Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 7:20 - Common Language Bible

20 အ​ခြား​တပ်​သား​နှစ်​စု​သည်​လည်း​ဤ​နည်း တူ​ပင်​ပြု​ကြ​၏။ သူ​တို့​အား​လုံး​ပင်​ဘယ် လက်​ဖြင့်​မီး​ရှူး​တိုင်​ကို​ကိုင်​၍ ညာ​လက်​ဖြင့် တံ​ပိုး​ခ​ရာ​ကို​ကိုင်​ထား​ကြ​လေ​သည်။ ထို နောက်``ထာ​ဝ​ရ​ဘု​ရား​နှင့်​ဂိ​ဒေါင်​၏​ဋ္ဌား'' ဟူ​၍​ကြွေး​ကြော်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 သုံး စု လုံး တံ ပိုး မှုတ် ပြီး လျှင်၊ အိုး များ ကို ရိုက် ခွဲ၍ ဝဲ လက်၌ မီး ခွက် ကိုလည်း ကောင်း၊ ယာ လက်၌ မှုတ် သော တံ ပိုး ကိုလည်း ကောင်း၊ ကိုင် လျက် ထာ ဝ ရ ဘု ရား နှင့် ဂိ ဒေါင်၏ ဓား ဘေး ဟူ၍ ကြွေး ကြော် ကြ ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 လူ​သုံး​စု​တို့​သည် တံ​ပိုး​မှုတ်၍ အိုး​တို့​ကို​ခွဲ​သ​ဖြင့် လက်​ဝဲ​လက်၌ မီး​ခွက်​တို့​ကို​လည်း​ကောင်း၊ လက်​ယာ​လက်၌ မှုတ်​စ​ရာ​တံ​ပိုး​တို့​ကို​လည်း​ကောင်း​ကိုင်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​နှင့် ဂိ​ဒေါင်၏​ဓား​ဟု ဟစ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 သူ​တို့ သုံးဖွဲ့စလုံး လက်ဝဲ​လက်​၌ မီးတုတ်​၊ လက်ယာ​လက်​၌ တံပိုး​ကို ကိုင်ဆောင်​ပြီး တံပိုး​ကို​မှုတ်​၍ ရေအိုး​ကို​ရိုက်ခွဲ​ကာ “​ထာဝရဘုရား​၏​ဓား​၊ ဂိဒေါင်​၏​ဓား​”​ဟု ကြွေးကြော်​ကြ​ပြီး

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 7:20
14 ပူးပေါင်းရင်းမြစ်များ  

ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​သော​အ​ခါ​အာ ရှု​ရိ​ပြည်​နှင့်​အီ​ဂျစ်​ပြည်​၌​ပြည်​နှင်​ဒဏ်​သင့် လျက်​နေ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း ကို​ခေါ်​ယူ​ရန်​တံ​ပိုး​ခ​ရာ​မှုတ်​လိမ့်​မည်။ သူ တို့​သည်​လည်း​ယေ​ရု​ရှ​လင်​မြို့​ရှိ​မြင့်​မြတ် သော​တောင်​တော်​ပေါ်​တွင် ထာ​ဝ​ရ​ဘု​ရား အား​ကိုး​ကွယ်​ဝတ်​ပြု​ရန်​လာ​ရောက်​ကြ လိမ့်​မည်။


ထာ​ဝ​ရ​ဘု​ရား​၏​ဋ္ဌား​တော်၊ သင်​သည်​အ​ဘယ်​မျှ​ကြာ​ကြာ​ခုတ်​ထစ် နေ​ပါ​ဦး​မည်​နည်း။ မိ​မိ​ဋ္ဌား​အိမ်​သို့​ပြန်​၍​ဝင်​ပြီး​လျှင် ငြိမ်​သက်​စွာ နေ​ပါ​လော့'' ဟု​သင်​တို့​ဆို​ကြ​၏။


သို့​ရာ​တွင်​ငါ​တို့​တွင်​အ​ချုပ်​အ​ခြာ​အာ​ဏာ တန်​ခိုး​မ​ရှိ၊ ဘု​ရား​သ​ခင်​၌​သာ​လျှင်​ရှိ​တော် မူ​ကြောင်း​ကို​ထင်​ရှား​စေ​ရန် ဆို​ခဲ့​သည့်​ဝိ​ညာဉ် ဘဏ္ဍာ​ကို​ထိန်း​သိမ်း​ရ​သူ​ငါ​တို့​သည်​မြေ​အိုး များ​သ​ဖွယ်​ဖြစ်​ကြ​သည်။-


ကြွေး​ကြော်​အ​မိန့်​ပေး​သံ၊ ကောင်း​ကင်​တ​မန်​မင်း ၏​ဟစ်​သံ၊ ဘု​ရား​သ​ခင်​၏​တံ​ပိုး​တော်​မှုတ်​သံ​ကို ကြား​ရ​သော​အ​ခါ သ​ခင်​ဘု​ရား​ကိုယ်​တော်​တိုင် ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​ကြွ​လာ​တော်​မူ​လိမ့် မည်။ ခ​ရစ်​တော်​ကို​ယုံ​ကြည်​၍​သေ​လွန်​သူ​များ သည်​ဦး​စွာ​ရှင်​ပြန်​ထ​မြောက်​ကြ​လိမ့်​မည်။-


