ထိုစပါးနှံတို့နောက်မှ ခြောက်သွေ့သုန်ဖျင်း၍ အရှေ့လေကြောင့် ညှိုးရော်နေသောစပါးနှံခုနစ်နှံထွက်လာ၏။
ဟောရှေ 8:7 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် လေကိုကြဲသဖြင့် လေပွေကိုသာ ရိတ်ရလိမ့်မည်။ ကောက်ပဲသီးနှံတို့လည်း အညှောက်မထွက်။ ထွက်ပြန်လျှင်လည်း အသီးမသီး။ သီးပြန်လျှင်လည်း သူစိမ်းလူတို့ စားသွားလိမ့်မည်။ Common Language Bible သူတို့သည်လေကိုကြဲသဖြင့်မုန်တိုင်းကို ရိတ်သိမ်းရလိမ့်မည်။ လယ်စပါးမရင့်မှည့် လျှင်ဆန်စပါးကိုမရနိုင်။ ထိုလယ်မှဆန် စပါးထွက်သည့်တိုင်အောင်အခြားနိုင်ငံ သားတို့စားသုံးကြလိမ့်မည်။- Garrad Bible လေ ကို ကြဲ သည့် အ လျောက်၊ လေ ပြင်း ကို ရိတ် သိမ်း ရ ကြ လ တ္တံ့။ ကောက် ပင် မ ကြီး၊ အ သီး မ ထွက်၊ ထွက် သော် လည်း သူ စိမ်း တို့ မျို စား ကြ လိမ့် မည်။ Judson Bible လေမျိုးစေ့ကိုကြဲ၍ လေပွေစပါးကို ရိတ်ရကြလိမ့်မည်။ စပါးပင် မရှိရ။ အနှံထဲက မုန့်ညက်မထွက်ရ။ ထွက်သော်လည်း တစ်ကျွန်းတစ်နိုင်ငံသားတို့သည် စားကြလိမ့်မည်။ |
ထိုစပါးနှံတို့နောက်မှ ခြောက်သွေ့သုန်ဖျင်း၍ အရှေ့လေကြောင့် ညှိုးရော်နေသောစပါးနှံခုနစ်နှံထွက်လာ၏။
အဆီးရီးယားဘုရင်ပုလမင်းကြီးသည် အစ္စရေးပြည်ကို လာရောက်တိုက်ခိုက်သဖြင့် မေနဟင်က ပုလမင်းကြီး မိမိနှင့်လက်တွဲပြီး မိမိလက်ထဲ၌နိုင်ငံတော်တည်မြဲလာစေရန် ငွေတာလန်တစ်ထောင်ကို ဆက်သလိုက်၏။
အစ္စရေးဘုရင်ပေကာမင်းကြီးလက်ထက်တွင် အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီးသည် စစ်ချီလာ၍ ဣယုန်မြို့၊ အာဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှမြို့၊ ဟာဇော်မြို့၊ ဂိလဒ်ပြည်၊ ဂါလိလဲပြည်နှင့် နဿလိပြည်တစ်ပြည်လုံးကို သိမ်းယူပြီး ပြည်သူပြည်သားတို့ကို အဆီးရီးယားပြည်သို့ ဖမ်းခေါ်သွား၏။
ငါသတိပြုမိသည်မှာ အပြစ်ဒုစရိုက်ကိုထွန်ယက်၍ အခက်အခဲပြဿနာကိုကြဲသောသူသည် ထိုအရာတို့ကို ပြန်ရိတ်သိမ်းရတတ်၏။
မတရားမှုမျိုးစေ့ကိုကြဲသောသူသည် ဆင်းရဲဒုက္ခကိုရိတ်သိမ်းရ၍ သူ၏ဒေါသကြိမ်လုံးသည် ပျက်စီးသွားလိမ့်မည်။
ဤအရာသည်လည်း ဆိုးရွား၍ငြီးငွေ့ဖွယ်ကောင်းသောအမှုဖြစ်၏။ လူသည် မိမိလာသည့်အတိုင်း အလျှင်းမခြားနားဘဲ ပြန်သွားရမည်။ သူသည် လေအတွက်ကြိုးပမ်းအားထုတ်သည်ဖြစ်၍ သူ၌မည်သည့်အကျိုးရှိသနည်း။
သင်စိုက်ပျိုးသောနေ့၌ပင် အပင်ကြီးထွားအောင်၊ သင်မျိုးစေ့ချသောနံနက်၌ပင် ဖူးပွင့်အောင် ပြုသော်လည်း မပျောက်နိုင်သောဝေဒနာဆိုး ကျရောက်သောနေ့ရက်၌ ရိတ်သိမ်းခြင်းသည် ရှိတော့မည်မဟုတ်။
