အပြစ်ဒဏ်ဖြေရာယဇ်၊ အပြစ်ဖြေရာယဇ်တို့မှရသောငွေများမှာ ယဇ်ပုရောဟိတ်တို့အတွက်သာဖြစ်၍ ထာဝရဘုရား၏အိမ်တော်သို့ မသွင်းကြ။
ဟောရှေ 4:8 - မြန်မာ့စံမီသမ္မာကျမ်း ငါ့လူမျိုးတော်၏အပြစ်ဖြေရာယဇ်ကောင်ကို စားရသောကြောင့် လူတို့အပြစ်ပြုသည်ကို သူတို့နှစ်သက်သဘောကျကြ၏။ Common Language Bible သင်တို့သည်ငါ၏လူမျိုးတော်အပြစ်ကူး လွန်ခြင်းကိုအကြောင်းပြု၍ကြွယ်ဝချမ်း သာလာကြ၏။ ထို့ကြောင့်သင်တို့သည်သူတို့ အပြစ်တိုး၍ကူးလွန်စေရန်အားပေးကြ သည်။- Judson Bible ငါ့လူတို့၏ အပြစ်ဖြေရာယဇ်တို့ကို စားလျက်နှင့်ပင်၊ ထိုအပြစ်ကို စိတ်စွဲလမ်းတတ်ကြ၏။ |
အပြစ်ဒဏ်ဖြေရာယဇ်၊ အပြစ်ဖြေရာယဇ်တို့မှရသောငွေများမှာ ယဇ်ပုရောဟိတ်တို့အတွက်သာဖြစ်၍ ထာဝရဘုရား၏အိမ်တော်သို့ မသွင်းကြ။
ထိုသူကား အပြစ်ကင်းသောလက်နှင့် ဖြူစင်သောစိတ်နှလုံးရှိသူ၊ အချည်းနှီးသောအရာ၌ စိတ်ဝိညာဉ်မှီဝဲဆည်းကပ်ခြင်းမရှိသူ၊ လိမ်လည်လှည့်ဖြား၍ကျိန်ဆိုခြင်းမပြုသူပင် ဖြစ်၏။
စားလိုစိတ်အားကြီး၍ မတင်းတိမ်နိုင်သောခွေးများဖြစ်ကြ၏။ အသိဉာဏ်မရှိသော သိုးထိန်းများဖြစ်ကြ၏။ သူတို့အားလုံးသည် ကိုယ့်လမ်းသို့အသီးသီးလိုက်သွားကြ၏။ သူတို့တစ်ယောက်မကျန် ကိုယ့်အကျိုးကိုသာ ကိုယ်ရှာကြ၏။
“အချင်းလူသား၊ ဤလူတို့သည် သူတို့စိတ်ထဲတွင် ရုပ်တုများကို နေရာပေးလျက်၊ သူတို့ရှေ့တွင် ဒုစရိုက်ခလုတ်တံသင်းကို ချထားလျက်နှင့် ငါ့အားမေးလျှောက်သည်ကို ငါခွင့်ပြုရမည်လော။
ငါနှင့်ဝေးကွာ၍ မိမိစိတ်ထဲတွင် ရုပ်တုများကို နေရာပေးလျက်၊ မိမိတို့ရှေ့တွင် ဒုစရိုက်ခလုတ်တံသင်းကို ချထားလျက်နှင့် ပရောဖက်ထံသို့လာရောက်မေးမြန်းသော မည်သည့်အစ္စရေးလူမျိုးမဆို၊ အစ္စရေးလူမျိုးတို့နှင့်အတူနေထိုင်သော မည်သည့်တိုင်းတစ်ပါးသားမဆို ငါထာဝရဘုရားကိုယ်တိုင် တုံ့ပြန်မည်။
သင်တို့သည် ဆိုးယုတ်မှုကို စိုက်ပျိုးသောကြောင့် မတရားမှုကိုရိတ်သိမ်းရ၏။ မုသားအသီးကို စားရ၏။ အကြောင်းမှာ ကိုယ့်နည်းလမ်း၊ ကိုယ့်စစ်သူရဲအလုံးအရင်းကိုသာ ယုံကြည်အားကိုးကြ၏။
ဧဖရိမ်က ‘ငါကိုယ်တိုင် ဥစ္စာဓနကို ရှာတွေ့၍ ချမ်းသာကြွယ်ဝပြီ။ ထိုဥစ္စာဓနတို့ကို ဒုစရိုက်ပြုခြင်းဖြင့် ရရှိသည်ဟု မည်သူမျှ ငါ့ကိုအပြစ်ဆိုစရာအကြောင်းမရှိ’ဟု ဆို၏။
