သူကြီး 13:6 - မြန်မာ့စံမီသမ္မာကျမ်း6 ထိုအမျိုးသမီးကလည်း မိမိခင်ပွန်းထံသွား၍ “ဘုရားသခင်၏လူတစ်ဦး အကျွန်ုပ်ထံ ရောက်လာ၏။ သူသည် ဘုရားသခင်၏ကောင်းကင်တမန်အဆင်းကဲ့သို့ အဆင်းသဏ္ဌာန်ရှိ၍ ကြောက်ရွံ့ရိုသေဖွယ်ကောင်းလှ၏။ သူအဘယ်ကလာသည်ကို မမေးမိ။ သူ့အမည်ကိုလည်း သူမပြော။ အခန်းကိုကြည့်ပါ။Common Language Bible6 ထိုနောက်ထိုအမျိုးသမီးသည်မိမိ၏ခင် ပွန်းထံသို့သွား၍``ဘုရားသခင်၏စေတမန် တော်သည်ကျွန်မထံသို့လာပါသည်။ သူသည် ဘုရားသခင်၏ကောင်းကင်တမန်ကဲ့သို့ပင် ကြောက်မက်ဖွယ်ရာအဆင်းကိုဆောင်ပါ၏။ ကျွန်မသည်သူ့အား`သင်အဘယ်အရပ်မှ လာသနည်း' ဟူ၍မမေးပါ။ သူကလည်း သူ၏နာမည်ကိုကျွန်မအားမပြောပါ။- အခန်းကိုကြည့်ပါ။Garrad Bible6 ထို မိန်း မ သည် ခင် ပွန်း ထံ သွား ရောက်၍ ဘု ရား သ ခင့် စေ တ မန် တော့် သ ဏ္ဌာန်၊ ကြောက် မက် ဘွယ် ကောင်း သော သ ဏ္ဌာန် ရှိ သူ ဘု ရား သ ခင့် လူ ယုံ တော် တစ် ပါး သည် ကျွန် မ ထံ သို့ ရောက် လာ ပြီး လျှင်၊ ဘယ် က ကြွ လာ သည် ဟု ကျွန် မ မ မေး မိ။ သူ က လည်း အ မည် ကို မ ဖော် မ ပြ ဘဲ မိန့် ဆို သည် မှာ၊ အခန်းကိုကြည့်ပါ။Judson Bible6 ထိုမိန်းမသည်လည်း မိမိခင်ပွန်းထံသို့ သွား၍ ဘုရားသခင်၏ ကောင်းကင်တမန်မျက်နှာကဲ့သို့ ကြောက်မက်ဖွယ်သော မျက်နှာရှိသော ဘုရားသခင်၏ လူတစ်ယောက်သည် အကျွန်ုပ်ဆီသို့ လာ၏။ အဘယ်ကလာသနည်းဟု အကျွန်ုပ်လည်း မမေး။ သူသည်လည်း မိမိအမည်ကိုမပြော။ အခန်းကိုကြည့်ပါ။ |
သူက အကျွန်ုပ်အား ‘ကြည့်ရှုလော့။ သင်သည် ကိုယ်ဝန်ဆောင်၍သားယောက်ျားကို မွေးဖွားမည်။ ထို့ကြောင့် စပျစ်ဝိုင်ဖြစ်စေ၊ သေရည်သေရက်ဖြစ်စေ မသောက်နှင့်၊ မစင်ကြယ်သောအရာတစ်စုံတစ်ခုမျှ မစားနှင့်။ သူသည် အမိဝမ်းထဲမှစ၍ သေဆုံးသည့်နေ့တိုင် ဘုရားသခင်အဖို့ နာဇရိလူဖြစ်မည်’ဟူ၍ မိန့်ဆိုသည်”ဟု ပြောပြလေ၏။