အဆီးရီးယားဘုရင်သည် အစ္စရေးလူမျိုးတို့ကို အဆီးရီးယားပြည်သို့ ဖမ်းခေါ်သွားပြီး ဟာလာအရပ်၊ ဂေါဇန်နယ်ရှိ ဟာဗော်မြစ်နား၊ မေဒိမြို့ရွာများတွင် နေရာချထား၏။
ဟောရှေ 8:8 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေး ဝါးမျိုခံရလေပြီ။ သူတို့သည် လူမျိုးခြားတို့အလယ်တွင် မည်သူမျှအလိုမရှိသောတန်ဆာပလာကဲ့သို့ ဖြစ်၏။ Common Language Bible ဣသရေလနိုင်ငံသည်အခြားနိုင်ငံများ နှင့်မထူးခြားပေ။ အသုံးမကျသော အိုးကွဲနှင့်တူ၏။- Garrad Bible မျို စား ခံ ရ သော ဣ သ ရေ လ အ မျိုး သည်၊ အ သုံး မဲ့ သော မြေ အိုး သ ဖွယ်၊ လူ မျိုး ခြား တို့ တွင် ရောက် ခဲ့ လေ ပြီ။ Judson Bible ဣသရေလအမျိုးသည် တိမ်မြုပ်လေပြီ။ အဘယ်သူမျှ မနှစ်သက်သော တန်ဆာကဲ့သို့ တစ်ပါးအမျိုးသားတို့တွင် ရှိရလိမ့်မည်။ |
အဆီးရီးယားဘုရင်သည် အစ္စရေးလူမျိုးတို့ကို အဆီးရီးယားပြည်သို့ ဖမ်းခေါ်သွားပြီး ဟာလာအရပ်၊ ဂေါဇန်နယ်ရှိ ဟာဗော်မြစ်နား၊ မေဒိမြို့ရွာများတွင် နေရာချထား၏။
အိုးထိန်းသည်သည် အိုးကိုမနှမြောဘဲ ခွဲလိုက်သဖြင့် အကျိုးအပဲ့များကြားတွင် မီးဖိုထဲမှမီးကိုကော်ယူ၍ရလောက်သော၊ ရေတိုင်ကီထဲမှရေကိုခပ်ယူ၍ရလောက်သော အိုးခြမ်းပဲ့တစ်ခုမျှမတွေ့ရသည်အထိ ကွဲကြေသွားသောအိုးကဲ့သို့ ကျိုးပဲ့သွားလိမ့်မည်”ဟု မိန့်တော်မူ၏။
“ခေါနိဟူသော ဤလူသည် အသုံးမဝင်သောအိုးကွဲလော။ မည်သူမျှအလိုမရှိသောအိုးလော။ အဘယ်ကြောင့် သူနှင့်သူ့အမျိုးအနွယ်ကို စွန့်ပစ်ရသနည်း။ အဘယ်ကြောင့် သူတို့မသိသောပြည်သို့ သူတို့ကို နှင်ထုတ်ရသနည်း။
အို သိုးထိန်းတို့၊ ညည်းတွားငိုကြွေးကြလော့။ အော်ဟစ်ကြလော့။ အို သိုးစုခေါင်းဆောင်တို့၊ ပြာ၌လူးကြလော့။ သင်တို့ကိုသတ်ဖြတ်မည့်နေ့ရက်၊ တကွဲတပြားဖြစ်စေမည့်နေ့ရက် ရောက်လာပြီ။ အဖိုးတန်ပစ္စည်းပျက်စီးသကဲ့သို့ သင်တို့ပျက်စီးကြလိမ့်မည်။
မောဘပြည်ရှိ ခေါင်မိုးပြင်များ၊ လမ်းမများမှစ၍ နေရာအနှံ့ မြည်တမ်းကြလိမ့်မည်။ အကြောင်းမူကား မည်သူမျှအလိုမရှိသောအိုးကဲ့သို့ မောဘပြည်ကို ငါခွဲပစ်လိုက်ပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
အစ္စရေးလူမျိုးသည် ခြင်္သေ့တို့အလိုက်ခံရ၍ တကွဲတပြားဖြစ်နေသောသိုးကဲ့သို့ဖြစ်၏။ ဦးစွာ အဆီးရီးယားဘုရင်သည် ကိုက်စား၏။ နောက်ဆုံးမှာ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် သူ့အရိုးတို့ကို ဝါးမျိုလေ၏။
“ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ငါ့ကို ကိုက်စားလေပြီ။ နင်းချေလေပြီ။ ငါ့ကို အိုးလွတ်ဖြစ်စေပြီ။ မြွေနဂါးကဲ့သို့ ငါ့ကို ဝါးမျိုလေပြီ။ ငါ၏စားကောင်းသောက်ဖွယ်တို့နှင့် သူ့ဝမ်းကိုပြည့်စေပြီ။ ပြီးမှ ငါ့ကို အန်ထုတ်လေပြီ။
