တမန်တော်ဝတ္ထု 4:24 - မြန်မာ့စံမီသမ္မာကျမ်း24 ထိုသူတို့သည်လည်း ကြားကြလျှင် တညီတညွတ်တည်းဖြင့် ဘုရားသခင်ထံ အသံကိုလွှင့်၍ “စိုးပိုင်တော်မူသောအရှင်၊ ကိုယ်တော်သည် ကောင်းကင်၊ မြေကြီးနှင့် ပင်လယ်သမုဒ္ဒရာမှစ၍ ၎င်းတို့၌ရှိသမျှတို့ကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်ပါ၏။ အခန်းကိုကြည့်ပါ။Common Language Bible24 ထိုအကြောင်းကိုကြားကြသောအခါ ထိုသူ တို့သည်တညီတညွတ်တည်းဆုတောင်းကြ၏။ ``အစိုးရတော်မူသောအရှင်၊ ကိုယ်တော်ရှင် သည်ကောင်းကင်မြေကြီး၊ သမုဒ္ဒရာနှင့်ထို အရပ်များတွင်ရှိသမျှတို့ကိုဖန်ဆင်း တော်မူသောအရှင်ဖြစ်တော်မူပါ၏။- အခန်းကိုကြည့်ပါ။Garrad Bible24 ကြား ရ သူ တို့ သည် ဘု ရား သ ခင့် ထံ တ ညီ တ ညွတ် တည်း ဟစ် ကြ သည် မှာ အို သ ခင် ဘု ရား၊ ကိုယ် တော် သည် မိုး မြေ ရေ နှင့် ပါ ရှိ သ မျှ ကို ဖန် ဆင်း တော် မူ သော ဘု ရား သ ခင် ပေ တည်း။ အခန်းကိုကြည့်ပါ။Judson Bible24 ထိုသူများတို့သည်ကြားရလျှင်၊ တညီတညွတ်တည်း ဘုရားသခင့်ထံသို့အသံကိုလွှင့်လျက်၊ အစိုးရတော်မူသေအရှင်၊ ကိုယ်တော်သည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာမှစ၍ ထိုအရပ်တို့၌ ရှိသမျှတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်ဖြစ်တော်မူ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း24 ထိုအကြောင်းအရာကို ကြားသောအခါ သူတို့က “ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ထိုအရပ်တို့၌ ရှိသမျှသောအရာများကို ဖန်ဆင်းတော်မူ၍ အရာအားလုံးကို အုပ်စိုးတော်မူသောဘုရားသခင်… အခန်းကိုကြည့်ပါ။ |
ကိုယ်တော်တစ်ပါးတည်းသာလျှင် ထာဝရဘုရားဖြစ်တော်မူ၏။ ကိုယ်တော်သည် မိုးကောင်းကင်၊ အမြင့်ဆုံးသောကောင်းကင်နှင့်ကောင်းကင်တန်ဆာအားလုံး၊ မြေကြီးနှင့်မြေကြီးတန်ဆာအားလုံး၊ ပင်လယ်နှင့်ပင်လယ်တန်ဆာအားလုံးကို ဖန်ဆင်းတော်မူ၍ ထိုအရာအားလုံးကိုလည်း အသက်ရှင်စေတော်မူ၏။ ကောင်းကင်ဗိုလ်ခြေတို့သည် ကိုယ်တော်ကိုရှိခိုးကိုးကွယ်ကြပါ၏။
“မိတ်ဆွေတို့၊ အဘယ်ကြောင့် ဤအရာတို့ကို ပြုကြသနည်း။ ငါတို့သည်လည်း သင်တို့နည်းတူ သာမန်လူသားများဖြစ်ကြပြီး သင်တို့သည် ဤအချည်းနှီးသောအရာများကိုစွန့်ခွာ၍ ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ၎င်းတို့၌ရှိသောအရာအားလုံးတို့ကို ဖန်ဆင်းတော်မူသော အသက်ရှင်သည့်ဘုရားသခင်ထံသို့ ပြောင်းလဲကြရန် သင်တို့အား ကောင်းမြတ်သောသတင်းကိုဟောပြောနေသူများဖြစ်ကြ၏။