Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​ရှု 17:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ကျန်ရှိ​သော မနာရှေ​၏​သားမြေး​များ​ဖြစ်​သည့် အဗျေဇာ​အမျိုး​၊ ဟေလက်​အမျိုး​၊ အသရေလ​အမျိုး​၊ ရှေခင်​အမျိုး​၊ ဟေဖာ​အမျိုး​၊ ရှမိဒ​အမျိုး တို့​သည် မျိုးနွယ်စု​အလိုက် အမွေမြေ​ရ​ကြ​၏​။ ဤ​သူ​တို့​သည် ယောသပ်​သား မနာရှေ​မှ​ဆင်းသက်​လာ​သော မျိုးနွယ်စု​အလိုက် သား​ယောက်ျား​များ ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 ယော်​ဒန်​မြစ်​အ​နောက်​ဘက်​နယ်​မြေ​ကို​မ​နာ ရှေ​မှ​ဆင်း​သက်​သော​ကျန်​မိ​သား​စု​များ​ရ ရှိ​ကြ​သည်။ ယင်း​မိ​သား​စု​တို့​မှာ​အ​ဗျေ​ဇာ မိ​သား​စု၊ ဟေ​လက်​မိ​သား​စု၊ အ​သ​ရေ​လ မိ​သား​စု၊ ရှေ​ခင်​မိ​သား​စု၊ ဟေ​ဖာ​မိ​သား စု​နှင့်​ရှ​မိ​ဒ​မိ​သား​စု​တို့​ဖြစ်​ကြ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 မ နာ ရှေ၏ အ ခြား သား အ ဗျေ ဇာ၊ ဟေ လက်၊ အ သ ရေ လ၊ ရှေ ခင်၊ ဟေ ဗာ၊ ရှ မိ ဒ တို့ အ ဆက် များ လည်း အိမ် ထောင် အ လိုက် မဲ ကျ ၍ ပိုင် ရ ကြ၏။ ထို သူ တို့ သည် ယော သပ် သား မ နာ ရှေ၏ သား စဉ် မြေး ဆက် တို့ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 ယော​သပ်၏​သား မ​နာ​ရှေ၏​သား​ယောက်ျား အ​ခြား​တည်း​ဟူ​သော အ​ဗျေ​ဇာ​သား၊ ဟေ​လက်​သား၊ အ​သ​ရေ​လ​သား၊ ရှေ​ခင်​သား၊ ဟေ​ဖာ​သား၊ ရှ​မိ​ဒ​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက်​စာ​ရေး​တံ​ပြု၍ ရ​ကြ​သေး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 17:2
6 ပူးပေါင်းရင်းမြစ်များ  

ဂိလဒ်​၏​နှမ ဟမ္မောလေကက်​သည် ဣရှောဒ​၊ အဗျေဇာ​၊ မာလာ တို့​ကို​မွေးဖွား​၏​။


ယောသပ်​၏​သားဦး​မနာရှေ​အမျိုးအနွယ်​တို့ မဲချ​၍​ရရှိ​သော​အမွေမြေ​မှာ ဤသို့​ဖြစ်​၏​။ မနာရှေ​၏​သားဦး​၊ ဂိလဒ်​၏​ဖခင် မာခိရ​သည် စစ်သူရဲ​ဖြစ်​၍ ဗာရှန်​ပြည်​နှင့် ဂိလဒ်​ပြည်​ကို အမွေ​ရ​၏​။


မနာရှေ​၏​တီ​၊ မာခိရ​၏​မြစ်​၊ ဂိလဒ်​၏​မြေး​၊ ဟေဖာ​၏​သား ဇလောဖဒ်​၌ သား​မ​ရှိ​၊ သမီး​ချည်းသာ​ရှိ​၏​။ ထို​သမီး​များ​၏​အမည်​ကား မာလာ​၊ နောအာ​၊ ဟောဂလာ​၊ မိလခါ​၊ တိရဇာ ဟူ၍​ဖြစ်​၏​။


ထို့နောက် ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် ရောက်လာ​၍ ဩဖရ​မြို့​နေ အဗျေဇာ​အမျိုးသား ယောရှ​ပိုင်​သော​သပိတ်ပင်​အောက်​၌ ထိုင်​လေ​၏​။ ထို​အချိန်​၌ ယောရှ​၏​သား​ဂိဒေါင်​သည် မိဒျန်​လူမျိုး​တို့ မသိ​အောင် စပျစ်သီးနယ်ရာကျင်း​၌ ဂျုံ​များ​ကို ရိုက်ခြွေ​နေ​၏​။


ဂိဒေါင်​က​လည်း “​ငါ​ပြု​သော​အမှု​သည် သင်​တို့​ပြု​သော​အမှု​နှင့် အဘယ်သို့​နှိုင်းယှဉ်​နိုင်​မည်နည်း​။ အဗျေဇာ​အမျိုးသား​စပျစ်သီး​စုသိမ်း​ခြင်း​ထက် ဧဖရိမ်​အမျိုးသား​ကောက်သင်းကောက်​ခြင်း​က သာ၍​ကောင်း​သည်​မ​ဟုတ်​လော​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