ထို့ကြောင့် ထာဝရဘုရားက အစ္စရေး၏သားစဉ်မြေးဆက်အားလုံးကို စွန့်ပစ်ပြီး ဒဏ်ခတ်တော်မူ၏။ သူတို့ကို တိုက်ခိုက်လုယက်သူတို့လက်သို့ အပ်ပြီး အထံတော်မှနှင်ထုတ်တော်မူ၏။
ဟောရှေ 1:6 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ဂေါမာသည်ကိုယ်ဝန်ဆောင်၍ သမီးကိုမွေးဖွား၏။ ထိုအခါ ထာဝရဘုရားက ဟောရှေအား “ဤသမီးအမည်ကို လောရုဟာမာဟု မှည့်ခေါ်လော့။ အကြောင်းမှာ ငါသည် အစ္စရေးအမျိုးအနွယ်ကို သနားစုံမက်တော့မည်မဟုတ်။ လုံးဝခွင့်လွှတ်တော့မည်မဟုတ်။ Common Language Bible ဂေါမာတွင်ဒုတိယကလေးတစ်ယောက်ဖွား မြင်လေ၏။ ထိုကလေးသည်သမီးမိန်းကလေး ဖြစ်သည်။ ထိုအခါထာဝရဘုရားကဟောရှေ အား``ငါသည်ဣသရေလပြည်သားတို့ကို နောင်အခါတွင် သနားကြင်နာ၍အပြစ် လွှတ်မည်မဟုတ်သောကြောင့်ထိုသမီး ကို`မေတ္တာမဲ့' ဟုနာမည်မှည့်လော့။- Garrad Bible တစ် ဖန် သ န္ဓေ ရ၍ သား မိန်း မ ကို ဖွား မြင် သော်၊ ထာ ဝ ရ ဘု ရား က၊ ငါ သည် ဣ သ ရေ လ အ မျိုး သား တို့ ကို ဆက် လက် သ နား လျက်၊ ချမ်း သာ မ ပေး မည် ကို ထောက်၍၊ လော ရု ဟာ မာ အ မည် တွင် လော့။ Judson Bible တစ်ဖန် ပဋိသန္ဓေယူ၍ သမီးကိုဖွားမြင်လေ၏။ ထိုသမီးကို လောရုဟာမာအမည်ဖြင့် မှည့်လော့။ အကြောင်းမူကား၊ ငါသည် ဣသရေလအမျိုးကို နောက်တစ်ဖန် မသနားမစုံမက်ဘဲ ဧကန်အမှန်ပယ်ရှင်းမည်။ |
ထို့ကြောင့် ထာဝရဘုရားက အစ္စရေး၏သားစဉ်မြေးဆက်အားလုံးကို စွန့်ပစ်ပြီး ဒဏ်ခတ်တော်မူ၏။ သူတို့ကို တိုက်ခိုက်လုယက်သူတို့လက်သို့ အပ်ပြီး အထံတော်မှနှင်ထုတ်တော်မူ၏။
ဟောရှေမင်းကြီးနန်းစံကိုးနှစ်အကြာတွင် အဆီးရီးယားဘုရင်သည် ရှမာရိမြို့ကိုသိမ်းပိုက်ပြီး အစ္စရေးလူမျိုးတို့ကို အဆီးရီးယားပြည်သို့ဖမ်းခေါ်သွားကာ ဟာလာအရပ်၊ ဂေါဇန်နယ်ရှိဟာဗော်မြစ်နားနှင့်မေဒိမြို့ တို့၌နေထိုင်စေ၏။
အကိုင်းအခက်တို့သည် ခြောက်သွေ့လျှင် ချိုးပစ်ခြင်းခံရလိမ့်မည်။ မိန်းမတို့သည် လာ၍ ချိုးယူမီးဆိုက်ကြလိမ့်မည်။ ဤလူမျိုးသည် အသိဉာဏ်မရှိသောကြောင့် သူ့ကိုဖန်ဆင်းသောအရှင်သည် သူ့ကိုသနားတော်မူမည်မဟုတ်။ သူ့ကိုပုံဖော်ဖန်ဆင်းသောအရှင်သည် သူ့ကိုမျက်နှာသာပေးတော်မူမည်မဟုတ်။
လောရုဟာမာကို နို့ဖြတ်ပြီးနောက် ဂေါမာသည် ကိုယ်ဝန်ဆောင်ပြန်၍ သားယောက်ျားကိုမွေးဖွား၏။
သူ့ကို မြေပေါ်တွင် ကြဲမည်။ ကရုဏာမခံစားရသူကို ကရုဏာပြမည်။ ငါ့လူမဟုတ်သောသူကို ‘သင်သည် ငါ့လူဖြစ်သည်’ဟု ပြောမည်။ သူကလည်း ‘ကိုယ်တော်သည် အကျွန်ုပ်၏သခင် ဖြစ်သည်’ဟူ၍ ဆိုလိမ့်မည်”ဟု မိန့်တော်မူ၏။
သူ့သားသမီးတို့သည်လည်း ပြည့်တန်ဆာသားသမီးဖြစ်သောကြောင့် သူတို့ကို ငါသနားစုံမက်မည်မဟုတ်။
ထာဝရဘုရားက ငါ့အား “အာမုတ်၊ သင် မည်သည့်အရာကို မြင်သနည်း”ဟု မေးတော်မူလျှင် ငါက “ချိန်ကြိုးကို မြင်ပါသည်”ဟု လျှောက်၏။ ထိုအခါ ဘုရားရှင်က “ကြည့်ရှုလော့။ ငါ့လူမျိုးတော်အစ္စရေးတို့အလယ်တွင် ချိန်ကြိုးကို ငါချမည်။ သူတို့ကို နောက်တစ်ဖန် အလွတ်ပေးမည် မဟုတ်။
ထာဝရဘုရားက “ကြည့်ရှုလော့။ အပြစ်ပြုသောတိုင်းနိုင်ငံကို ဘုရားရှင်ထာဝရဘုရား စောင့်ကြည့်တော်မူ၏။ ထိုတိုင်းနိုင်ငံကို မြေပြင်ပေါ်မှ အဆုံးသတ်ဖျက်ဆီးပစ်မည်ဖြစ်သော်လည်း ယာကုပ်အမျိုးအနွယ်ကို အကုန်အစင်ဖျက်ဆီးမည်မဟုတ်”ဟု မိန့်တော်မူ၏။
သင်တို့သည် ယခင်က လူမျိုးတော်မဟုတ်ခဲ့သော်လည်း ယခုအခါ ဘုရားသခင်၏လူမျိုးတော်ဖြစ်ကြပြီ။ ယခင်က ကရုဏာတော်ကိုမခံစားခဲ့ရသော်လည်း ယခုအခါ ကရုဏာတော်ကိုခံစားရကြပြီ။