Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 8:1 - Common Language Bible

1 ထို​နောက်​ဧ​ဖ​ရိမ်​နယ်​သား​တို့​က​ဂိ​ဒေါင် အား``သင်​သည်​မိ​ဒျန်​အ​မျိုး​သား​တို့​ထံ​သွား ရောက်​တိုက်​ခိုက်​စဉ်​အ​ခါ​က အ​ဘယ်​ကြောင့် ငါ​တို့​အား​မ​ခေါ်​ဘဲ​နေ​ပါ​သ​နည်း။ အ​ဘယ် ကြောင့်​ဤ​သို့​ငါ​တို့​အား​ပြုပါ​သ​နည်း'' ဟု ပြင်း​ပြင်း​ထန်​ထန်​အ​ပြစ်​တင်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ဧ ဖ ရိမ့် သူ ရဲ တို့ က၊ ငါ တို့ ကို မ ခေါ် ဘဲ၊ မိ ဒျန် လူ မျိုး နှင့် စစ် ပြိုင် ရန် အ ဘယ် ကြောင့် ချီ သွား သ နည်း ဟု မေး မြန်း ၍ ပြင်း စွာ အ ပြစ် တင် ကြ ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ဧ​ဖ​ရိမ်​လူ​တို့​က၊ သင်​သည် မိ​ဒျန်​လူ​တို့​ကို တိုက်​သွား​သော​အ​ခါ၊ ငါ​တို့​ကို​မ​ခေါ်​ဘဲ ငါ​တို့၌ အ​ဘယ်​သို့ ပြု​သ​နည်း​ဟု ကျပ်​ကျပ်​အ​ပြစ်​တင်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ဧဖရိမ်​အမျိုးသား​တို့​က ဂိဒေါင်​အား “​သင်​သည် မိဒျန်​လူမျိုး​တို့​နှင့် စစ်သွားတိုက်​သည်​ကို ငါ​တို့​အား အဘယ်ကြောင့် မ​ခေါ်​သနည်း​။ ငါ​တို့​အား အဘယ်ကြောင့် ထိုသို့​ပြု​သနည်း​”​ဟု ဆို​လျက် ပြင်းပြင်းထန်ထန်​အပြစ်တင်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 8:1
9 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​ဣသ​ရေ​လ​အမျိုး​သား​အ​ပေါင်း​တို့ သည် မင်း​ကြီး​ထံ​လာ​၍``အ​ကျွန်ုပ်​တို့​၏​ညီ အစ်​ကို​များ​ဖြစ်​ကြ​သော​ယု​ဒ​ပြည်​သား တို့​သည်​အ​ရှင်​နှင့်​တ​ကွ​အ​ရှင့်​မိ​သား​စု၊ အ​ရှင့်​လူ​တို့​ကို​ယော်​ဒန်​မြစ်​တစ်​ဘက်​သို့ ပို့​ဆောင်​ခွင့်​ရှိ​သည်​ဟု​အ​ဘယ်​ကြောင့်​ထင် မှတ်​ကြ​ပါ​သ​နည်း'' ဟု​လျှောက်​ထား​ကြ​၏။


ယု​ဒ​ပြည်​သား​တို့​က``မင်း​ကြီး​သည်​ငါ​တို့ အ​နွယ်​ဝင်​ဖြစ်​သ​ဖြင့် ငါ​တို့​ထို​သို့​ပြု​ကြ ခြင်း​ဖြစ်​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​အ​ဘယ် ကြောင့်​အ​မျက်​ထွက်​ရ​ကြ​ပါ​သ​နည်း။ ငါ တို့​သည်​မင်း​ကြီး​၏​ရိက္ခာ​တော်​ကို​စား​၍ ဆု​လာဘ်​တော်​ကို​ခံ​ယူ​ပါ​သ​လော'' ဟု ပြန်​ပြော​ကြ​၏။


ဒေါသသည် လူမိုက်ကိုဖျက်ဆီးတတ်၏။ ပညာမရှိသော သူသည်လည်းငြူစူသောသဘောအားဖြင့် သေခြင်းသို့ ရောက်တတ်၏။


ဖြည်းညှင်းသော စကားသည် စိတ်ကိုဖြေတတ် ၏။ ကြမ်းတမ်းသောစကားမူကား၊ အမျက်ကို နှိုးဆော် တတ်၏။


တဖန် ကြိုးစားအားထုတ်ခြင်းအမှုနှင့်၊ ကောင်း မွန်စွာ ပြီးစီးသောအမှု အလုံးစုံတို့ကို၎င်း၊ ထိုသို့သော အမှုတို့ကြောင့် သူတပါး ငြူစူကြောင်းကို၎င်း ငါဆင်ခြင် ၏။ ထိုအမှုအရာသည် အနတ္တအမှု၊ လေကို ကျက်စား သောအမှုဖြစ်၏။


ယ​ခင်​အ​ခါ​က​ဧ​ဖ​ရိမ်​အ​နွယ်​ဝင်​တို့​ပြော သော​စ​ကား​ကို​အ​ခြား​ဣ​သ​ရေ​လ​အ​နွယ် ဝင်​တို့​သည်​ကြောက်​ရွံ့​တုန်​လှုပ်​ကြ​၏။ အ​ခြား သော​ဣ​သ​ရေ​လ​အ​နွယ်​ဝင်​တို့​သည်​ဧ​ဖ​ရိမ် အ​နွယ်​ဝင်​တို့​ကို​ရို​သေ​လေး​စား​ကြ​၏။ သို့ ရာ​တွင်​သူ​တို့​သည်​ဗာ​လ​ဘု​ရား​ကို​ကိုး ကွယ်​သော​အ​ပြစ်​ကြောင့်​သေ​ကြေ​ပျက်​စီး ရ​မည်။-


သို့​ရာ​တွင်​ဂိ​ဒေါင်​က``သင်​တို့​ပြုခဲ့​သ​မျှ နှင့်​နှိုင်း​ယှဉ်​ကြည့်​လျှင် ငါ​ပြု​ခဲ့​သ​မျှ​သည် ဘာ​မျှ​မ​ဖြစ်​လောက်​ပါ။ သင်​တို့​ပြု​သည့် အ​မှု​အ​နည်း​ငယ်​က​ပင်​လျှင် ငါ​တို့​သား ချင်း​စု​တစ်​ရပ်​လုံး​ပြု​သည့်​အ​မှု​ထက်​ပို​၍ တန်​ဖိုး​ရှိ​ပါ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