ထို့ကြောင့် ယခု သင့်အသက်နှင့် သင့်သားရှောလမုန်အသက် ဘေးကင်းမည့်အကြောင်း သင့်ကို အကြံပေးပါရစေ။
သူကြီး 9:5 - မြန်မာ့စံမီသမ္မာကျမ်း အဘိမလက်သည် ဖခင်၏အိမ်ရှိရာ ဩဖရမြို့သို့သွားပြီး ယေရုဗ္ဗာလ၏သား မိမိညီအစ်ကို အယောက်ခုနစ်ဆယ်တို့ကို ကျောက်ဖျာတစ်ခုတည်းပေါ်တွင် သတ်လေ၏။ ယေရုဗ္ဗာလ၏သားထွေး ယောသံသည် ပုန်းနေသောကြောင့် အသက်ရှင်ကျန်ရစ်ခဲ့၏။ Common Language Bible သြဖရမြို့ရှိဖခင်၏အိမ်သို့သွား၍ဂိဒေါင် ၏သားများဖြစ်ကြသော မိမိ၏ညီအစ်ကို ခုနစ်ဆယ်တို့ကိုကျောက်တုံးတစ်ခုတည်း ပေါ်၌သတ်လေသည်။ သို့ရာတွင်ဂိဒေါင်၏ သားထွေးယောသံသည် ပုန်းရှောင်နေသော ကြောင့်အသက်ဘေးမှလွတ်မြောက်သွား၏။- Garrad Bible သြ ဖ ရ မြို့ ရှိ အ ဘ အိမ် သို့ သွား ရောက်၍ ညီ အစ် ကို ဖြစ် သော ယေ ရု ဗ္ဗာ လ သား ခု နစ် ကျိပ် ကို ကျောက် ဖျာ ကြီး တစ် ချပ် ပေါ် တွင် ကွပ် မျက် လေ၏။ ယေ ရု ဗ္ဗာ လ၏ သား ထွေး ယော သံ ကား တိမ်း ရှောင် နေ သော ကြောင့် ကြွင်း ကျန် ရစ် သ တည်း။ Judson Bible တစ်ဖန် ဩဖရမြို့၌ရှိသော မိမိအဘအိမ်သို့ သွား၍၊ မိမိညီအစ်ကို ယေရုဗ္ဗာလသား ခုနစ်ဆယ်တို့ကို ကျောက်တစ်ခုပေါ်မှာ သတ်လေ၏။ သို့ရာတွင်၊ ယေရုဗ္ဗာလသားအငယ်ဆုံး ယောသံသည် ပုန်းရှောင်၍နေသောကြောင့် ကျန်ရစ်သတည်း။ |
ထို့ကြောင့် ယခု သင့်အသက်နှင့် သင့်သားရှောလမုန်အသက် ဘေးကင်းမည့်အကြောင်း သင့်ကို အကြံပေးပါရစေ။
သို့မဟုတ်လျှင် အကျွန်ုပ်၏သခင်အရှင်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်ပြီးနောက်တွင် အကျွန်ုပ်နှင့် အကျွန်ုပ်၏သားရှောလမုန်သည် ရာဇဝတ်သားများ ဖြစ်ရပါလိမ့်မည်”ဟု လျှောက်တင်လေ၏။
ယေဟုသည် ရှမာရိမြို့သို့ရောက်လာသောအခါ ထာဝရဘုရားသည် ဧလိယအား မိန့်တော်မူခဲ့သည့်စကားတော်အတိုင်း ရှမာရိမြို့၌ အာဟပ်အမျိုးကြွင်းကျန်သမျှကို အကုန်ပျက်စီးသည်အထိ သတ်လေ၏။
သူတို့ထံစာရောက်လာသောအခါ သူတို့သည် ဘုရင့်သားတော်အပါးခုနစ်ဆယ်ကို ခေါ်ဆောင်သွားပြီး သတ်ဖြတ်ကာ ဦးခေါင်းများကို ခြင်းတောင်းထဲတွင်ထည့်၍ ယေဇရေလမြို့ရှိ ယေဟုထံသို့ ပို့လိုက်၏။
