ထာဝရဘုရား၏ကောင်းကင်တမန်သည် တောကန္တာရ၌ရှိသည့် စမ်းရေတွင်းတည်းဟူသော ရှုရအရပ်သို့သွားသောလမ်း၌ရှိသည့် စမ်းရေတွင်းနားမှာ ဟာဂရကိုတွေ့၍
သူကြီး 6:11 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ထာဝရဘုရား၏ကောင်းကင်တမန်သည် ရောက်လာ၍ ဩဖရမြို့နေ အဗျေဇာအမျိုးသား ယောရှပိုင်သောသပိတ်ပင်အောက်၌ ထိုင်လေ၏။ ထိုအချိန်၌ ယောရှ၏သားဂိဒေါင်သည် မိဒျန်လူမျိုးတို့ မသိအောင် စပျစ်သီးနယ်ရာကျင်း၌ ဂျုံများကို ရိုက်ခြွေနေ၏။ Common Language Bible ထိုနောက်ထာဝရဘုရား၏ကောင်းကင်တမန် သည်သြဖရရွာသို့လာ၍ အဗျေဇာသားချင်း စုဝင်တစ်ဦးဖြစ်သူ၊ ယောရှ၏သပိတ်ပင် အောက်၌ထိုင်လေသည်။ ယောရှ၏သားဂိဒေါင် သည် မိမိအားမိဒျန်အမျိုးသားတို့မတွေ့ မမြင်နိုင်စေရန် စပျစ်သီးနယ်ရာကျင်းတွင် ဂျုံစပါးနယ်လျက်နေ၏။- Garrad Bible တစ် ဖန် ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် ကြွ လာ၍၊ သြ ဖ ရ မြို့၊ အ ဗျေ ဇာ့ အ နွယ် သား ယော ရှ ပိုင် ညန် ပင် အောက် တွင် ထိုင် နေ ရာ၊ ယော ရှ သား ဂိ ဒေါင် သည် မိ ဒျန် လူ မျိုး မျက် ကွယ် ဖြစ် စေ ရန် ဖိ နင်း ရာ စ ပျစ် ကျင်း တွင် ဂျုံ စ ပါး ကို နယ် လျက် နေ၏။ Judson Bible တစ်ဖန် ထာဝရဘုရား၏ကောင်းကင်တမန်သည် လာ၍၊ ဩဖရရွာမှာ အဗျေဇာအမျိုးသားယောရှပိုင်သော သပိတ်ပင်အောက်၌ ထိုင်လေ၏။ ယောရှသားဂိဒေါင်သည် မိမိစပါးကို မိဒျန်လူတို့ မတွေ့စေခြင်းငှာ၊ စပျစ်သီးနယ်ရာ တန်ဆာအနားမှာ စပါးကိုနယ်လျက်နေ၏။ |
ထာဝရဘုရား၏ကောင်းကင်တမန်သည် တောကန္တာရ၌ရှိသည့် စမ်းရေတွင်းတည်းဟူသော ရှုရအရပ်သို့သွားသောလမ်း၌ရှိသည့် စမ်းရေတွင်းနားမှာ ဟာဂရကိုတွေ့၍
ဘေးအန္တရာယ်အပေါင်းမှ ငါ့ကိုရွေးနုတ်တော်မူသော ကောင်းကင်တမန်သည် ဤသူငယ်တို့ကိုကောင်းချီးပေးတော်မူပါစေသော။ သူတို့ကို ငါ၏အမည်ဖြင့်လည်းကောင်း၊ ငါ့ဘိုးဘအာဗြဟံနှင့်ဣဇက်တို့၏အမည်ဖြင့်လည်းကောင်း မှည့်ခေါ်ပါစေသော။ သူတို့သည် မြေကြီးပေါ်၌ အလွန်ပွားများကြပါစေသော”ဟု ဆိုလေ၏။
ဤသို့ဖြင့် ဧလိယသည် ထိုနေရာမှထွက်သွား၍ ရှာဖတ်၏သား ဧလိရှဲနှင့်တွေ့၏။ လယ်ထွန်လျက်ရှိသောနွားတစ်ဆယ့်နှစ်ရှဉ်းတွင် ဧလိရှဲသည် တစ်ဆယ့်နှစ်ရှဉ်းမြောက်၌ လယ်ထွန်နေ၏။ ဧလိယသည် သူ့နားသို့သွားပြီး မိမိဝတ်လုံကို သူ့အပေါ် လွှားတင်ပေးလိုက်လျှင်
