ထာဝရဘုရားသည် ငါခံရသောဒုက္ခဆင်းရဲကို မြင်တော်မူ၍ ယနေ့ခံရသောကျိန်ဆဲခြင်းအစား ကောင်းသောအရာကို ငါ့အား ထာဝရဘုရားပြန်ပေးကောင်းပေးတော်မူလိမ့်မည်”ဟု မိန့်ဆို၏။
သြဗဒိ 1:13 - မြန်မာ့စံမီသမ္မာကျမ်း ငါ့လူမျိုးတော် ဘေးဒုက္ခရောက်သောနေ့တွင် သင်သည် သူ၏မြို့တံခါးထဲသို့ မဝင်သင့်။ သူတို့ဘေးဒုက္ခရောက်သောနေ့တွင် သူတို့ဘေးရောက်သည်ကို သင်ကြည့်မနေသင့်။ သူတို့ဘေးဒုက္ခရောက်သောနေ့တွင် သူတို့၏ဥစ္စာပစ္စည်းကို သင်မသိမ်းယူသင့်။ Common Language Bible သင်သည်ငါ၏လူမျိုးတော် ဆင်းရဲဒုက္ခရောက်ရကြသည်ကိုကျိတ်၍ နှစ်ထောင်းအားရဖြစ်ကာ၊ သူတို့ဘေးအန္တရာယ်ဆိုးနှင့်ကြုံတွေ့ရ ချိန်၌ သူတို့၏မြို့ထဲသို့မဝင်သင့်။ သူတို့၏ဥစ္စာပစ္စည်းများကိုမသိမ်းမ ယူသင့်။ Garrad Bible လူ မျိုး တော့် အ ပေါ် တွင် ဘေး ဥ ပဒ် သင့် သော နေ့ ရက်၌ မြို့ တံ ခါး ဖြင့် ချီ ဝင် ခြင်း ခံ ရ သော ဒု က္ခ ကို စိန်း စိန်း ကြည့် ခြင်း၊ ဥ စ္စာ ပ စ္စည်း လု ယက် ခြင်း များ ကိုလည်း ကောင်း၊ Judson Bible ငါ၏လူတို့သည် ဘေးဥပဒ်ကို ခံရသောနေ့၌ သူတို့နေရာ တံခါးအတွင်းသို့ မဝင်သင့်။ ဘေးဥပဒ်ကို ခံရသောနေ့၌ သူတို့၏ဆင်းရဲဒုက္ခကို မကြည့်မရှုသင့်။ ဘေးဥပဒ်ကို ခံရသောနေ့၌ သူတို့ဥစ္စာကို မလုမယူသင့်။ |
ထာဝရဘုရားသည် ငါခံရသောဒုက္ခဆင်းရဲကို မြင်တော်မူ၍ ယနေ့ခံရသောကျိန်ဆဲခြင်းအစား ကောင်းသောအရာကို ငါ့အား ထာဝရဘုရားပြန်ပေးကောင်းပေးတော်မူလိမ့်မည်”ဟု မိန့်ဆို၏။
ငါ့ကိုမုန်းသောသူတို့ ဘဝပျက်သောအခါ ငါဝမ်းမြောက်၍ ဒုက္ခရောက်သောအခါ ငါကခုန်ခဲ့ဖူးသလော။
အကျွန်ုပ်သည် အကျွန်ုပ်၏အရိုးရှိသမျှတို့ကို ရေတွက်နိုင်ပါ၏။ သူတို့သည် အကျွန်ုပ်ကိုစေ့စေ့ကြည့်၍ အားရလျက်နေကြပါ၏။
အီဂျစ်ပြည်၏ကြေးစားစစ်သည်တို့သည် ဆူဖြိုးသောနွားထီးပျိုကဲ့သို့ ဖြစ်သော်လည်း ဘေးဒုက္ခရောက်သောအချိန်၊ အပြစ်ဒဏ်ပေးခံရသောအချိန်၌ ခံနိုင်ရည်မရှိ။ အတူတကွနောက်လှည့်ပြေးကြလေပြီ။
ထိုအရပ်တွင် ထာဝရဘုရားရှိလျက်နှင့် သင်တို့က ဤပြည်နှစ်ပြည်၊ ဤလူမျိုးနှစ်မျိုးကို ငါတို့သိမ်းပိုက်၍ ငါတို့အပိုင်ဖြစ်မည်ဟု ဆိုသောကြောင့်
သင်သည် ရှေးယခင်ကပင် အငြိုးထားခဲ့၏။ အစ္စရေးအမျိုးသားတို့ ဘေးဒုက္ခရောက်ချိန်၊ အပြီးသတ်ဒဏ်ခတ်ခံရချိန်တွင် သင်သည် သူတို့ကို ဓားလက်သို့အပ်လိုက်၏။
သင်တို့၏ရန်သူက ရှေးကရှိခဲ့သော အထွတ်အမြတ်ထားရာကုန်းမြင့်တို့ကို ငါတို့ပိုင်ပြီဟေ့ဟူ၍ ဆိုလေပြီ’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
ထို့ကြောင့် သင်သည် ဤသို့ ပရောဖက်ပြုဟောပြောလော့။ ဘုရားရှင်ထာဝရဘုရားက ‘ရန်သူတို့သည် သင်တို့ကို အဘက်ဘက်ကဝိုင်းဝန်းချေမှုန်းပြီး လူသူကင်းမဲ့ရာဖြစ်စေ၏။ အခြားတိုင်းပြည်များသည် သင်တို့ကို ပိုင်ဆိုင်သွား၏။ သင်တို့ကို လူအများအတင်းပြောစရာ၊ ရှုတ်ချစရာ ဖြစ်စေ၏’ဟု မိန့်တော်မူ၏။
ငါအနည်းငယ်အမျက်ထွက်၍ ဂျေရုဆလင်မြို့ကို ဘေးပြုဆုံးမစေသော်လည်း ငြိမ်းချမ်းစွာနေရသောလူမျိုးခြားတို့သည် ပို၍ ပြုကြသောကြောင့် သူတို့ကို ငါအလွန်အမျက်ထွက်၏’ဟု မိန့်တော်မူ၏။