Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၃ ရာ 13:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ဘုရားသခင်​၏​လူ​သည် ဗေသလ​မြို့​ရှိ​ယဇ်ပလ္လင်​အား ဆန့်ကျင်​ကြွေးကြော်​ခဲ့​သော​စကား​များ​ကို ယေရောဗောင်​မင်းကြီး​ကြား​လျှင် သူ​သည် ယဇ်ပလ္လင်​ပေါ်တွင်​ရပ်​လျက် လက်​ကို​ဆန့်​ပြီး “​သူ့​ကို ဖမ်း​ကြ​လော့​”​ဟု အမိန့်ပေး​၏​။ ထိုသို့​ဆန့်​လိုက်​သော​လက်​သည် ခြောက်သွား​သဖြင့် ပြန်ရုပ်​၍​မ​ရ​တော့​ချေ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 ထို​စ​ကား​ကို​ကြား​လျှင်​ယေ​ရော​ဗောင်​မင်း​သည် ပ​ရော​ဖက်​အား​လက်​ညှိုး​ထိုး​၍``ထို​သူ​ကို​ဖမ်း ဆီး​ကြ​လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။ ထို​ခ​ဏ ၌​သူ​သည်​လေ​ဖြတ်​သ​ဖြင့်​မိ​မိ​၏​လက်​ကို ပြန်​လည်​ရုပ်​သိမ်း​၍​မ​ရ​တော့​ချေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 ဗေ သ လ မြို့ ရှိ ပူ ဇော် ရာ ပ လ္လင် ပေါ် တွင် ဘု ရား သ ခင့် လူ ယုံ တော် ကြွေး ကြော် သော စ ကား ကို ယေ ရော ဗောင် မင်း ကြား လျှင် ထို သူ့ ကို ဖမ်း လော့ ဟု မိန့် ဆို လျက်၊ ပ လ္လင် ပေါ် မှ လက် ကို ဆန့် ညွှန် ရာ ထို လက် သည် မ ရုပ် နိုင် အောင် သေ ခြောက် သည့် ပြင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ထို​သို့ ဘု​ရား​သ​ခင်၏​လူ​သည် ဗေ​သ​လ​မြို့ ယဇ်​ပ​လ္လင်​တစ်​ဖက်၌ ကြွေး​ကြော်​သော​စ​ကား​ကို ယေ​ရော​ဗောင်​မင်း​ကြီး​သည် ကြား​လျှင်၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ​ရှိ​သော မိ​မိ​လက်​ကို​ဆန့်၍ ထို​သူ​ကို​ဖမ်း​ဆီး​ကြ​ဟု​ဆို​လျက်၊ ဆန့်​သော​လက်​သည် သွေ့​ခြောက်၍ နောက်​တစ်​ဖန်​မ​ရုပ်​နိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၃ ရာ 13:4
26 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် အိမ်​တံခါးဝ​ရှိ လူ​ကြီး​လူငယ်​တို့​ကို မျက်စိကွယ်​စေရန် ဒဏ်ခတ်​သဖြင့် သူ​တို့​သည် တံခါး​ကို​ရှာ​ရ​၍ မောပန်း​ကြ​၏​။


ထို့နောက် ထို​နွားသငယ်ရုပ်​တို့​ကို ဗေသလ​မြို့​တွင်​တစ်​ကောင်​၊ ဒန်​မြို့​တွင်​တစ်​ကောင် တည်​ထား​၏​။


ထို့နောက် သူ​က “​ထာဝရဘုရား​မိန့်​တော်မူ​သည့် နိမိတ်လက္ခဏာ​ဟူမူကား ‘​ကြည့်ရှု​လော့​။ ယဇ်ပလ္လင်​အက်ကွဲ​ပြီး ယဇ်ပလ္လင်​ပေါ်ရှိ​ပြာ​များ ဖိတ်ကျ​လာ​လိမ့်မည်​’​ဟူ၍ ဖြစ်​၏​”​ဟု ဆို​လျက် ထို​နေ့​တွင် နိမိတ်လက္ခဏာ​တစ်​ခု​ကို ပြ​လေ​၏​။


ဘုရားသခင်​၏​လူ​ကို ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သည့် နိမိတ်လက္ခဏာ​အတိုင်း ယဇ်ပလ္လင်​အက်ကွဲ​ပြီး ယဇ်ပလ္လင်​ပေါ်မှ​ပြာ​များ ဖိတ်ကျ​လာ​လေ​၏​။


