Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 34:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 မင်္ဂလာကြေး​နှင့်​လက်ဆောင်​ကို သင်​တို့​အလို​ရှိသမျှ အကျွန်ုပ်​ထံမှ​တောင်း​ပါ​။ သင်​တို့​တောင်း​သည့်​အတိုင်း အကျွန်ုပ်​ပေး​ပါ​မည်​။ ဤ​မိန်းကလေး​ကို​သာ အကျွန်ုပ်​၏​မယား​အဖြစ်​ပေး​ပါ​”​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 သင်​တို့​အ​လို​ရှိ​သ​မျှ​မင်္ဂ​လာ​ကြေး​နှင့် လက်​ဖွဲ့​ပစ္စည်း​ကို​အ​မြင့်​ဆုံး​သတ်​မှတ်​တောင်း ဆို​ကြ​ပါ။ ဒိ​န​ကို​လက်​ထပ်​ခွင့်​ပေး​မည်​ဆို လျှင်​သင်​တို့​တောင်း​ဆို​သ​မျှ​ကို​ပေး​ပါ​မည်'' ဟု​ပြော​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ကန် တော့ ဥ စ္စာ ဖြစ် စေ၊ ခန်း ဝင် ဥ စ္စာ ဖြစ် စေ၊ နည်း များ မ ဟူ တောင်း ဆို သည့် အ တိုင်း ပေး ပါ မည်။ ဤ သ တို့ သ မီး ကို ထိမ်း မြား ကြ ပါ ဟု အ ဘ နှင့် မောင် တို့ အား ဆို လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ကန်​တော့​ဥ​စ္စာ​ဖြစ်​စေ၊ လက်​ဆောင်​ပ​ဏ္ဏာ​ဖြစ်​စေ၊ နည်း​များ​မ​ဆို၊ တောင်း​သည်​အ​တိုင်း​ပေး​ပါ​မည်။ ဤ​မိန်း​မ​ကို​သာ ငါ့​အား​ထိမ်း​မြား​ပေး​စား​ကြ​ပါ​ဟု၊ မိန်း​မ၏​အ​ဘ​နှင့် မောင်​တို့​အား​ဆို​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 34:12
13 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ထို​အစေအပါး​သည် ရွှေ​တန်ဆာ​၊ ငွေ​တန်ဆာ​နှင့် အဝတ်တန်ဆာ​တို့​ကို​ထုတ်​၍ ရေဗက္ကာ​အား ပေး​၏​။ သူ့​အစ်ကို​နှင့် သူ့​မိခင်​အား​လည်း အဖိုးတန်​သော​လက်ဆောင်​များ​ကို ပေး​၏​။


ယာကုပ်​သည် ရာခေလ​ကို​ချစ်​သောကြောင့် “​ဦးရီး​၏​သမီး​အငယ်​ရာခေလ​ကို​ရ​ဖို့ ဦးရီး​ကို ခုနစ်​နှစ်​အစေခံ​ပါ​မည်​”​ဟု ဆို​၏​။


အကျွန်ုပ်​သည် ဦးရီး​၏​အိမ်​၌ အနှစ်​နှစ်ဆယ်​နေ​၍ ဦးရီး​၏​သမီး​နှစ်​ယောက်​အတွက် တစ်ဆယ့်​လေး​နှစ်​၊ ဦးရီး​၏​သိုးဆိတ်​တို့​အတွက် ခြောက်​နှစ် အစေခံ​ခဲ့​ပါ​သည်​။ ဦးရီး​သည် အကျွန်ုပ်​၏​လုပ်အားခ​ကို ဆယ်​ကြိမ်​ပြောင်းလဲ​ခဲ့​ပါ​သည်​။


ရှေခင်​က​လည်း မိန်းကလေး​၏​ဖခင်​နှင့်​အစ်ကို​တို့​အား “​အကျွန်ုပ်​သည် သင်​တို့​ရှေ့​၌ မျက်နှာရ​ပါစေ​။ သင်​တို့​တောင်း​သမျှ​ကို အကျွန်ုပ်​ပေး​ပါ​မည်​။


သို့သော် ယာကုပ်​၏​သား​တို့​သည် သူ​တို့​၏​နှမ​ဒိန​ကို ညစ်ညူး​အောင် ရှေခင်​ပြု​ခဲ့​သောကြောင့် ရှေခင်​နှင့်​သူ​၏​ဖခင်​ဟာမော်​အား တစ်ဖက်လှည့်​ဖြင့် ပြန်ပြော​ကြ​၏​။


ဒါဝိဒ်​မင်းကြီး​သည် ရှောလု​မင်းကြီး​၏​သား ဣရှဗောရှက်​မင်းကြီး​ထံသို့​လည်း တမန်​ကို​စေလွှတ်​၍ “​ဖိလိတ္တိ​လူမျိုး​တို့​၏​အရေဖျား​တစ်ရာ​ဖြင့် လဲယူ​ခဲ့​ရ​သော ငါ့​မယား​မိခါလ​ကို ပြန်ပေး​ပါ​”​ဟု မှာလိုက်​လေ​၏​။


ပိုင်ရှင်​အတူ​ရှိ​နေ​လျှင် အလျော်​မ​ပေး​ရ​။ အခပေး​ငှား​ထား​သည်​ဆို​လျှင် ပိုင်ရှင်​အား ငှားခ​ကို​သာ​ပေး​ရ​မည်​။


ထို့ကြောင့် ငါ​သည် ထို​မိန်းမ​ကို ငွေ​တစ်ဆယ့်​ငါး​ရှယ်ကယ်​နှင့် မုယောဆန်​တစ်​ဟောမဲ​ခွဲ​ဖြင့် ဝယ်ယူ​၏​။


တပည့်​တော်​တို့​က​လည်း “အကျွန်ုပ်​တို့​တွင် ဤ​နေရာ​၌ မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​မှတစ်ပါး မည်သည့်​အရာ​မျှ​မ​ရှိ​ပါ”​ဟု ကိုယ်တော်​အား​လျှောက်​ကြ​၏။


ရှောလု​မင်းကြီး​၏​အမှုထမ်း​တို့​က​လည်း ထို​စကား​များ​ကို ဒါဝိဒ်​အား ပြောကြား​ကြ​၏​။ ထိုအခါ ဒါဝိဒ်​က သူ​တို့​အား “​ဂုဏ်မရှိ​သော​ဆင်းရဲသား​အကျွန်ုပ်​ကား ရှင်ဘုရင်​၏​သမက်​ဖြစ်​ရန် ဤမျှလောက်​လွယ်ကူ​မည်​ဟု သင်​တို့​ထင်​သလော​”​ဟု ပြန်ပြော​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