အာဗြံသည် ထိုပြည်ကိုဖြတ်သွား၍ ရှေခင်အရပ်၊ မောရေတောင်ကုန်းရှိ ဝက်သစ်ချပင်တိုင်အောင် ရောက်လေ၏။ ထိုကာလတွင် ခါနာန်လူမျိုးတို့သည် ထိုပြည်၌ရှိကြ၏။
ဟောရှေ 6:9 - မြန်မာ့စံမီသမ္မာကျမ်း လူကိုချောင်းမြောင်းတိုက်ခိုက်သောဓားပြကဲ့သို့ ယဇ်ပုရောဟိတ်အုပ်စုသည် ရှေခင်မြို့လမ်းတွင် လူကိုသတ်၏။ သူတို့သည် ရှက်ဖွယ်အမှုကို ပြုကြ၏။ Common Language Bible ယဇ်ပုရောဟိတ်များသည်လုယက်ရန်ချုံ ခိုစောင့်သောဋ္ဌားပြဂိုဏ်းကဲ့သို့ကျင့်ကြံ ကြသည်။ သူတို့သည်ရှေခင်မြို့သို့သွား ရာလမ်း၌ပင်လျှင်လူကိုသတ်ကြ၏။ သူ တို့သည်ဤကဲ့သို့ဆိုးရွားသောရာဇဝတ် မှုများကိုကူးလွန်ကြ၏။- Garrad Bible ပ ရော ဟိတ် အ သင်း အ ပင်း လည်း၊ ဓား ပြ တပ် ပုန်း ကဲ့ သို့၊ ရှေ ခင် မြို့ လမ်း တွင် အ န္တ ရာယ် ပြု လျက်၊ လူ တို့ ကို သတ် တတ် ကြ ၏။ Judson Bible ဓားပြအလုံးအရင်းသည် ခရီးသွားသောသူကို ချောင်း၍ကြည့်သကဲ့သို့၊ ယဇ်ပုရောဟိတ် အပေါင်းအသင်းသည် ရှေခင်မြို့သို့သွားသော လမ်း၌ပင် အသက်ကို သတ်တတ်ကြ၏။ |
အာဗြံသည် ထိုပြည်ကိုဖြတ်သွား၍ ရှေခင်အရပ်၊ မောရေတောင်ကုန်းရှိ ဝက်သစ်ချပင်တိုင်အောင် ရောက်လေ၏။ ထိုကာလတွင် ခါနာန်လူမျိုးတို့သည် ထိုပြည်၌ရှိကြ၏။
ထို့နောက်တွင် ယေရောဗောင်မင်းကြီးသည် ဧဖရိမ်တောင်ပေါ်တွင် ရှေခင်မြို့ကိုတည်၍ နေထိုင်၏။ ထို့နောက် ရှေခင်မြို့မှထွက်ခွာပြီး ပေနွေလမြို့ကို တည်ပြန်၏။
ပထမလ၊ တစ်ဆယ့်နှစ်ရက်နေ့တွင် ငါတို့သည် အဟာဝမြစ်မှထွက်ခွာ၍ ဂျေရုဆလင်မြို့သို့ သွားကြ၏။ ဘုရားသခင်သည် ငါတို့နှင့်အတူပါရှိ၍ လမ်းတစ်လျှောက်လုံးတွင် ရန်သူများ၊ ချောင်းမြောင်းနေသူများ၏ရန်မှ ကွယ်ကာပေး၏။
ထိုမြို့တွင် ပရောဖက်တို့သည် လျှို့ဝှက်ကြံစည်၍ သားကောင်ကိုဟိန်းဟောက်ကိုက်ဖဲ့သည့်ခြင်္သေ့ကဲ့သို့ လူတို့ကိုဝါးမျို၍ သူတို့၏ဥစ္စာရတနာများကို ယူကြ၏။ ထိုမြို့တွင် မိန်းမအမြောက်အမြားကို မုဆိုးမဘဝသို့ရောက်စေ၏။
မြို့၌ရှိသောအကြီးအကဲတို့သည်လည်း သားကောင်ကိုကိုက်ဖဲ့သောဝံပုလွေကဲ့သို့ လူကို သတ်ဖြတ်ဖျက်ဆီးကြ၍ ဥစ္စာပစ္စည်းတို့ကို လုယူကြ၏။
သူတစ်ပါးအသက်ကိုသတ်လို၍ ချောက်တွန်းသောသူ၊ တောင်များပေါ်၌ ပူဇော်သောအစာကို စားသောသူ၊ သင့်ထဲတွင် ညစ်ညမ်းသောအမှုကို ပြုသောသူများ သင့်တွင်ရှိ၏။
အီဂျစ်ပြည်၌သင်ပြုခဲ့သော ဖောက်ပြန်မှားယွင်းမှု၊ ညစ်ညမ်းမှုတို့ကို ငါအဆုံးသတ်စေမည်ဖြစ်၍ သင်သည် အီဂျစ်ပြည်ကို အမှတ်ရတော့မည်မဟုတ်၊ မျှော်ကြည့်တော့မည်မဟုတ်’ဟု မိန့်တော်မူ၏။
