ပထမမြစ်၏အမည်ကား ဖိရှုန်ဖြစ်၏။ ထိုမြစ်သည် ရွှေထွက်သော ဟဝိလပြည်တစ်လျှောက်ကို ကွေ့ပတ်စီးဆင်းလေ၏။
ဟောရှေ 11:12 - မြန်မာ့စံမီသမ္မာကျမ်း “ဧဖရိမ်သည် မုသားသုံး၍ ငါ့ကိုလှည့်စား၏။ အစ္စရေးအမျိုးအနွယ်သည် ငါ့ကိုလိမ်လည်လှည့်ဖြား၏။ ယုဒသည် သန့်ရှင်း၍ သစ္စာစောင့်သောဘုရားကို ဆန့်ကျင်လေပြီ။ Common Language Bible ထာဝရဘုရားက``ဣသရေလပြည်သားတို့ သည် ငါ့အားမုသားစကားပြောဆို၍လှည့် စားကြပြီ။ ယုဒပြည်သားတို့သည်သန့်ရှင်း မြင့်မြတ်၍သစ္စာတော်တည်မြဲသောငါ ဘုရားသခင်အားပုန်ကန်နေကြသေး၏။ Garrad Bible ဧ ဖ ရိမ် သည် လိမ် လည် ခြင်း နှင့် လည်း ကောင်း၊ ဣ သ ရေ လ အ မျိုး သား တို့ သည် လှည့် စား ခြင်း နှင့် လည်း ကောင်း၊ ငါ့ ကို ဝိုင်း အုံ ကြ ရာ၊ ယု ဒ လည်း၊ သ စ္စာ မ ဖျက် သော သန့် ရှင်း ရာ ငါ ဘု ရား မှ၊ လှည့် သွား လျက် ရှိ သေး ၏။ Judson Bible ဧဖရိမ်သည် မုသားစကားနှင့်လည်းကောင်း၊ ဣသရေလသည် လှည့်စားခြင်းနှင့်လည်းကောင်း ငါ့ကိုနှောင့်ယှက်တတ်၏။ ယုဒသည်လည်း ဘုရားသခင့်ထံ၊ သန့်ရှင်း၍ သစ္စာစောင့်တော်မူသော ဘုရားသခင့်ထံမှလွှဲ၍ လှည့်လည်တတ်၏။ |
ပထမမြစ်၏အမည်ကား ဖိရှုန်ဖြစ်၏။ ထိုမြစ်သည် ရွှေထွက်သော ဟဝိလပြည်တစ်လျှောက်ကို ကွေ့ပတ်စီးဆင်းလေ၏။
ထိုအခါ ထိုသူက “သင်၏အမည်ကို ယာကုပ် ဟုမခေါ်တော့ဘဲ အစ္စရေးဟုခေါ်ရမည်။ အကြောင်းမူကား သင်သည် ဘုရားသခင်နှင့်လည်းကောင်း၊ လူနှင့်လည်းကောင်း ပြိုင်၍နိုင်လေပြီ”ဟု ဆို၏။
သို့သော် သူတို့သည် မိမိတို့နှုတ်ဖြင့် ကိုယ်တော်ကိုမြှောက်ပင့်၍ မိမိတို့လျှာဖြင့် ကိုယ်တော်ကိုလိမ်လည်ကြ၏။
ဘုရားရှင်ကလည်း “ဤလူမျိုးသည် နှုတ်ဖြင့် ချဉ်းကပ်၍ နှုတ်ခမ်းဖြင့် ငါ့ကိုဂုဏ်ပြုချီးမွမ်းကြ၏။ သူတို့၏စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ သူတို့သည် လူတို့သွန်သင်သောပညတ်ချက်အရ ငါ့ကို ကြောက်ရွံ့ကြ၏။
သူသည် ပြာပုံတွင်ကျက်စား၏။ သူ၏စိတ်နှလုံးသည် လှည့်စားခြင်းခံရ၍ သူ့ကိုလမ်းလွဲစေပြီ။ သူသည် ကိုယ့်ဝိညာဉ်ကို ကိုယ်မကယ်တင်နိုင်။ ‘ငါ့လက်ယာလက်ထဲ၌ရှိသောအရာကား မုသားသာမဟုတ်လော’ဟု ပြောနိုင်စွမ်းမရှိ။
သင်တို့သည် ဆိုးယုတ်မှုကို စိုက်ပျိုးသောကြောင့် မတရားမှုကိုရိတ်သိမ်းရ၏။ မုသားအသီးကို စားရ၏။ အကြောင်းမှာ ကိုယ့်နည်းလမ်း၊ ကိုယ့်စစ်သူရဲအလုံးအရင်းကိုသာ ယုံကြည်အားကိုးကြ၏။
