“အို ဂျေရုဆလင်သမီးပျိုတို့၊ အကျွန်ုပ်သည် အသားမည်းသော်လည်း ချစ်စရာကောင်းပါ၏။ ကေဒါတဲများ၊ ရှောလမုန်မင်းကြီး၏ရွက်ထည်များနှင့် တူပါ၏။
သူကြီး 6:5 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် တိရစ္ဆာန်များ၊ တဲများနှင့်တကွ ချီတက်လာကြ၏။ ကျိုင်းကောင်အုပ်ကြီးသဖွယ် ချီလာ၍ အစ္စရေးပြည်ကို ဖျက်ဆီးကြ၏။ သူတို့နှင့် သူတို့၏ကုလားအုတ်များလည်း မရေတွက်နိုင်အောင် များပြားလှ၏။ Common Language Bible သူတို့သည်မိမိတို့၏တဲရှင်များ၊ သိုးနွားများ နှင့်ပြန်လာတတ်ကြ၏။ သူတို့၏အရေအတွက် မှာကျိုင်းကောင်အုပ်ကဲ့သို့များသတည်း။ သူတို့ နှင့်သူတို့၏ကုလားအုတ်များမှာလည်းမရေ မတွက်နိုင်အောင်များပြားသည်။ သူတို့သည် ဝင်ရောက်လာ၍ရှိသမျှကိုဖျက်ဆီးပစ် ကြ၏။- Garrad Bible ထို သူ တို့ သည် တိ ရ စ္ဆာန် များ နှင့် တဲ များ ပါ လျက် ကျိုင်း အုပ် နှင့် အ မျှ အ မြောက် အ မြား လာ ကြ၍ လူ နှင့် ကု လား အုပ် လည်း မ ရေ မ တွက် နိုင် အောင် ထို ပြည် သို့ ချီ လာ ဖျက် ဆီး ကြ ၏။ Judson Bible အဘယ်သို့နည်းဟူမူကား၊ သူတို့သည် တိရစ္ဆာန်များ၊ တဲများပါလျက်၊ ကျိုင်းကောင်များပြားသကဲ့သို့၊ သူတို့နှင့် ကုလားအုတ်တို့သည် မရေတွက်နိုင်အောင် များပြားသဖြင့် ဣသရေလပြည်ကို ဖျက်ဆီးလျက် လာကြ၏။ |
“အို ဂျေရုဆလင်သမီးပျိုတို့၊ အကျွန်ုပ်သည် အသားမည်းသော်လည်း ချစ်စရာကောင်းပါ၏။ ကေဒါတဲများ၊ ရှောလမုန်မင်းကြီး၏ရွက်ထည်များနှင့် တူပါ၏။
ထိုမြို့၌ မျိုးဆက်အဆက်ဆက် ကာလအစဉ် မည်သူမျှမှီတင်းနေထိုင်မည်မဟုတ်။ ထိုမြို့၌ အာရပ်လူမျိုးတစ်ယောက်မျှ တဲဆောက်မည်မဟုတ်။ သိုးထိန်းတစ်ယောက်မျှ သိုးတို့ကိုထိန်းကျောင်းမည်မဟုတ်။
မိဒျန်ပြည်နှင့်ဧဖာပြည်တို့မှ ကုလားအုတ်ပျိုအလုံးအရင်းတို့သည် သင့်ပြည်၌ ပြည့်လျှံလိမ့်မည်။ ရှေဘပြည်သားအပေါင်းတို့သည် ရွှေနှင့်လော်ဗန်ကိုယူဆောင်လာ၍ ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလိမ့်မည်။
ထာဝရဘုရားက “သူတို့သည် မရေမတွက်နိုင်အောင် ကျိုင်းကောင်ကဲ့သို့များပြားသဖြင့် ပိန်းပိတ်နေသောအီဂျစ်တောအုပ်ကြီးကို ခုတ်လှဲပစ်ကြလိမ့်မည်။