တိုင်းပြည်ကို အာသလိဘုရင်မ အုပ်စိုးစဉ် ယောရှသည် အထိန်းတော်နှင့်အတူ ထာဝရဘုရား၏အိမ်တော်တွင် ခြောက်နှစ်ပတ်လုံး ပုန်းရှောင်နေခဲ့ရ၏။
ယဟောရံသည် ခမည်းတော်၏ထီးနန်းကို ဆက်ခံ၍ အင်အားခိုင်မာလာသောအခါ ညီအစ်ကိုအားလုံးနှင့် အစ္စရေးအကြီးအကဲအချို့တို့ကို ဓားနှင့်ကွပ်မျက်လေ၏။
ထို့နောက် ဟေရုဒ်မင်းကြီးသည် နက္ခတ်ပညာရှင်တို့၏မထီလေးစားပြုခြင်းကိုခံရကြောင်းသိလျှင် အမျက်ပြင်းထန်စွာထွက်၍ နက္ခတ်ပညာရှင်တို့ထံမှ သေချာစွာလေ့လာစိစစ်ထားသည့်အချိန်ကာလအရ ဗက်လင်မြို့နှင့် ၎င်းအရပ်ဒေသတစ်ဝိုက်တွင်ရှိသော အသက်နှစ်နှစ်နှင့် နှစ်နှစ်အောက်ယောက်ျားလေးအားလုံးတို့ကို သတ်စေ၏။
“ထလော့။ သူငယ်တော်နှင့်မယ်တော်တို့ကိုခေါ်၍ အစ္စရေးပြည်သို့ပြန်သွားလော့။ အကြောင်းမူကား သူငယ်တော်၏အသက်ကို ရန်ရှာခဲ့သောသူတို့သည် သေဆုံးကြလေပြီ”ဟု မြွက်ဆို၏။
ထို့နောက် ထာဝရဘုရား၏ကောင်းကင်တမန်သည် ရောက်လာ၍ ဩဖရမြို့နေ အဗျေဇာအမျိုးသား ယောရှပိုင်သောသပိတ်ပင်အောက်၌ ထိုင်လေ၏။ ထိုအချိန်၌ ယောရှ၏သားဂိဒေါင်သည် မိဒျန်လူမျိုးတို့ မသိအောင် စပျစ်သီးနယ်ရာကျင်း၌ ဂျုံများကို ရိုက်ခြွေနေ၏။
ဂိဒေါင်သည် ထိုအရပ်၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍ “ငြိမ်သက်ခြင်းအရှင် ထာဝရဘုရား”ဟု မှည့်ခေါ်လေ၏။ ထိုယဇ်ပလ္လင်သည် အဗျေဇာအမျိုးသားတို့နေထိုင်ရာ ဩဖရမြို့တွင် ယနေ့တိုင်အောင် ရှိ၏။
သို့သော် ယခုမှာ သင်တို့သည် ငါ့ဖခင်၏အိမ်သူအိမ်သားတို့ကို ထကြွပုန်ကန်၍ သူ့သားအယောက်ခုနစ်ဆယ်ကို ကျောက်ဖျာတစ်ခုပေါ်တွင် သတ်ပစ်ကြပြီ။ သူ့ကျွန်မ၏သားအဘိမလက်သည် သင်တို့၏အမျိုးသားချင်းဖြစ်သောကြောင့် ရှေခင်မြို့သားတို့ကို အုပ်စိုးရန် သူ့ကို မင်းမြှောက်ကြ၏။
“ ‘သင်တို့ကို ယေရုဗ္ဗာလ၏သား အယောက်ခုနစ်ဆယ်အုပ်စိုးသည်က ပိုကောင်းသလော။ သို့မဟုတ် တစ်ဦးတည်းအုပ်စိုးသည်က ပိုကောင်းသလော’ဟူ၍ ရှေခင်မြို့သားအပေါင်းတို့အား ပြောကြားလော့။ ငါသည် သင်တို့၏သွေးရင်းသားရင်းဖြစ်သည်ကို သတိရကြပါ”ဟု ဆို၏။
ထို့နောက် ရှေခင်မြို့သား၊ ဗက်မိလ္လောမြို့သားအပေါင်းတို့သည် ရှေခင်မြို့ရှိ အထိမ်းအမှတ်ဝက်သစ်ချပင်ရှိရာသို့ စုရုံးသွားကြပြီး အဘိမလက်ကို မင်းမြှောက်ကြ၏။