အို အစ္စရေး၊ သင်၏ဘုရားသခင်ထာဝရဘုရားထံ ပြန်လှည့်လော့။ သင်သည် သင်၏အပြစ်ကြောင့် ခလုတ်တိုက်လဲကျလေပြီ။
အာရုန်၏သားမြေးများထဲမှ သူ၏အရိုက်အရာကိုဆက်ခံသော ဘိသိက်ခံယဇ်ပုရောဟိတ်သည် ထိုပူဇော်သက္ကာကိုပူဇော်ရမည်။ ဤသည်ကား အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်ပြီး ထာဝရဘုရားအားပူဇော်သော ထိုပူဇော်သက္ကာကို အကုန်အစင်လောင်ကျွမ်းအောင် ရှို့ရမည်။
အပြစ်ဖြေရာယဇ်ကိုပူဇော်သောယဇ်ပုရောဟိတ်သည် ထိုယဇ်ကို စားရမည်။ တွေ့ဆုံစည်းဝေးရာတဲတော်ဝင်းအတွင်း သန့်ရှင်းသောနေရာ၌ စားရမည်။
အကြီးအမှူးတို့သည် တံစိုးလက်ဆောင်ရရန် တရားစီရင်ကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း အဖိုးအခရရန် သွန်သင်ကြ၏။ ပရောဖက်တို့သည်လည်း ငွေရရန် ဂမ္ဘီရအတတ်ဖြင့် ဟောပြောကြ၏။ ထာဝရဘုရားကို အမှီပြု၍လည်း “ထာဝရဘုရားသည် ငါတို့အလယ်တွင်ရှိတော်မူသည် မဟုတ်လော။ ငါတို့အပေါ်ဘေးအန္တရာယ်ကျရောက်မည်မဟုတ်”ဟု ဆိုတတ်ကြ၏။
“ငါ့ယဇ်ပလ္လင်ရှိရာသို့ဝင်၍ မီးကိုအချည်းနှီးမထွန်းရအောင် တံခါးကို မည်သူပိတ်ပေးမည်နည်း။ ငါသည် သင်တို့ကို မနှစ်သက်။ သင်တို့လက်နှင့်ပူဇော်သောယဇ်ကို ငါလက်မခံ”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။
အကြောင်းမူကား ထိုသို့သောသူတို့သည် ငါတို့၏သခင်ခရစ်တော်ကို အစေမခံဘဲ မိမိတို့၏ဝမ်းဗိုက်ကိုသာ အစေခံ၍ ချိုသာသောစကားနှင့် မြှောက်ပင့်သောစကားတို့ဖြင့် ရိုးစင်းသောသူတို့၏စိတ်နှလုံးကို လှည့်ဖြားတတ်ကြ၏။
ထိုသူတို့ကို နှုတ်ဆိတ်စေရမည်။ သူတို့သည် မစင်ကြယ်သောအကျိုးစီးပွားအတွက် မသွန်သင်အပ်သောအရာများကိုသွန်သင်လျက် မိသားစုများကို အစုလိုက်ချွတ်ချော်လွဲမှားစေကြ၏။
သူတို့သည် လောဘစိတ်ဖြင့် လုပ်ကြံဖန်တီးသောစကားများကိုပြောဆိုလျက် သင်တို့အပေါ် အမြတ်ထုတ်ကြလိမ့်မည်။ သူတို့ခံရမည့် ပြစ်ဒဏ်စီရင်ခြင်းသည် ရှေးယခင်ကပင် ဖင့်နှေးခြင်းမရှိ။ သူတို့၏ပျက်စီးခြင်းသည်လည်း ငိုက်မျဉ်းခြင်းမရှိ။
ငါကိန်းဝပ်ရာအရပ်၌ ပူဇော်ရန် ငါမိန့်မှာထားသောယဇ်နှင့် ပူဇော်သက္ကာကို အဘယ်ကြောင့် မထီမဲ့မြင်ပြုကြသနည်း။ ငါ့လူမျိုးတော်အစ္စရေးတို့ပူဇော်သမျှတို့ထဲမှ အကောင်းဆုံးကိုယူ၍ သင်တို့ကိုယ်ကိုဝလင်စေခြင်းဖြင့် သင်သည် သင့်သားတို့ကို ငါ့ထက်ပို၍ အဘယ်ကြောင့်ဂုဏ်ပြုချီးမြှောက်သနည်း’ဟု မိန့်ဆို၏။