အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဟော​ရှေ 7:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဘုရင်​ပွဲခံ​သော​နေ့​မျိုး​တွင် မှူးမတ်​တို့​သည် စပျစ်ဝိုင်​သောက်​၍ ယစ်မူး​ကြ​ကုန်​၏​။ ဘုရင်​သည်​လည်း လှောင်ပြောင်ရယ်မော​သော​သူ​တို့​နှင့်အတူ ပျော်ပါး​နေ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ဘု​ရင်​ပွဲ​ခံ​သော​နေ့​တွင်​ဘု​ရင်​နှင့်​မင်း​မှု ထမ်း​တို့​ကို​စ​ပျစ်​ရည်​တိုက်​၍​ယစ်​မူး​၍ ရူး​သွပ်​စေ​ကြ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ရာ ဇ ဘိ သိက် နေ့၌၊ စ ပျစ် ရည် သောက် ကြူး ယစ် မူး လျက်၊ မ ထီ လေး စား ပြု သော မှူး မတ် တို့ အား၊ လက် တော် ဆက် သော ဘု ရင် မင်း ကို၊

အခန်းကိုကြည့်ပါ။

Judson Bible

ငါ​တို့​ရှင်​ဘု​ရင်၏ နှစ်​စဉ်​ပွဲ​နေ့၌ မင်း​တို့​သည် စ​ပျစ်​ရည်​အ​ရှိန်​နှင့် ယစ်​မူး၍ ရှင်​ဘု​ရင်​သည် မ​ထီ​မဲ့​မြင်​ပြု​သော သူ​တို့​ကို လက်​ခံ​တတ်၏။

အခန်းကိုကြည့်ပါ။



ဟော​ရှေ 7:5
20 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် သုံး​ရက်​မြောက်​သော​နေ့​တွင် ဖာရော​မင်းကြီး​၏​မွေး​နေ့​ကျရောက်သဖြင့် မိမိ​၏​အမှုထမ်း​အပေါင်း​တို့​အတွက် စားသောက်ပွဲ​ပြုလုပ်​လေ​၏​။ မိမိ​၏​အမှုထမ်း​တို့​ရှေ့​၌ ဖလားတော်ဝန်​ကို​ချီးမြှင့်​၍ စားတော်ဝန်​ကို​ကား ခေါင်း​နှင့်​ကိုယ်​တခြားစီ​ဖြစ်စေ​လေ​၏​။


ဘုရားသခင်​၏​လူ​သည် ဗေသလ​မြို့​ရှိ​ယဇ်ပလ္လင်​အား ဆန့်ကျင်​ကြွေးကြော်​ခဲ့​သော​စကား​များ​ကို ယေရောဗောင်​မင်းကြီး​ကြား​လျှင် သူ​သည် ယဇ်ပလ္လင်​ပေါ်တွင်​ရပ်​လျက် လက်​ကို​ဆန့်​ပြီး “​သူ့​ကို ဖမ်း​ကြ​လော့​”​ဟု အမိန့်ပေး​၏​။ ထိုသို့​ဆန့်​လိုက်​သော​လက်​သည် ခြောက်သွား​သဖြင့် ပြန်ရုပ်​၍​မ​ရ​တော့​ချေ​။


ဆိုးယုတ်​သော​သူ​တို့​၏​အကြံဉာဏ်​အတိုင်း မ​လိုက်​မ​လျှောက်​၊ အပြစ်သား​တို့​၏​လမ်း​တွင်​မ​ရပ်​မ​နေ​၊ ပြက်ရယ်​ပြု​တတ်​သော​သူ​တို့​စုဝေး​ရာ​အရပ်​၌​မ​ထိုင်​၊


မြို့​တံခါးဝ​တွင်​ထိုင်​နေ​သော​သူ​တို့​သည် အကျွန်ုပ်​အကြောင်း​ကို တီးတိုးပြောဆို​ကြ​ပါ​၏​။ အကျွန်ုပ်​သည် သေရည်သေရက်​သောက်စား​သော သူ​တို့​၏​တေးဖွဲ့​သီဆိုစရာ​များ​ဖြစ်​ရ​ပါ​၏​။