သူတို့ခံရသမျှသောဆင်းရဲဒုက္ခကို ကိုယ်တော်လည်း ခံတော်မူခဲ့၏။ မျက်မှောက်တော်ရှိ ကောင်းကင်တမန်သည် သူတို့ကို ကယ်တင်ခဲ့၏။ ကိုယ်တော်သည် မေတ္တာကရုဏာတော်ဖြင့် သူတို့ကို ရွေးနုတ်တော်မူခဲ့၏။ ရှေးကာလပတ်လုံး သူတို့ကိုချီဆောင်တော်မူခဲ့၏။
ဂိလဒ်၏အမျိုးအနွယ်များကား ယေဇေရမှဆင်းသက်သော ယေဇေရမျိုးနွယ်စု၊ ဟေလက်မှဆင်းသက်သော ဟေလက်မျိုးနွယ်စု၊
ထို့ပြင် ထပ်၍ မည်သည့်အကြောင်းကို ပြောရဦးမည်နည်း။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုန်၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလနှင့် ပရောဖက်တို့၏အကြောင်းများကိုပြောလျှင် အချိန်လောက်မည်မဟုတ်။
ကျန်ရှိသော မနာရှေ၏သားမြေးများဖြစ်သည့် အဗျေဇာအမျိုး၊ ဟေလက်အမျိုး၊ အသရေလအမျိုး၊ ရှေခင်အမျိုး၊ ဟေဖာအမျိုး၊ ရှမိဒအမျိုး တို့သည် မျိုးနွယ်စုအလိုက် အမွေမြေရကြ၏။ ဤသူတို့သည် ယောသပ်သား မနာရှေမှဆင်းသက်လာသော မျိုးနွယ်စုအလိုက် သားယောက်ျားများ ဖြစ်၏။
ထာဝရဘုရား၏ကောင်းကင်တမန်က ထိုအမျိုးသမီးအား ကိုယ်ထင်ရှားပြလျက် “သင်သည် မြုံသောကြောင့် သားသမီး မရခဲ့သော်လည်း ယခု ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားမည်။
ထိုအမျိုးသမီးကလည်း မိမိခင်ပွန်းထံသွား၍ “ဘုရားသခင်၏လူတစ်ဦး အကျွန်ုပ်ထံ ရောက်လာ၏။ သူသည် ဘုရားသခင်၏ကောင်းကင်တမန်အဆင်းကဲ့သို့ အဆင်းသဏ္ဌာန်ရှိ၍ ကြောက်ရွံ့ရိုသေဖွယ်ကောင်းလှ၏။ သူအဘယ်ကလာသည်ကို မမေးမိ။ သူ့အမည်ကိုလည်း သူမပြော။
ထာဝရဘုရား၏ကောင်းကင်တမန်က ‘မေရောဇမြို့ကိုကျိန်ဆဲလော့။ ထိုမြို့၌နေထိုင်သောသူတို့ကို ကျိန်စာတိုက်လော့။ အကြောင်းမူကား သူတို့သည် ထာဝရဘုရားဘက် လာမကူကြ။ သူရဲကောင်းတို့နှင့်တိုက်ခိုက်သောထာဝရဘုရားဘက် လာမကူကြ’ဟု ဆို၏။
ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်က ကိုယ်ထင်ရှားပြ၍ သူ့အား “ရဲစွမ်းသတ္တိရှိသောစစ်သူရဲ၊ ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူ၏”ဟု ဆို၏။
ဂိဒေါင်ကလည်း “ငါပြုသောအမှုသည် သင်တို့ပြုသောအမှုနှင့် အဘယ်သို့နှိုင်းယှဉ်နိုင်မည်နည်း။ အဗျေဇာအမျိုးသားစပျစ်သီးစုသိမ်းခြင်းထက် ဧဖရိမ်အမျိုးသားကောက်သင်းကောက်ခြင်းက သာ၍ကောင်းသည်မဟုတ်လော။
အဘိမလက်သည် ဖခင်၏အိမ်ရှိရာ ဩဖရမြို့သို့သွားပြီး ယေရုဗ္ဗာလ၏သား မိမိညီအစ်ကို အယောက်ခုနစ်ဆယ်တို့ကို ကျောက်ဖျာတစ်ခုတည်းပေါ်တွင် သတ်လေ၏။ ယေရုဗ္ဗာလ၏သားထွေး ယောသံသည် ပုန်းနေသောကြောင့် အသက်ရှင်ကျန်ရစ်ခဲ့၏။