အစားအစာမဟုတ်သောအရာအတွက် သင်တို့ငွေကိုလည်းကောင်း၊ ရောင့်ရဲမှုမပေးသောအရာအတွက် သင်တို့ချွေးနှဲစာကိုလည်းကောင်း အဘယ်ကြောင့် သင်တို့အသုံးပြုကြသနည်း။ ငါ့စကားကို စေ့စေ့နားထောင်လော့။ ကောင်းသောအစားအစာကို စားကြလော့။ သင်တို့၏စိတ်ဝိညာဉ်သည် အဆီအနှစ်နှင့်ပြည့်သောအစာနှင့် ဝအီလိမ့်မည်။
ကြည့်ရှုလော့။ ထာဝရဘုရားသည် မီးနှင့်ကြွလာတော်မူမည်။ လေပွေကဲ့သို့ စစ်ရထားနှင့်ကြွလာတော်မူမည်။ ရန်သူတို့ကို အမျက်ပြင်းစွာတုံ့ပြန်မည်။ မီးလျှံဖြင့်ဆုံးမမည်။
သူတို့သည် ဂျုံစေ့ကိုကြဲသော်လည်း ဆူးပင်များကိုသာ ရိတ်သိမ်းရ၏။ ပင်ပန်းစွာကြိုးစားကြသော်လည်း အကျိုးမခံစားရကြ။ ထာဝရဘုရား၏ပြင်းထန်သောအမျက်တော်ကြောင့် သူတို့သည် အရှက်ကွဲခြင်းသီးနှံကို ရိတ်သိမ်းရလိမ့်မည်။
အကျွန်ုပ်တို့ အမွေမြေသည် သူစိမ်းလက်သို့ ရောက်လေပြီ။ အကျွန်ုပ်တို့ နေအိမ်များသည် တစ်ပါးအမျိုးသားတို့လက်သို့ ရောက်လေပြီ။
ထို့ကြောင့် ရိတ်သိမ်းချိန်တွင် ကောက်ပဲသီးနှံကိုလည်းကောင်း၊ စပျစ်သီးပေါ်ချိန်တွင် စပျစ်ဝိုင်အသစ်ကိုလည်းကောင်း ငါပြန်သိမ်းယူမည်။ သူ့အရှက်ကိုဖုံးပေးသော သိုးမွေးနှင့် ချည်ချောတို့ကိုလည်း ငါချွတ်ပစ်မည်။
တစ်ပါးအမျိုးသားတို့သည် သူ့အင်အားကို ဝါးမျိုနေကြောင်း သူမသိ။ သူ့ခေါင်း၌ ဆံပင်ဖြူများ ပြန့်ကြဲနေကြောင်းကိုလည်း သူမသိ။
ဧဖရိမ်သည် ဒဏ်ခတ်ခံရသဖြင့် အမြစ်ခြောက်သွေ့ကာ အသီးမသီးနိုင်သောအပင်ကဲ့သို့ ဖြစ်၏။ သားဖွားလျှင်လည်း သူချစ်မြတ်နိုးသောသားကို ငါကွပ်မျက်မည်။”
ထာဝရဘုရားသည် စိတ်ရှည်သောဘုရား၊ တန်ခိုးကြီးသောဘုရား၊ အပြစ်ရှိသူကို အပြစ်ဒဏ်မခတ်ဘဲမနေသောဘုရားဖြစ်တော်မူ၏။ ထာဝရဘုရားသည် လေပွေနှင့် မိုးသက်မုန်တိုင်းအလယ်တွင် ကြွမြန်းတော်မူ၏။ မိုးတိမ်တို့သည် ခြေတော်အောက်၌ မြေမှုန့်ကဲ့သို့ဖြစ်၏။
သင်တို့သည် မျိုးစေ့များစွာကြဲသော်လည်း သီးနှံအနည်းငယ်သာရိတ်ရ၏။ အစာစားရသော်လည်း ဝလင်စွာမစားရ။ သောက်ရသော်လည်း ဝစွာမသောက်ရ။ အဝတ်ဝတ်ရသော်လည်း နွေးထွေးမှုမရှိ။ လုပ်အားခရသော်လည်း အိတ်ပေါက်ထဲသို့သာ ထည့်ရ၏’ဟု မိန့်တော်မူ၏။
အယူမလွဲကြနှင့်။ ဘုရားသခင်သည် မထီလေးစားပြုခြင်းကိုခံတော်မမူ။ အကြောင်းမူကား လူသည် တစ်စုံတစ်ခုကိုစိုက်ပျိုးလျှင် ၎င်းကို ပြန်လည်ရိတ်သိမ်းရလိမ့်မည်။
မိမိသွေးသားဇာတိ၌စိုက်ပျိုးသောသူသည် သွေးသားဇာတိထံမှ ပျက်စီးခြင်းကို ရိတ်သိမ်းရလိမ့်မည်။ ဝိညာဉ်တော်၌စိုက်ပျိုးသောသူမူကား ဝိညာဉ်တော်ထံမှ ထာဝရအသက်ကို ရိတ်သိမ်းရလိမ့်မည်။
သင့်မြေ၏အသီးအနှံ၊ သင့်ချွေးနှဲစာရှိသမျှတို့ကို သင်မသိသောလူမျိုးသည် စားလိမ့်မည်။ သင်သည် နှိပ်စက်ညှဉ်းဆဲခြင်းကိုသာ တစ်ချိန်လုံးခံရလိမ့်မည်။