သူတို့သည် လေနှင်ရာလွင့်သောကောက်ရိုးကဲ့သို့လည်းကောင်း၊ လေပွေတွင်ပါသွားသောဖွဲကဲ့သို့လည်းကောင်း ဖြစ်ဖူးသလော။
ဟောရှေ 13:3 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သူတို့သည် နံနက်အချိန်၌ကျသောမြူခိုးကဲ့သို့၊ စောစောပြယ်လွင့်သွားသောနှင်းစက်ကဲ့သို့၊ လေထဲတွင် လွင့်ပါသွားသောကောက်နယ်တလင်းမှ ဖွဲကဲ့သို့၊ မီးခိုးခေါင်းတိုင်မှ ထွက်သောမီးခိုးကဲ့သို့ ဖြစ်ကြလိမ့်မည်။ Common Language Bible သို့ဖြစ်၍ဤသူတို့သည်နံနက်ခင်းတွင် ကျတတ်သောနှင်းကဲ့သို့လည်းကောင်း၊ နံနက် စောစောအချိန်တွင်ကွယ်ပျောက်တတ်သော နှင်းပေါက်ကဲ့သို့လည်းကောင်းပျောက်ကွယ် ရကြလိမ့်မည်။ သူတို့သည်ကောက်နယ်တ လင်းမှလေတိုက်၍လွင့်လာသောဖွဲကဲ့သို့ လည်းကောင်း၊ ခေါင်းတိုင်မှထွက်သောမီးခိုး ကဲ့သို့လည်းကောင်းလွင့်ပျောက်ရကြလိမ့်မည်။ Garrad Bible သို့ ဖြစ်၍၊ ထို သူ တို့ သည် နံ နက် မိုး တိမ် သ ဖွယ်၊ လျင် စွာ ပျောက် သော နှင်း အုပ် သ ဖွယ်၊ ကောက် နယ် တ လင်း မှ လေ ဗွေ ဝှေ့ သော ဖွဲ သ ဖွယ်၊ လေ သာ ပြူ တင်း ထွက် မီး ခိုး သ ဖွယ် ဖြစ် ရ ကြ လ တ္တံ့။ Judson Bible ထိုကြောင့်၊ သူတို့သည် နံနက်မိုးတိမ်ကဲ့သို့လည်းကောင်း၊ စောစောကွယ်ပျောက်တတ်သော နှင်းကဲ့သို့လည်းကောင်း၊ ကောက်နယ်တလင်းမှ လေပွေတိုက်သွားသော ဖွဲကဲ့သို့လည်းကောင်း၊ မီးဖိုထဲကထွက်သော မီးခိုးကဲ့သို့လည်းကောင်း ဖြစ်ရကြလိမ့်မည်။ |
သူတို့သည် လေနှင်ရာလွင့်သောကောက်ရိုးကဲ့သို့လည်းကောင်း၊ လေပွေတွင်ပါသွားသောဖွဲကဲ့သို့လည်းကောင်း ဖြစ်ဖူးသလော။
ထိတ်လန့်ဖွယ်ဘေးတို့သည် ငါ့ထံသို့ ပြေးဝင်လာ၍ ငါ့ဂုဏ်သရေကို လေကဲ့သို့ တိုက်ချလေပြီ။ ငါ၏စည်းစိမ်ဥစ္စာကိုလည်း တိမ်တိုက်ကဲ့သို့ လွင့်မျောသွားစေပြီ။
ဆိုးယုတ်သောသူတို့မူကား ထိုကဲ့သို့မဟုတ်။ လေတိုက်၍ လွင့်သွားသောဖွဲနှင့်တူကြ၏။
မီးခိုးသည် လွင့်သွားသကဲ့သို့ ကိုယ်တော်သည် သူတို့ကိုလွင့်သွားစေတော်မူလိမ့်မည်။ ဖယောင်းသည် မီးရှေ့တွင် အရည်ပျော်သကဲ့သို့ ဆိုးယုတ်သောသူတို့သည် ဘုရားသခင်၏ရှေ့တော်တွင် ပျက်စီးကြရလိမ့်မည်။
လူတို့သည် ရေလုံးကြီးတို့၏မြည်ဟည်းသံကဲ့သို့ မြည်ဟည်းကြသော်လည်း ကိုယ်တော်သည် သူတို့ကိုဆုံးမတော်မူသောအခါ အဝေးသို့ထွက်ပြေးကြရလိမ့်မည်။ တောင်ပေါ်မှဖွဲကို လေတိုက်သကဲ့သို့၊ ဖုန်မှုန့်ကို လေပွေတိုက်၍ လုံးထွေးလိမ့်ပါသွားသကဲ့သို့ အလိုက်ခံရကြ၏။
ထိုနည်းတူ သံ၊ ရွှံ့စေး၊ ကြေးနီ၊ ငွေ၊ ရွှေတို့သည်လည်း တစ်စစီကျိုးပဲ့သွား၍ နွေကာလတွင် တလင်းပြင်ရှိအဖျင်းအမှော်ကဲ့သို့ ဖြစ်လေ၏။ လေတိုက်သောအခါ လွင့်ပါသွားသဖြင့် အစအနပင် မတွေ့တော့ပေ။ ရုပ်တုကြီးကို ဝင်တိုက်သောကျောက်တုံးမူကား တောင်ကြီးဖြစ်လာပြီး မြေတစ်ပြင်လုံး၌ ပြည့်လေ၏။
“အို ဧဖရိမ်၊ သင့်ကို ငါမည်သို့ပြုရမည်နည်း။ အို ယုဒ၊ သင့်ကို ငါမည်သို့ပြုရမည်နည်း။ သင်တို့၏မေတ္တာသည် နံနက်အချိန်၌ကျသောမြူခိုးကဲ့သို့၊ စောစောပြယ်လွင့်သွားသောနှင်းကဲ့သို့ ဖြစ်ပါသည်တကား။
အမိန့်တော်ရောက်လာ၍ ဖွဲကဲ့သို့ လွင့်သွားရသောနေ့ မတိုင်မီ၊ ထာဝရဘုရား၏ပြင်းထန်သောအမျက်တော် သင်တို့အပေါ် မကျရောက်မီ၊ ထာဝရဘုရား၏အမျက်တော်နေ့ သင်တို့ထံ ရောက်မလာမီ
အေးချမ်းစွာမျိုးစေ့ကြဲရလိမ့်မည်။ စပျစ်ပင်သည် အသီးသီးလိမ့်မည်။ မြေကြီးသည်လည်း အသီးအနှံကို ဖြစ်ထွန်းစေလိမ့်မည်။ မိုးကောင်းကင်မှ နှင်းကျလိမ့်မည်။ ငါသည် ကြွင်းကျန်သောဤလူမျိုးတို့အား ဤအရာအားလုံးတို့ကို အမွေခံစားရစေမည်။