ထိုနေ့ရက်၌ တံပိုးကြီးကိုမှုတ်လိမ့်မည်။ အဆီးရီးယားပြည်၌ပျောက်ဆုံးသောသူ၊ အီဂျစ်ပြည်သို့နှင်ထုတ်ခြင်းခံရသောသူတို့သည် ဂျေရုဆလင်မြို့၊ သန့်ရှင်းသောတောင်ပေါ်သို့လာ၍ ထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြလိမ့်မည်။
သူကြီး 7:20 - မြန်မာ့စံမီသမ္မာကျမ်း သူတို့ သုံးဖွဲ့စလုံး လက်ဝဲလက်၌ မီးတုတ်၊ လက်ယာလက်၌ တံပိုးကို ကိုင်ဆောင်ပြီး တံပိုးကိုမှုတ်၍ ရေအိုးကိုရိုက်ခွဲကာ “ထာဝရဘုရား၏ဓား၊ ဂိဒေါင်၏ဓား”ဟု ကြွေးကြော်ကြပြီး Common Language Bible အခြားတပ်သားနှစ်စုသည်လည်းဤနည်း တူပင်ပြုကြ၏။ သူတို့အားလုံးပင်ဘယ် လက်ဖြင့်မီးရှူးတိုင်ကိုကိုင်၍ ညာလက်ဖြင့် တံပိုးခရာကိုကိုင်ထားကြလေသည်။ ထို နောက်``ထာဝရဘုရားနှင့်ဂိဒေါင်၏ဋ္ဌား'' ဟူ၍ကြွေးကြော်ကြ၏။- Garrad Bible သုံး စု လုံး တံ ပိုး မှုတ် ပြီး လျှင်၊ အိုး များ ကို ရိုက် ခွဲ၍ ဝဲ လက်၌ မီး ခွက် ကိုလည်း ကောင်း၊ ယာ လက်၌ မှုတ် သော တံ ပိုး ကိုလည်း ကောင်း၊ ကိုင် လျက် ထာ ဝ ရ ဘု ရား နှင့် ဂိ ဒေါင်၏ ဓား ဘေး ဟူ၍ ကြွေး ကြော် ကြ ရာ၊ Judson Bible လူသုံးစုတို့သည် တံပိုးမှုတ်၍ အိုးတို့ကိုခွဲသဖြင့် လက်ဝဲလက်၌ မီးခွက်တို့ကိုလည်းကောင်း၊ လက်ယာလက်၌ မှုတ်စရာတံပိုးတို့ကိုလည်းကောင်းကိုင်လျက်၊ ထာဝရဘုရားနှင့် ဂိဒေါင်၏ဓားဟု ဟစ်ကြ၏။ |
ထိုနေ့ရက်၌ တံပိုးကြီးကိုမှုတ်လိမ့်မည်။ အဆီးရီးယားပြည်၌ပျောက်ဆုံးသောသူ၊ အီဂျစ်ပြည်သို့နှင်ထုတ်ခြင်းခံရသောသူတို့သည် ဂျေရုဆလင်မြို့၊ သန့်ရှင်းသောတောင်ပေါ်သို့လာ၍ ထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြလိမ့်မည်။
အို ထာဝရဘုရား၏ဓားတော်၊ မည်မျှကြာအောင်အငြိမ်မနေဘဲ တိုက်ခိုက်နေဦးမည်နည်း။ ဓားအိမ်သို့ပြန်ဝင်ပါတော့။ ရပ်ပါတော့။ ငြိမ်ငြိမ်နေပါတော့။
သို့သော် နောက်ဆုံးသောတံပိုးခရာမှုတ်ချိန်၌ မျက်စိတစ်မှိတ်အတွင်း တစ်ခဏချင်းတွင် ငါတို့အားလုံးသည် ပြောင်းလဲခြင်းသို့ရောက်ရကြလိမ့်မည်။ အကြောင်းမူကား တံပိုးခရာမှုတ်သောအခါ သေလွန်သောသူတို့သည် ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသောအရာအဖြစ် ထမြောက်စေခြင်းကိုခံရကြလိမ့်မည်။ ငါတို့သည်လည်း ပြောင်းလဲခြင်းသို့ရောက်ရကြလိမ့်မည်။