ဧဖရိမ်သည် လေကိုစား၏။ အရှေ့လေနောက်သို့ လိုက်၏။ သူတို့ပြုသောလိမ်လည်မှု၊ အကြမ်းဖက်မှုတို့သည် တစ်နေ့ထက်တစ်နေ့ များများလာ၏။ အဆီးရီးယားတို့နှင့် ပဋိညာဉ်ဖွဲ့လျက်နှင့်ပင် အီဂျစ်ပြည်သို့ ဆီကို ပို့ပေး၏။
အို အစ္စရေး၊ သင်သည် ပြည့်တန်ဆာလုပ်ရာတွင် ယုဒအပေါ် အပြစ်မသက်ရောက်စေနှင့်။ ဂိလဂါလမြို့သို့ မသွားနှင့်။ ဗေသဝင်မြို့သို့ တက်မသွားနှင့်။ ‘ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ’ဟု မကျိန်ဆိုနှင့်။
တိုင်းပြည်သည် ကျိန်ဆိုခြင်း၊ လိမ်ညာခြင်း၊ လူသတ်ခြင်း၊ ခိုးယူခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်းတို့ဖြင့် ပြည့်နှက်လျက်ရှိ၏။ လူသတ်မှုကို အထပ်ထပ်ကျူးလွန်ကြ၏။
သူတို့ပြန်လှည့်လာသော်လည်း အမြင့်ဆုံးသောအရှင်ထံသို့ မဟုတ်။ သူတို့သည် ကြိုးလျော့နေသောလေးနှင့် တူကြ၏။ အကြီးအကဲတို့သည် မောက်မာသောစကားများကြောင့် ဓားဖြင့် ကျဆုံးရလိမ့်မည်။ အီဂျစ်ပြည်တွင် အထင်အမြင်သေးစရာ ဖြစ်လိမ့်မည်။
သူတို့သည် မကောင်းမှုများဖြင့် ရှင်ဘုရင်ကို ဝမ်းမြောက်စေ၏။ မုသားစကားများဖြင့် မှူးမတ်တို့ကို ဝမ်းမြောက်စေ၏။
မြို့သားသူဌေးတို့သည် ရက်စက်ကြမ်းကြုတ်ကြ၏။ မြို့သူမြို့သားတို့သည် အလိမ်အညာစကားကိုသာ ပြောတတ်ကြ၏။ သူတို့၏လျှာသည် လိမ်လည်လှည့်စားသောစကားကိုသာ ဆိုတတ်ကြ၏။
သန့်ရှင်းသူတို့သည် ဤလောကကိုစီရင်ရမည်ဖြစ်ကြောင်း သင်တို့မသိကြသလော။ သင်တို့သည် ဤလောကကိုစီရင်ရသည်ဆိုလျှင် အငယ်ဆုံးသောအမှုများကိုပင် စီရင်နိုင်စွမ်းမရှိကြသလော။
ငါတို့အား နိုင်ငံတော်ဖြစ်စေလျက် မိမိခမည်းတော်ဘုရားသခင်ရှေ့တော်၌ ယဇ်ပုရောဟိတ်များဖြစ်စေတော်မူသောအရှင်၌ ကမ္ဘာအဆက်ဆက် ဘုန်းအသရေနှင့်တန်ခိုးအရှိန်အဝါရှိပါစေသော။ အာမင်။
ငါသည် အောင်မြင်၍ ငါ့ခမည်းတော်နှင့်အတူ ခမည်းတော်၏ပလ္လင်ပေါ်တွင်ထိုင်ရသကဲ့သို့ အောင်မြင်သောသူအား ငါ၏ပလ္လင်ပေါ်တွင် ငါနှင့်အတူထိုင်ရသောအခွင့်ကို ငါပေးမည်။
သူတို့ကို အကျွန်ုပ်တို့၏ဘုရားသခင်အတွက် နိုင်ငံတော်တစ်ခုနှင့် ယဇ်ပုရောဟိတ်များဖြစ်စေတော်မူသဖြင့် သူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် အုပ်စိုးရကြလိမ့်မည်”ဟု ဆိုကြ၏။