အာ​ဗေ​လ​သည်​ကာ​ဣ​န​ပူ​ဇော်​သော​ယဇ် ထက်​ပို​၍​မြတ်​သည့်​ယဇ်​ကို ဘု​ရား​သ​ခင် အား​ပူ​ဇော်​သည်​မှာ​ယုံ​ကြည်​ခြင်း​ကြောင့် ဖြစ်​၏။ သူ​၏​ယုံ​ကြည်​ခြင်း​ကို​ထောက်​၍ ဘု​ရား​သ​ခင်​သည် သူ့​အား​ဖြောင့်​မတ်​သူ အ​ဖြစ်​လက်​ခံ​တော်​မူ​၏။ အ​ဘယ်​ကြောင့် ဆို​သော် သူ​၏​ပူ​ဇော်​သ​ကာ​များ​ကို​နှစ် သက်​တော်​မူ​သော​ကြောင့်​ဖြစ်​၏။ အာ​ဗေ​လ သည်​သေ​လွန်​သော်​လည်း မိ​မိ​၏​ယုံ​ကြည် ခြင်း​အား​ဖြင့်​ယ​ခု​ပင်​ဟော​ပြော​သေး​၏။


မြို့​ကို​သတ္တ​မ​အ​ကြိမ်​လှည့်​ပတ်​နေ​စဉ်​ယဇ် ပု​ရော​ဟိတ်​များ တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​အံ့ ဆဲ​ဆဲ​၌​ယော​ရှု​သည်​လူ​အ​ပေါင်း​တို့​အား``ဟစ် အော်​ကြွေး​ကြော်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား သည်​သင်​တို့​အား​မြို့​ကို​အပ်​တော်​မူ​ပြီ။-


ထို့​ကြောင့်​ယဇ်​ပု​ရော​ဟိတ်​တို့​တံ​ပိုး​ခရာ မှုတ်​လျှင်​မှုတ်​ခြင်း လူ​အ​ပေါင်း​တို့​သည် တ​ခဲ​နက်​ကြွေး​ကြော်​ရာ​မြို့​ရိုး​များ​ပြို​ကျ လေ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့ သည်​မြို့​တွင်း​သို့​အ​တား​အ​ဆီး​မ​ရှိ​ဘဲ ဝင်​ရောက်​၍​မြို့​ကို​သိမ်း​ယူ​ကြ​၏။-


ယဇ်​ပု​ရော​ဟိတ်​ခုနစ်​ယောက်​တို့​သည်​တံပိုး​ခ​ရာ တစ်​လုံး​စီ​ကိုင်​၍ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​က သွား​ရ​မည်။ သတ္တမ​နေ့​တွင်​ယဇ်​ပု​ရော​ဟိတ်​တို့ သည်​တံပိုး​ခရာ​မှုတ်​၍​ရှေ့​ဆောင်​လျက် သင်​နှင့် သင်​၏​စစ်​သည်​တို့​သည်​မြို့​ကို​ခု​နစ်​ကြိမ် ပတ်​ရ​ကြ​မည်။-


သို့​ဖြစ်​၍​ငါ​မ​ရှိ​သည့်​နောက်​သင်​တို့​သည် ဤ အ​ကြောင်း​အ​ရာ​များ​ကို​အ​စဉ်​မှတ်​မိ​စေ​ခြင်း ငှာ ငါ​သည်​အ​စွမ်း​ကုန်​ကြိုး​စား​အား​ထုတ်​မည်။


ဂိ​ဒေါင်​နှင့်​သူ​၏​တပ်​သား​တစ်​ရာ​တို့​သည် ရန်​သူ့​တပ်​စ​ခန်း​အ​စွန်​သို့ သန်း​ခေါင်​အ​ချိန် မ​တိုင်​မီ​အ​စောင့်​ကင်း​လဲ​ပြီး​စ​အ​ခါ​၌ ရောက်​ရှိ​လာ​ကြ​၏။ ထို​အ​ခါ​သူ​တို့​သည် တံ​ပိုး​ခ​ရာ​မှုတ်​၍ မိ​မိ​တို့​ကိုင်​ဆောင်​ထား သော​အိုး​တို့​ကို​ခွဲ​ပစ်​လိုက်​ကြ​၏။-


သူ​တို့​သည်​ရန်​သူ့​တပ်​စ​ခန်း​ပတ်​လည်​၌ အ​သီး​သီး​မိ​မိ​တို့​နေ​ရာ​၌​ရပ်​နေ​ကြ​၏။ ထို​အ​ခါ​ရန်​သူ​တပ်​တစ်​တပ်​လုံး​ပင်​လျှင် အော်​ဟစ်​ထွက်​ပြေး​ကြ​လေ​သည်။-


နောက်​တစ်​နေ့​နံ​နက်​၌​ရှော​လု​သည်​မိ​မိ ၏​လူ​တို့​ကို​သုံး​တပ်​ခွဲ​ပြီး​လျှင် အ​ရုဏ် တက်​ချိန်​၌ ရန်​သူ​တပ်​စ​ခန်း​ကို​အ​တင်း ဝင်​၍​တိုက်​ခိုက်​ရာ​မွန်း​တည့်​ချိန်​ရောက်​သော် အမ္မုန်​အ​မျိုး​သား​တို့​ကျ​ဆုံး​ကြ​ကုန်​၏။ မ​သေ​ဘဲ​ကြွင်း​ကျန်​နေ​သူ​တို့​သည်​လည်း တ​ကွဲ​တ​ပြား​ကိုယ်​လွတ်​ရုန်း​၍​ထွက်​ပြေး ကြ​လေ​သည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