‘​ငါ ဘေးကင်း​စွာ​ပြန်လာ​သည့်​အချိန်​ထိ ဤ​သူ​ကို ထောင်ချ​ထား​၍ သူ့​အား မသေရုံတမည်​သာ မုန့်​နှင့်​ရေ​ကို ပေး​လော့​’​ဟူ၍ ရှင်ဘုရင်​အမိန့်ပေး​ကြောင်း​ပြောကြား​လော့​”​ဟု မိန့်ဆို​၏​။


ထိုသို့​ဆင့်ဆို​သောကြောင့် အာသ​မင်းကြီး​သည် စိတ်အာရုံရသူ​ကို အမျက်ထွက်​လေ​၏​။ အမျက်​ပြင်းစွာ​ထွက်​၍ သူ့​ကို ထောင်​ထဲ၌​ထည့်​ထား​လေ​၏​။ ပြည်သား​အချို့​တို့​ကို​လည်း ထို​အချိန်​မှစ၍ အာသ​မင်းကြီး​သည် ညှဉ်းဆဲ​လေ​၏​။


“​ငါ​ဘိသိက်ပေး​ထား​သော​သူ​တို့​ကို မ​ထိ​ကြ​နှင့်​။ ငါ​၏​ပရောဖက်​တို့​ကို​လည်း အန္တရာယ်​မ​ပြု​ကြ​နှင့်​”​ဟု မိန့်​တော်မူ​၏​။


မင်းကြီး​က​လည်း ‘သင်​တို့​အား ငါ​အမှန်​ဆို​မည်။ ငါ​၏​ဤ​ညီအစ်ကို​တို့​တွင် အငယ်ဆုံး​သော​သူ​တို့​ထဲမှ တစ်ဦးတစ်ယောက်​အား သင်​တို့​ပြု​ခဲ့​သမျှ​သည် ငါ့​ကို​ပြု​ခဲ့​ခြင်း​ဖြစ်​၏’​ဟု ပြန်​၍​မိန့်​တော်မူ​လိမ့်မည်။


ယေရှု​ကို​ဖမ်းဆီး​သော​သူ​တို့​သည် ကျမ်းပြု​ဆရာ​များ​နှင့်​သက်ကြီးဝါကြီး​များ​စုဝေး​ရာ ယဇ်ပုရောဟိတ်​မင်း​ကယာဖ​ထံသို့ ကိုယ်တော်​ကို​ခေါ်ဆောင်​သွား​ကြ​၏။


ထို့နောက် ထို​သူ​အပေါင်း​တို့​ကို ပတ်ပတ်လည်​ကြည့်ရှု​တော်မူ​ပြီး လက်​တစ်ဖက်​သေ​သော​သူ​အား“သင်​၏​လက်​ကို​ဆန့်​လော့”​ဟု မိန့်​တော်မူ​၏။ သူ​သည်​လည်း​ဆန့်​လိုက်​ရာ သူ​၏​လက်​သည် အကောင်း​ပကတိ​ဖြစ်​လေ​၏။


သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ငါ​စေလွှတ်​သော​သူ​ကို လက်ခံ​သော​သူ​သည် ငါ့​ကို​လက်ခံ​၏။ ငါ့​ကို​လက်ခံ​သော​သူ​သည်​လည်း ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​ကို​လက်ခံ​၏”​ဟု မိန့်​တော်မူ​၏။


ထိုသို့ ကိုယ်တော်​က“ငါ​ဖြစ်​သည်”​ဟု မိန့်​တော်မူ​သောအခါ သူ​တို့​သည် နောက်​သို့​ဆုတ်​၍ မြေ​ပေါ်၌​လဲကျ​ကြ​၏။


တစ်စုံတစ်ယောက်​သည် သူ​တို့​ကို​အန္တရာယ်​ပြု​လို​ပါက သူ​တို့​၏​ခံတွင်း​ထဲမှ မီး​ထွက်လာ​၍ သူ​တို့​၏​ရန်သူ​များ​ကို လောင်ကျွမ်း​စေ​မည်​ဖြစ်​၏။ တစ်စုံတစ်ယောက်​သည် သူ​တို့​ကို​အန္တရာယ်​ပြု​လို​ပါက ထို​သူ​သည် ထိုနည်းအတိုင်း​အသေ​သတ်​ခြင်း​ခံ​ရ​မည်​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