ဧဖရိမ်အမျိုးသားတို့က ဂိဒေါင်အား “သင်သည် မိဒျန်လူမျိုးတို့နှင့် စစ်သွားတိုက်သည်ကို ငါတို့အား အဘယ်ကြောင့် မခေါ်သနည်း။ ငါတို့အား အဘယ်ကြောင့် ထိုသို့ပြုသနည်း”ဟု ဆိုလျက် ပြင်းပြင်းထန်ထန်အပြစ်တင်ကြ၏။
ထိုနောက်ဧဖရိမ်နယ်သားတို့ကဂိဒေါင် အား``သင်သည်မိဒျန်အမျိုးသားတို့ထံသွား ရောက်တိုက်ခိုက်စဉ်အခါက အဘယ်ကြောင့် ငါတို့အားမခေါ်ဘဲနေပါသနည်း။ အဘယ် ကြောင့်ဤသို့ငါတို့အားပြုပါသနည်း'' ဟု ပြင်းပြင်းထန်ထန်အပြစ်တင်ကြ၏။
ဧ ဖ ရိမ့် သူ ရဲ တို့ က၊ ငါ တို့ ကို မ ခေါ် ဘဲ၊ မိ ဒျန် လူ မျိုး နှင့် စစ် ပြိုင် ရန် အ ဘယ် ကြောင့် ချီ သွား သ နည်း ဟု မေး မြန်း ၍ ပြင်း စွာ အ ပြစ် တင် ကြ ရာ၊
ဧဖရိမ်လူတို့က၊ သင်သည် မိဒျန်လူတို့ကို တိုက်သွားသောအခါ၊ ငါတို့ကိုမခေါ်ဘဲ ငါတို့၌ အဘယ်သို့ ပြုသနည်းဟု ကျပ်ကျပ်အပြစ်တင်ကြ၏။
ထို့နောက် အစ္စရေးအမျိုးသားအပေါင်းတို့သည် ရှင်ဘုရင်ထံသို့ လာပြီး ရှင်ဘုရင်အား “အကျွန်ုပ်တို့၏ညီအစ်ကို ယုဒအမျိုးသားတို့သည် အရှင့်ကို အဘယ်ကြောင့် ခိုးယူပြီး အရှင်မင်းကြီးမှစ၍ နန်းတွင်းသူနန်းတွင်းသားများနှင့်တကွ ဒါဝိဒ်မင်းကြီး၏လူအားလုံးကို ဂျော်ဒန်မြစ်တစ်ဖက်ကမ်းသို့ ကူးစေကြသနည်း”ဟု လျှောက်တင်ကြ၏။
ယုဒအမျိုးသားအပေါင်းတို့ကလည်း အစ္စရေးအမျိုးသားတို့အား “ရှင်ဘုရင်သည် ငါတို့၏ဆွေမျိုးရင်းချာဖြစ်၏။ ဤအမှုကြောင့် သင်တို့ အဘယ်ကြောင့် အမျက်ထွက်ကြသနည်း။ ရှင်ဘုရင်၏ရိက္ခာတော်ကို ငါတို့စားကြသလော။ ရှင်ဘုရင်ထံမှ တစ်စုံတစ်ရာကို ငါတို့ယူကြသလော”ဟု ပြန်ပြောကြလျှင်
အကယ်စင်စစ် ဒေါသသည် ဆိုးမိုက်သောသူကို သတ်တတ်၏။ မနာလိုစိတ်သည်လည်း ဉာဏ်နုံ့သောသူကို သေစေတတ်၏။
ညင်သာစွာဖြေကြားသောစကားသည် အမျက်ဒေါသကိုပြေစေတတ်၏။ ကြမ်းတမ်းသောစကားမူကား အမျက်ကိုလှုံ့ဆော်တတ်၏။
တစ်ဖန် ကြိုးပမ်းအားထုတ်မှုအားလုံးနှင့် ကျွမ်းကျင်စွာပြုသောအမှုအားလုံးတို့သည် လူအချင်းချင်းတို့၏မနာလိုဝန်တိုမှုကြောင့်သာဖြစ်ကြောင်း ငါတွေ့မြင်၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
ဧဖရိမ်အမျိုး နှုတ်ဟလိုက်သည်နှင့် လူတို့ ထိတ်လန့်ကြရ၏။ အစ္စရေးအမျိုးတွင် သူသည် ဩဇာညောင်းသူဖြစ်၏။ သို့သော် ဗာလဘုရားကြောင့် အပြစ်သင့်၍ သေဆုံးရ၏။
ဂိဒေါင်ကလည်း “ငါပြုသောအမှုသည် သင်တို့ပြုသောအမှုနှင့် အဘယ်သို့နှိုင်းယှဉ်နိုင်မည်နည်း။ အဗျေဇာအမျိုးသားစပျစ်သီးစုသိမ်းခြင်းထက် ဧဖရိမ်အမျိုးသားကောက်သင်းကောက်ခြင်းက သာ၍ကောင်းသည်မဟုတ်လော။