အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဟော​ရှေ 3:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို့ကြောင့် ငါ​သည် ထို​မိန်းမ​ကို ငွေ​တစ်ဆယ့်​ငါး​ရှယ်ကယ်​နှင့် မုယောဆန်​တစ်​ဟောမဲ​ခွဲ​ဖြင့် ဝယ်ယူ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို့​ကြောင့်​ငါ​သည်​ငွေ​သား​တစ်​ဆယ့်​ငါး​ပြား နှင့်​မု​ယော​ဆန်​ခု​နစ်​တင်း​ပေး​၍​သူ့​ကို​ရွေး ယူ​သည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

ငါ သည်၊ ငွေ တစ် ဆယ့် ငါး ကျပ်၊ မု ယော ဆန် ဆယ့် ငါး တင်း နှင့် ရွေး ပြီး လျှင်၊

အခန်းကိုကြည့်ပါ။

Judson Bible

ထို​မိန်း​မ​ကို ငွေ​တစ်​ဆယ်​ငါး​ကျပ်၊ မု​ယော​ဆန်​တစ်​ဟော​မဲ​ခွဲ​နှင့် ငါ​ရွေး​ပြီး​မှ၊

အခန်းကိုကြည့်ပါ။



ဟော​ရှေ 3:2
9 ပူးပေါင်းရင်းမြစ်များ  

အကျွန်ုပ်​သည် ဦးရီး​၏​အိမ်​၌ အနှစ်​နှစ်ဆယ်​နေ​၍ ဦးရီး​၏​သမီး​နှစ်​ယောက်​အတွက် တစ်ဆယ့်​လေး​နှစ်​၊ ဦးရီး​၏​သိုးဆိတ်​တို့​အတွက် ခြောက်​နှစ် အစေခံ​ခဲ့​ပါ​သည်​။ ဦးရီး​သည် အကျွန်ုပ်​၏​လုပ်အားခ​ကို ဆယ်​ကြိမ်​ပြောင်းလဲ​ခဲ့​ပါ​သည်​။


မင်္ဂလာကြေး​နှင့်​လက်ဆောင်​ကို သင်​တို့​အလို​ရှိသမျှ အကျွန်ုပ်​ထံမှ​တောင်း​ပါ​။ သင်​တို့​တောင်း​သည့်​အတိုင်း အကျွန်ုပ်​ပေး​ပါ​မည်​။ ဤ​မိန်းကလေး​ကို​သာ အကျွန်ုပ်​၏​မယား​အဖြစ်​ပေး​ပါ​”​ဟု ဆို​၏​။


အကယ်၍ မိန်းမ​၏​ဖခင်​က မ​ပေးစား​လို​လျှင် ထို​ယောက်ျား​သည် အပျိုကညာ​ကို​တင်တောင်း​ရ​သော​မင်္ဂလာကြေး​နှင့်အညီ ငွေ​ပေးလျော်​ရ​မည်​။


စပျစ်ခြံ​ဆယ်​ဧက​သည် တစ်​ဗတ်​သာ ထွက်​မည်​။ မျိုးစေ့​တစ်​ဟောမဲ​သည် တစ်​ဧဖာ​သာ​ထွက်​မည်​။


ဧဖာ​နှင့်​ဗတ်​သည် အခြင်အတွယ်​တူ​ရ​မည်​။ တစ်​ဗတ်​သည် တစ်​ဟောမဲ​၏​ဆယ်ပုံတစ်ပုံ​၊ တစ်​ဧဖာ​သည်​လည်း တစ်​ဟောမဲ​၏​ဆယ်ပုံတစ်ပုံ ဖြစ်​ရ​မည်​။ ဟောမဲ​သည် စံ​အလေးချိန် ဖြစ်​ရ​မည်​။


ထို့နောက် သူ့​အား “​သင်​သည် ငါ​နှင့်အတူ ရက်ပေါင်း​များစွာ​နေ​ရ​မည်​။ ပြည့်တန်ဆာ ပြန်​မ​လုပ်​ရ​။ အခြား​ယောက်ျား​တို့​နှင့် မ​ပေါင်းဖော်​ရ​။ ငါ​သည်​လည်း သင့်​အပေါ် ထိုသို့​ပြု​မည်​”​ဟု ငါ​ဆို​၏​။


တစ်စုံတစ်ယောက်​သည် မိမိ​ပိုင်ဆိုင်​သော​လယ်ယာ​အချို့​ကို ထာဝရဘုရား​ထံ ဆက်ကပ်​လို​လျှင် သင်​ဖြတ်​ရ​မည့်​တန်ဖိုး​မှာ ကြဲနိုင်​သည့်​မျိုးစေ့​ပမာဏ​အတိုင်း​ဖြစ်​ရ​မည်​။ မုယော​မျိုးစေ့​တစ်​ဟောမဲ​လျှင် ငွေ​ငါးဆယ်​ရှယ်ကယ်​ဖြစ်​၏​။


ကွယ်လွန်​သူ​၏​အမွေ​သည် သူ့​အမည်​ဖြင့် ဆက်ရှိ​စေရန်​၊ သူ့​ညီအစ်ကို​ကြား​၊ သူ့​နေရင်းမြို့​တံခါး​တို့​တွင် နာမည်​ပယ်ဖျက်​မ​ခံရ​စေရန် မဟာလုန်​၏​မယား မောဘ​အမျိုးသမီး​ရုသ​ကို​လည်း အကျွန်ုပ်​၏​မယား​အဖြစ် ဝယ်ယူ​မည်​။ ဤသည်မှာ​လည်း သင်​တို့​သည် သက်သေ​များ​ဖြစ်​ကြ​၏”​ဟု ဆို​၏​။


ရှောလု​မင်းကြီး​က​လည်း “သင်​တို့​သည် ဒါဝိဒ်​အား ‘ရှင်ဘုရင်​၏​ရန်သူ​ဖြစ်​သော ဖိလိတ္တိ​လူမျိုး​တို့​ကို လက်တုံ့ပြန်​ရန် သူ​တို့​၏​ထိပ်ဖုံးအရေပြား​တစ်ရာ​မှတစ်ပါး မည်သည့်​မင်္ဂလာကြေး​ကို​မျှ ရှင်ဘုရင် အလို​မ​ရှိ​ပါ’​ဟူ၍ ပြောကြား​လော့”​ဟု ဆို​၏​။ ရှောလု​မင်းကြီး​၏​အကြံ​မှာ ဖိလိတ္တိ​လူမျိုး​တို့​လက်​ဖြင့် ဒါဝိဒ် ကျဆုံး​စေရန် ဖြစ်​၏​။