သူတို့၏တဲများ၊ သိုးအုပ်များ သိမ်းယူသွားခြင်းခံရမည်။ သူတို့၏ရွက်ထည်များမှစ၍ အသုံးအဆောင်ရှိသမျှနှင့် ကုလားအုတ်များသည်လည်း ဆောင်ယူသွားခြင်းခံရမည်။ သူတို့အား ‘ကြောက်လန့်စရာများ ပတ်လည်ဝိုင်းနေပြီ’ဟူ၍ ဟစ်အော်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “သူတို့၏ကုလားအုတ်များကို လုယူ၍ တိရစ္ဆာန်အလုံးအရင်းကို သိမ်းယူသွားမည်။ နားသယ်မွေးရိတ်သောသူတို့ကို လေနှင်ရာအရပ်ရပ်သို့ ငါကွဲလွင့်စေမည်။ လေးဘက်လေးတန်မှဘေးဒုက္ခကို သူတို့ထံ ငါရောက်စေမည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “အကယ်စင်စစ် သင့်နေရာသို့ ကျိုင်းကောင်ကဲ့သို့ လူအုပ်ကြီးကို ရောက်လာစေမည်။ သူတို့သည် စစ်အောင်သံကို ကြွေးကြော်ကြလိမ့်မည်”ဟု ကိုယ့်ကိုယ်ကိုယ် တိုင်တည်၍ကျိန်ဆိုတော်မူပြီ။
သင့်မြေ၏အသီးအနှံ၊ သင့်ချွေးနှဲစာရှိသမျှတို့ကို သင်မသိသောလူမျိုးသည် စားလိမ့်မည်။ သင်သည် နှိပ်စက်ညှဉ်းဆဲခြင်းကိုသာ တစ်ချိန်လုံးခံရလိမ့်မည်။
ကျိုင်းကောင်အုပ်သဖွယ် များပြားလှသော မိဒျန်လူမျိုး၊ အာမလက်လူမျိုးနှင့် အရှေ့ပြည်သားအပေါင်းတို့သည် ချိုင့်ဝှမ်းလွင်ပြင်၌ စခန်းချလျက်ရှိကြ၏။ သူတို့၏ကုလားအုတ်တို့သည်လည်း ပင်လယ်ကမ်းခြေရှိသဲလုံးနှင့်အမျှ မရေတွက်နိုင်အောင်များပြား၏။
အရှေ့ပြည်သားစစ်သည်အပေါင်းတို့ထဲမှ ဓားကိုင်စစ်သည်တစ်သိန်းနှစ်သောင်းကျဆုံးသွားသဖြင့် ကြွင်းကျန်သောစစ်သည်တစ်သောင်းငါးထောင်တို့သာ ဇေဘဟနှင့်ဇာလမုန္နတို့နှင့်အတူ ကာကော်မြို့၌ ရှိကြ၏။
ဇေဘဟနှင့်ဇာလမုန္နတို့က “သင်ကိုယ်တိုင်ထ၍ ငါတို့ကိုသတ်လော့။ ယောက်ျားမှန်လျှင် သတ္တိရှိရမည်”ဟု ဆိုလေ၏။ ဂိဒေါင်သည်ထ၍ ဇေဘဟနှင့်ဇာလမုန္နကိုသတ်ပြီးလျှင် သူတို့ကုလားအုတ်၏လည်ပင်း၌ ဆင်ထားသောတန်ဆာများကို ချွတ်ယူလေ၏။
ဒါဝိဒ်သည် မှောင်ရီပျိုးချိန်မှစ၍ နောက်တစ်နေ့ နေဝင်ချိန်ထိ ထိုသူတို့ကို တိုက်ခိုက်ရာ ကုလားအုတ်စီး၍ ထွက်ပြေးသွားသောလူငယ်လေးရာမှလွဲ၍ ကျန်တစ်ဦးတစ်ယောက်မျှ မလွတ်ပေ။