ဟောရှေ 1:6 - Common Language Bible6 ဂေါမာတွင်ဒုတိယကလေးတစ်ယောက်ဖွား မြင်လေ၏။ ထိုကလေးသည်သမီးမိန်းကလေး ဖြစ်သည်။ ထိုအခါထာဝရဘုရားကဟောရှေ အား``ငါသည်ဣသရေလပြည်သားတို့ကို နောင်အခါတွင် သနားကြင်နာ၍အပြစ် လွှတ်မည်မဟုတ်သောကြောင့်ထိုသမီး ကို`မေတ္တာမဲ့' ဟုနာမည်မှည့်လော့။- အခန်းကိုကြည့်ပါ။Garrad Bible6 တစ် ဖန် သ န္ဓေ ရ၍ သား မိန်း မ ကို ဖွား မြင် သော်၊ ထာ ဝ ရ ဘု ရား က၊ ငါ သည် ဣ သ ရေ လ အ မျိုး သား တို့ ကို ဆက် လက် သ နား လျက်၊ ချမ်း သာ မ ပေး မည် ကို ထောက်၍၊ လော ရု ဟာ မာ အ မည် တွင် လော့။ အခန်းကိုကြည့်ပါ။Judson Bible6 တစ်ဖန် ပဋိသန္ဓေယူ၍ သမီးကိုဖွားမြင်လေ၏။ ထိုသမီးကို လောရုဟာမာအမည်ဖြင့် မှည့်လော့။ အကြောင်းမူကား၊ ငါသည် ဣသရေလအမျိုးကို နောက်တစ်ဖန် မသနားမစုံမက်ဘဲ ဧကန်အမှန်ပယ်ရှင်းမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 တစ်ဖန် ဂေါမာသည်ကိုယ်ဝန်ဆောင်၍ သမီးကိုမွေးဖွား၏။ ထိုအခါ ထာဝရဘုရားက ဟောရှေအား “ဤသမီးအမည်ကို လောရုဟာမာဟု မှည့်ခေါ်လော့။ အကြောင်းမှာ ငါသည် အစ္စရေးအမျိုးအနွယ်ကို သနားစုံမက်တော့မည်မဟုတ်။ လုံးဝခွင့်လွှတ်တော့မည်မဟုတ်။ အခန်းကိုကြည့်ပါ။ |
ဟောရှေ၏နန်းစံကိုးနှစ်မြောက်၌အာရှုရိ ဧကရာဇ်ဘုရင်သည် ရှမာရိမြို့ကိုသိမ်းယူ၍ ဣသရေလအမျိုးသားတို့အားသုံ့ပန်းများ အဖြစ်အာရှုရိပြည်သို့ဖမ်းသွားပြီးလျှင် အချို့ကိုဟာလမြို့၌လည်းကောင်း၊ အချို့ ကိုဂေါဇန်ခရိုင်၊ ဟာဗော်မြစ်အနီး၌လည်း ကောင်း၊ အချို့ကိုမေဒိပြည်ရှိမြို့များ၌ လည်းကောင်းနေထိုင်စေ၏။
ငါသည်ငါ၏လူမျိုးတော်ကိုပြည်တော်တွင်နေ ထိုင်စေ၍ သူတို့အားကြီးပွားတိုးတက်စေမည်။ ငါသည်``မေတ္တာမဲ့'' နာမည်ခံသူတို့ကို ချစ်ခင်မြတ်နိုးမည်။ ``ငါ၏လူမျိုးတော်မဟုတ်'' နာမည်ခံသူတို့ကို ငါက`သူတို့သည်ငါ၏လူမျိုးတော်ဖြစ်သည်' ဟု မိန့်တော်မူ၍ သူတို့က``ကိုယ်တော်သည်အကျွန်ုပ်တို့၏ ဘုရားသခင် ဖြစ်သည်'' ဟုပြန်၍လျှောက်ထားကြလိမ့်မည်။
ကိုယ်တော်က``အာမုတ်၊ အဘယ်အရာကို မြင်သနည်း'' ဟုငါ့အားမေးသဖြင့်၊ ငါကလည်း``ချိန်ကြိုးတစ်ချောင်းကို မြင်ရပါသည်ဘုရား'' ဟုလျှောက်ဆို၏။ ကိုယ်တော်ရှင်ကလည်း၊``ငါ၏လူမျိုးသည် ရွေ့စောင်းနေသောနံရံသဖွယ်ဖြစ်နေသည် ကို ဤချိန်ကြိုးဖြင့်ပြဆိုရပြီ။ သူတို့ကို ဒဏ်ခတ်ရန်နောက်တစ်ဖန်စိတ်ပြောင်းတော့ မည်မဟုတ်။-