​က​ရာဇ်​မင်း​ထံ​သွား ၍​အ​ကူ​အ​ညီ​တောင်း​၏။ သို့​ရာ​တွင် ဧ​က​ရာဇ်​မင်း​သည်​သူ​တို့​၏​ရော​ဂါ ကို မ​ကု​သ​မ​ပျောက်​ကင်း​စေ​နိုင်။-


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဟို​ပျံ သည်​ပျံ​နှင့်​ဉာဏ်​ကင်း​မဲ့​သည့် အ​လွယ်​တ​ကူ လှည့်​ဖြား​၍​ရ​သော​ချိုး​ငှက်​ကဲ့​သို့​ဖြစ်​၏။ ပ​ထ​မ​ဦး​စွာ​သူ​တို့​သည်​အီ​ဂျစ်​ပြည် မှ​အ​ကူ​အ​ညီ​တောင်း​ခံ​၏။ ထို့​နောက် အာ​ရှု​ရိ​သို့​ပြေး​၍​အ​ကူ​အ​ညီ တောင်း​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