လူ၏စိတ်နှလုံးကိုဝမ်းမြောက်စေသော စပျစ်ဝိုင်ကိုလည်းကောင်း၊ မျက်နှာကိုဝင်းပြောင်စေသောဆီကိုလည်းကောင်း၊ လူ၏စိတ်နှလုံးကိုလန်းဆန်းစေသော အစားအစာကိုလည်းကောင်း ဖြစ်ပေါ်စေတော်မူ၏။
သူကြီး 9:13 - မြန်မာ့စံမီသမ္မာကျမ်း စပျစ်ပင်ကလည်း ‘ဘုရားနှင့် လူတို့ကိုဝမ်းမြောက်စေသော ငါ၏စပျစ်ဝိုင်အသစ်ကို မထုတ်ပေးတော့ဘဲ သစ်ပင်တို့အား သွား၍အုပ်စိုးရမည်လော’ဟု ဆို၏။ Common Language Bible သို့ရာတွင်စပျစ်နွယ်ပင်က`သင်တို့အားအုပ်စိုး နိုင်ရန် ငါသည်ဘုရားသခင်၏စိတ်နှင့်လူ၏ စိတ်ကိုရွှင်လန်းစေတတ်သော စပျစ်ရည်ကို ထုတ်လုပ်ပေးမှုမှရပ်စဲလိုက်ရပေလိမ့်မည်' ဟုပြန်ပြောလေသည်။- Garrad Bible စ ပျစ် ပင် က လည်း၊ ဘု ရား သ ခင်၌လည်း ကောင်း၊ လူ၌လည်း ကောင်း၊ ရွှန် လန်း စေ သော ငါ့ အ ရည် ကို စွန့် ပယ် လျက်၊ သစ် ပင် တ ကာ တို့ အ ထက်၌ လှုပ် ရှား ရန် သွား သင့် ပါ သ လော ဟု ပြန် ဆို၏။ Judson Bible စပျစ်ပင်က၊ ဘုရား၏စိတ်နှင့် လူ၏စိတ်ကို ရွှင်လန်းစေသော ငါ့စပျစ်ရည်ကို ငါသည်စွန့်၍ သစ်ပင်တို့အပေါ်မှာ လွှမ်းမိုးရမည်လောဟု ဆို၏။ |
လူ၏စိတ်နှလုံးကိုဝမ်းမြောက်စေသော စပျစ်ဝိုင်ကိုလည်းကောင်း၊ မျက်နှာကိုဝင်းပြောင်စေသောဆီကိုလည်းကောင်း၊ လူ၏စိတ်နှလုံးကိုလန်းဆန်းစေသော အစားအစာကိုလည်းကောင်း ဖြစ်ပေါ်စေတော်မူ၏။
ဆုံးပါးတော့မည့်သူအား သေရည်သေရက်ကိုလည်းကောင်း၊ စိတ်ဒုက္ခရောက်နေသောသူအား စပျစ်ဝိုင်ကိုလည်းကောင်း ပေးလော့။
ပျော်ရွှင်ရန် စားသောက်ပွဲကိုကျင်းပတတ်ကြ၏။ စပျစ်ဝိုင်သည် အသက်တာကိုဝမ်းမြောက်စေတတ်၏။ ငွေသည် ခပ်သိမ်းသောအမှုကိုဖြေရှင်းပေးတတ်၏။
လူသားတို့သည် မိမိတို့၏အနည်းငယ်သော အသက်တာနေ့ရက်များ၌ မိုးကောင်းကင်အောက်တွင် မည်သည့်အရာပြုကောင်းသည်ကို ငါမြင်ရသည်အထိ ငါ့စိတ်နှလုံးကို ဉာဏ်ပညာဖြင့်ဦးဆောင်ရင်း မိုက်မဲသောအမှု၌ကျင်လည်၍ ငါ့ကိုယ်ခန္ဓာကိုစပျစ်ဝိုင်ဖြင့်အားတက်စေမည်ဟု ငါ့စိတ်နှလုံးထဲတွင် ငါကြံစည်၏။
သွန်းလောင်းရာပူဇော်သက္ကာအဖြစ် စပျစ်ဝိုင်တစ်ဟိန်၏တစ်ဝက်ကို ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။
သိုးသငယ်တစ်ကောင်အတွက် မီးရှို့ရာယဇ်၊ သို့မဟုတ် ပူဇော်သက္ကာနှင့်အတူ စပျစ်ဝိုင်တစ်ဟိန်၏လေးပုံတစ်ပုံကို သွန်းလောင်းရာပူဇော်သက္ကာအဖြစ်ပူဇော်ရမည်။
သွန်းလောင်းရာပူဇော်သက္ကာအဖြစ် စပျစ်ဝိုင်တစ်ဟိန်၏သုံးပုံတစ်ပုံကိုလည်းကောင်း မွှေးကြိုင်သောရနံ့အဖြစ် ထာဝရဘုရားအား ပူဇော်ရမည်။
တစ်ဖန် စပျစ်ပင်ထံသွားပြီး ‘အကျွန်ုပ်တို့ကို လာအုပ်စိုးပါလော့’ဟု ဆိုပြန်၏။
နောက်ဆုံး၌ သစ်ပင်အပေါင်းတို့သည် ဆူးလေပင်ထံသွားပြီး ‘အကျွန်ုပ်တို့ကို လာအုပ်စိုးပါလော့’ဟု ဆိုကြ၏။