သင်၏ရန်သူအပေါင်းတို့သည် နှုတ်ကိုဖွင့်၍ သင့်ကိုကဲ့ရဲ့လျက် “ဤမြို့ကို ငါတို့ဝါးမျိုကြပြီ။ စင်စစ် ဤနေ့သည် ငါတို့စောင့်မျှော်သောနေ့ဖြစ်၏။ ငါတို့ကြုံရပြီ။ ငါတို့မြင်ရပြီ”ဟု အားရကျေနပ်စွာဆိုကြပြီ။
ဘုရားရှင်သည် ယာကုပ်အမျိုး၏နေရာရှိသမျှကို မညှာမတာဝါးမျိုတော်မူပြီ။ ယုဒသမီးပျို၏ခံတပ်များကို အမျက်တော်ဖြင့် ဖြိုဖျက်တော်မူပြီ။ မြေတိုင်အောင် ရောက်စေတော်မူပြီ။ နိုင်ငံနှင့်အကြီးအကဲတို့ကိုလည်း ရှုတ်ချတော်မူပြီ။
ဘုရားရှင်သည် ရန်သူကဲ့သို့ဖြစ်လေပြီ။ အစ္စရေးလူမျိုးတို့ကို ဝါးမျိုတော်မူပြီ။ နန်းတော်ရှိသမျှတို့ကိုလည်း ဝါးမျိုတော်မူပြီ။ ခံတပ်တို့ကိုလည်း ဖျက်ဆီးတော်မူပြီ။ ယုဒသမီးပျို၌ ဝမ်းနည်းခြင်း၊ မြည်တမ်းခြင်းကို တိုးပွားစေတော်မူပြီ။
ရွှေစင်သဖွယ်အဖိုးတန်သော ဇိအုန်မြို့သားတို့ကို အိုးထိန်းသည်လက်ဖြင့်လုပ်သောမြေအိုးကဲ့သို့ ထင်မှတ်ကြလေပြီတကား။
အကျွန်ုပ်တို့ အမွေမြေသည် သူစိမ်းလက်သို့ ရောက်လေပြီ။ အကျွန်ုပ်တို့ နေအိမ်များသည် တစ်ပါးအမျိုးသားတို့လက်သို့ ရောက်လေပြီ။
ထို့ကြောင့် သင်သည် ဤသို့ ပရောဖက်ပြုဟောပြောလော့။ ဘုရားရှင်ထာဝရဘုရားက ‘ရန်သူတို့သည် သင်တို့ကို အဘက်ဘက်ကဝိုင်းဝန်းချေမှုန်းပြီး လူသူကင်းမဲ့ရာဖြစ်စေ၏။ အခြားတိုင်းပြည်များသည် သင်တို့ကို ပိုင်ဆိုင်သွား၏။ သင်တို့ကို လူအများအတင်းပြောစရာ၊ ရှုတ်ချစရာ ဖြစ်စေ၏’ဟု မိန့်တော်မူ၏။
ငါသည် သင်တို့ကို လူမျိုးခြားတို့ထဲတွင် ကွဲလွင့်စေမည်။ ဓားကိုထုတ်၍ သင်တို့နောက်ကိုလိုက်မည်။ သင်တို့၏ပြည်သည် လူသူကင်းမဲ့၍ သင်တို့၏မြို့တို့သည် ပြိုပျက်လိမ့်မည်။
သို့ရာတွင် ဘုရားသခင်သည် အမျက်တော်ကိုပြသရန်နှင့် မိမိ၏တန်ခိုးတော်ကိုသိစေရန် အလိုတော်ရှိလျက်နှင့်ပင် ဖျက်ဆီးရန်ပြင်ဆင်ထားသော အမျက်တော်ဆိုင်ရာအိုးခွက်များကို အလွန်စိတ်ရှည်စွာသည်းခံတော်မူလျှင် မည်သို့နည်း။
ထာဝရဘုရားသည် သင့်ရန်သူတို့ရှေ့၌ သင့်ကိုရှုံးနိမ့်စေတော်မူမည်။ သင်သည် လမ်းတစ်လမ်းတည်းဖြင့် သူတို့ထံသို့လာသော်လည်း သူတို့ထံမှ လမ်းခုနစ်လမ်းဖြင့် ထွက်ပြေးရမည်။ မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးအတွက် သင်သည် ထိတ်လန့်စရာဖြစ်မည်။
ထာဝရဘုရားသည် သင့်ကို မြေကြီးတစ်ဖက်စွန်းမှ တစ်ဖက်စွန်းတိုင်အောင် လူမျိုးတကာတို့အလယ်သို့ ကွဲလွင့်စေတော်မူမည်။ သင်သည် ထိုအရပ်တို့၌ သင်မသိ၊ သင့်ဘိုးဘေးတို့လည်းမသိသော အခြားဘုရားများဖြစ်သည့် သစ်သားဘုရား၊ ကျောက်ဘုရားတို့ကိုဝတ်ပြုရလိမ့်မည်။