ယခုမှာ သူ့ချစ်သူများရှေ့တွင် သူ့အရှက်ကို ပေါ်စေမည်။ မည်သူမျှ သူ့ကို ငါ့လက်မှကယ်နိုင်မည်မဟုတ်။
တိုင်းပြည်သည် ကျိန်ဆိုခြင်း၊ လိမ်ညာခြင်း၊ လူသတ်ခြင်း၊ ခိုးယူခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်းတို့ဖြင့် ပြည့်နှက်လျက်ရှိ၏။ လူသတ်မှုကို အထပ်ထပ်ကျူးလွန်ကြ၏။
ယဇ်ပုရောဟိတ်တို့၊ နားထောင်ကြ။ အစ္စရေးအမျိုးအနွယ်တို့၊ အာရုံစိုက်ကြ။ နန်းတွင်းသားတို့၊ စူးစိုက်နားထောင်ကြ။ သင်တို့သည် တရားစီရင်ခြင်းကိုခံရကြမည်။ သင်တို့သည် မိဇပါမြို့မှ ထောင်ချောက်၊ တာဗော်တောင်ပေါ်မှ ဖြန့်ထားသောပိုက်ကွန် ဖြစ်၏။
ဖောက်ပြန်လမ်းလွဲသောသူတို့သည် အကြီးအကျယ်သတ်ဖြတ်နေကြ၏။ ငါသည် ထိုသူအားလုံးကို အပြစ်ဒဏ်ပေးမည်။
ငါသည် အစ္စရေးကို ကုသပေးသောအခါ ဧဖရိမ်၏အပြစ်နှင့် ရှမာရိ၏မကောင်းမှုတို့ ပေါ်လာပြန်၏။ အကယ်စင်စစ် သူတို့သည် လိမ်လည်လှည့်စားခြင်းအမှုကို ပြုကြ၏။ မြို့တွင်း၌ သူခိုးများ ဖောက်ထွင်းကြ၏။ မြို့ပြင်၌ ဓားပြများ လုယက်တိုက်ခိုက်ကြ၏။
အို ယာကုပ်အကြီးအမှူးတို့နှင့် အစ္စရေးအုပ်ချုပ်သူတို့၊ နားထောင်ကြလော့။ သင်တို့သည် တရားမျှတမှုကိုစက်ဆုပ်ရွံရှာ၍ ဖြောင့်မှန်သောအမှုရှိသမျှကို ကွေ့ကောက်စေကြ၏။
ဘုရားဝတ်၌မွေ့လျော်သောသူသည် မြေကြီးပေါ်မှ ပျောက်ကွယ်သွားလေပြီ။ လူတို့တွင် ဖြောင့်မှန်သောသူ တစ်ယောက်မျှမရှိ။ သူတို့အားလုံး လူ့အသက်သတ်ရန် ချောင်းမြောင်းနေကြ၏။ ညီအစ်ကိုအချင်းချင်းပင် ပိုက်ထောင်ဖမ်းကြ၏။
ထိုမြို့၏အကြီးအကဲတို့သည် ဟိန်းဟောက်သောခြင်္သေ့များနှင့် တူ၏။ တရားသူကြီးတို့သည် နေဝင်ချိန်ရောက်မှ အစာရှာ၍ နံနက်တိုင်အောင် ဘာမျှမချန်ဘဲ စားတတ်သောဝံပုလွေများနှင့်တူ၏။
ပသခါပွဲတော်နှင့် တဆေးမဲ့မုန့်ပွဲတော်များကျရောက်ရန် နှစ်ရက်သာလိုတော့၏။ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာများသည် ယေရှုကို ပရိယာယ်အားဖြင့် မည်ကဲ့သို့ဖမ်းဆီးသတ်ဖြတ်ရမည်ကို ရှာကြံနေကြ၏။
ထိုအခါ ယဇ်ပုရောဟိတ်အကြီးအကဲတို့နှင့်ဖာရိရှဲတို့သည် တရားလွှတ်တော်အဖွဲ့ကိုစုဝေးစေ၍ “ထိုသူသည် များစွာသောနိမိတ်လက္ခဏာတို့ကို ပြုနေသည်ဖြစ်၍ ငါတို့မည်သို့ပြုကြမည်နည်း။
ထိုသူတို့သည်လည်း ကြားကြလျှင် တညီတညွတ်တည်းဖြင့် ဘုရားသခင်ထံ အသံကိုလွှင့်၍ “စိုးပိုင်တော်မူသောအရှင်၊ ကိုယ်တော်သည် ကောင်းကင်၊ မြေကြီးနှင့် ပင်လယ်သမုဒ္ဒရာမှစ၍ ၎င်းတို့၌ရှိသမျှတို့ကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်ပါ၏။