သို့သော် အလွန်ထူးမြတ်သော ဤတန်ခိုးသည် ငါတို့ထံမှမဟုတ်ဘဲ ဘုရားသခင်ထံမှဖြစ်ကြောင်း ထင်ရှားစေရန် ငါတို့သည် ဤရတနာကို မြေအိုးထဲ၌ဆောင်ထားကြ၏။
အကြောင်းမူကား ကြွေးကြော်ခြင်းနှင့်တကွ ကောင်းကင်တမန်မင်း၏အသံနှင့် ဘုရားသခင်၏တံပိုးမှုတ်သံတို့ဖြင့် သခင်ဘုရားကိုယ်တော်တိုင် ကောင်းကင်မှဆင်းသက်တော်မူသောအခါ ခရစ်တော်၌သေလွန်သောသူတို့သည် ဦးစွာထမြောက်ကြလိမ့်မည်။
ယုံကြည်ခြင်းအားဖြင့် အာဗေလသည် ကာဣနထက် မြတ်သောယဇ်ကို ဘုရားသခင်အားပူဇော်ခဲ့ပြီး ထိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သောသူအဖြစ် အသိအမှတ်ပြုခြင်းခံရ၏။ အကြောင်းမူကား ဘုရားသခင်သည် သူ၏ပူဇော်သက္ကာများကို အသိအမှတ်ပြုတော်မူ၏။ သူသည် သေလွန်သော်လည်း ထိုယုံကြည်ခြင်းအားဖြင့် ယခုတိုင်အောင် စကားပြောနေသေး၏။
ခုနစ်ပတ်မြောက်တွင် ယဇ်ပုရောဟိတ်တို့ တံပိုးမှုတ်သောအခါ ယောရှုက လူတို့အား “ကြွေးကြော်ကြလော့။ ထာဝရဘုရားသည် ဤမြို့ကို သင်တို့အား ပေးတော်မူပြီ။
ဤသို့ဖြင့် လူအပေါင်းတို့သည်လည်း ကြွေးကြော်ကြ၏။ ယဇ်ပုရောဟိတ်တို့သည် တံပိုးမှုတ်ကြ၏။ လူတို့သည် တံပိုးမှုတ်သံကို ကြားရသည်နှင့် ကျယ်လောင်စွာကြွေးကြော်ကြရာ မြို့ရိုးကြီး ပြိုကျသွားကုန်၏။ လူတို့ကလည်း မြို့ထဲသို့ တန်းတန်းမတ်မတ်ဝင်၍ မြို့ကိုသိမ်းပိုက်လေ၏။
ယဇ်ပုရောဟိတ်ခုနစ်ပါးတို့သည် သေတ္တာတော်ရှေ့မှနေ၍ သိုးချိုတံပိုးခုနစ်ခုကို ကိုင်ဆောင်သွားရမည်။ ခုနစ်ရက်မြောက်သောနေ့တွင် မြို့ကို ခုနစ်ပတ်လှည့်ပတ်ရမည်။ တံပိုးကိုမှုတ်ရမည်။
ဤလောကမှ ငါထွက်ခွာသွားပြီးနောက်တွင်လည်း ဤအကြောင်းအရာများကို သင်တို့အစဉ်အမြဲသတိရစေရန် ငါကြိုးစားမည်။
ကင်းစောင့်လဲပြီးစ သန်းခေါင်ယံအချိန်၌ ဂိဒေါင်နှင့် သူ့လူတစ်ရာတို့သည် ထိုတပ်စခန်းအစွန်နားသို့ရောက်လာပြီး တံပိုးကို မှုတ်၍ လက်ထဲရှိရေအိုးကိုရိုက်ခွဲကြ၏။
တပ်စခန်းပတ်ပတ်လည်တွင် ကိုယ့်နေရာကိုယ် အသီးသီးရပ်နေကြ၏။ တပ်စခန်းအတွင်းရှိစစ်သည်အားလုံးတို့မူကား ထွက်ပြေးကြ၏။ ပြေးလျက်အော်ဟစ်ကြ၏။
နောက်တစ်နေ့တွင် ရှောလုသည် လူတို့ကို သုံးဖွဲ့ခွဲပြီး မိုးသောက်ယံအချိန်၌ ရန်သူ့တပ်စခန်းသို့ဝင်၍ နေမြင့်သည့်တိုင်အောင် အမ္မုန်လူမျိုးတို့ကို တိုက်ခိုက်သတ်ဖြတ်လေ၏။ အသက်ရှင်ကျန်ရစ်သောသူတို့သည်လည်း နှစ်ယောက်အတူပင်ရှိမနေနိုင်ဘဲ တကွဲတပြားစီထွက်ပြေးကြရလေ၏။