ပညာရှိ​သော​သူ​တို့​နှင့်အတူ လျှောက်လှမ်း​သော​သူ​သည် ပညာရှိ​လာ​လိမ့်မည်​။ မိုက်မဲ​သော​သူ​တို့​နှင့်အတူ​ပေါင်းဖော်​သော​သူ​မူကား ဒုက္ခရောက်​လိမ့်မည်​။


စပျစ်ဝိုင်​သည် ပြက်ရယ်​ပြု​စေ​တတ်​၏​။ သေရည်သေရက်​သည်​လည်း ဆူပူသောင်းကျန်း​စေ​တတ်​၏​။ ၎င်း​တို့​ကြောင့် လမ်းလွဲ​သော​သူ​ရှိသမျှ​သည် ဉာဏ်ပညာ​မ​ရှိ​။


စပျစ်ဝိုင်​သောက်ကြူးသူ​၊ သေသောက်ကြူး​သူ​ဧဖရိမ်​အမျိုး​တို့​၏​မာန​သရဖူ​သည် အမင်္ဂလာ​ရှိ​၏​။ မြေဆီမြေနှစ်​ကောင်း​သော​ချိုင့်ဝှမ်း​ထိပ်​မှ ဂုဏ်ကျက်သရေ​အလှ ညှိုးနွမ်း​သွား​သော​ပန်းပွင့်​သည် အမင်္ဂလာ​ရှိ​၏​။


ဤ​လူမျိုး​ကို​အုပ်စိုး​သော ဂျေရုဆလင်​မြို့​ရှိ ပြက်ရယ်​ပြု​တတ်​သော​သူ​တို့​၊ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကို နားထောင်​ကြ​လော့​။


ကောင်းကင်ဘုံရှင်​ကို ဆန့်ကျင်​၍ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်​၏​။ ထို​အရှင်​၏​ဗိမာန်တော်​မှ​ခွက်ဖလား​များ​ကို သင့်​ရှေ့မှောက်​သို့​ယူလာ​စေ​ပြီး သင်​မှစ၍ မှူးမတ်​များ​၊ မိဖုရား​များ​၊ ကိုယ်လုပ်တော်​များ​သည် ထို​ခွက်​များ​ဖြင့် စပျစ်ဝိုင်​ကို​သောက်​ပြီး မျက်စိ​လည်း​မ​မြင်​၊ နား​လည်း​မ​ကြား​၊ ဘာမျှ​လည်း မ​သိ​နိုင်​သော ရွှေ​၊ ငွေ​၊ ကြေးနီ​၊ သံ​၊ သစ်သား​၊ ကျောက်​တို့​ဖြင့် လုပ်​ထား​သော​ဘုရား​များ​ကို ထောမနာ​ပြု​ကြ​၏​။ သင့်​အသက်​၊ သင့်​ဘဝလမ်း​တစ်ခုလုံး​ကို​ပိုင်​တော်မူ​သော​ဘုရားသခင်​ကို​မူ သင်​မ​ချီးမြှောက်​ခဲ့​။


သူ​တို့​သည် မကောင်းမှု​များ​ဖြင့် ရှင်ဘုရင်​ကို ဝမ်းမြောက်​စေ​၏​။ မုသားစကား​များ​ဖြင့် မှူးမတ်​တို့​ကို ဝမ်းမြောက်​စေ​၏​။


သို့သော် ဟေရုဒ်​၏​မွေးနေ့​ရောက်လာ​သောအခါ ဟေရောဒိ​၏​သမီး​သည် ဧည့်သည်​တော်​များ​ရှေ့​၌ က​ပြ​လျက် ဟေရုဒ်​ကို နှစ်သက်​စေ​၏။


သို့သော် အခွင့်ကောင်း​ရောက်လာ​လေ​၏။ ဟေရုဒ်​သည် မိမိ​၏​မွေးနေ့​၌ မှူးကြီးမတ်ရာ​များ၊ တပ်မှူးကြီး​များ​နှင့် ဂါလိလဲ​နယ်​၏​ခေါင်းဆောင်​များ​အတွက် ညစာ​စားပွဲ​ကျင်းပ​သောအခါ


အပျော်ကြူး​ခြင်း​ကို​ဖြစ်​စေ​သည့် စပျစ်​ဝိုင်​ယစ်မူး​ခြင်း​မ​ရှိ​ဘဲ ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​ကြ​လော့။