သိသရ၏မိခင်သည် ရာဇမတ်ကွက်ပြတင်းပေါက်မှမျှော်ကြည့်၍ ‘ငါ့သား၏စစ်ရထားသည် အဘယ်ကြောင့် မပြန်လာသေးဘဲ ကြန့်ကြာနေရသနည်း။ ရထားဘီးသည် အဘယ်ကြောင့် နှေးနေရသနည်း’ဟု ငိုကြွေးမြည်တမ်းလေ၏။
သိသရ၏မိခင်သည်ပြူတင်းပေါက်မှမျှော် ၍ကြည့်၏။ သူသည်တရုတ်ကပ်၏နောက်မှငေး၍ကြည့်၏။ ``သူ၏ရထားသည်အဘယ်ကြောင့်ကြန့်ကြာ၍ နေပါသနည်း။ သူ၏မြင်းတို့သည်အဘယ်ကြောင့်အပြန်နှေးလျက် နေပါသနည်း'' ဟုမြည်တမ်းပြောဆိုလျက်နေ၏။
သိ သ ရ၏ အ မိ သည် လေ သာ ပြူ တင်း က စီး ကြည့်၍ သူ စီး သော ရ ထား သည် အ ဘယ် ကြောင့် ဖင့် နွှဲ လာ ရ သ နည်း။ ရ ထား ဘီး များ လည်း အ ဘယ် ကြောင့် နောက် ကျ ရ သ နည်း ဟု မြည် တမ်း ရာ
သိသရအမိသည် ပြတင်းပေါက်ဝဖြင့် ကြည့်၍ ကုလားကာအတွင်း၌ နေလျက်၊ သူ၏ရထားသည် အဘယ်ကြောင့် လာခဲသနည်း။ ရထားဘီးတို့သည် အဘယ်ကြောင့် နှေးသနည်းဟု မြည်တမ်းလေ၏။
ရှမာရိမြို့တွင် အာခဇိမင်းကြီးသည် နန်းတော်အထက်ခန်းလေသာပြတင်းပေါက်မှ ပြုတ်ကျသဖြင့် ဒဏ်ရာရ၏။ ထို့ကြောင့် မိမိတမန်တို့အား “ငါသည် ဤဝေဒနာများမှပြန်ကောင်းလာမည်လောဟု ဧကြုန်ဘုရားဗာလဇေဗုပ်ထံသွား၍ မေးမြန်းကြလော့”ဟု ဆိုပြီး စေလွှတ်လိုက်၏။
ငါသည် ငါ၏အိမ်ပြတင်းပေါက်ရာဇမတ်ကွက်ကြားမှ မျှော်ကြည့်သောအခါ
အကျွန်ုပ်ချစ်သူသည် ဒရယ်ပျိုသဖွယ်၊ သမင်ပျိုသဖွယ် ဖြစ်ပါ၏။ ကြည့်ပါ။ အကျွန်ုပ်တို့အိမ်နောက်နံရံတွင် ရပ်နေ၏။ ပြတင်းပေါက်များမှ ကြည့်နေ၏။ ရာဇမတ်ကွက်များကြားမှ စိုက်ကြည့်နေ၏။
“အို အကျွန်ုပ်ချစ်သူ၊ အမွှေးနံ့သာတောင်ပေါ်မှ ဒရယ်ပျိုသဖွယ်၊ သမင်ပျိုသဖွယ် အပြေးလာပါလော့။”
သို့ဖြစ်၍ ညီအစ်ကိုတို့၊ သခင်ဘုရားကြွလာတော်မူသည့်တိုင်အောင် စိတ်ရှည်သည်းခံကြလော့။ ခြံသမားသည် မြေမှအဖိုးတန်သည့်အသီးအနှံကို မိုးဦးနှင့်မိုးနှောင်းရွာသည်အထိ စိတ်ရှည်စွာစောင့်တတ်၏။
ထာဝရဘုရားသည် သိသရမှစ၍ စစ်ရထား၊ စစ်သည်ရှိသမျှတို့ကို ဗာရက်၏ဓားသွားဖြင့် မရှုမလှရှုံးနိမ့်စေတော်မူသောကြောင့် သိသရသည် သူ၏စစ်ရထားပေါ်မှဆင်းပြီး ခြေကျင်ဖြင့် ထွက်ပြေးလေ၏။
သိသရသည် ယေလခြေရင်း၌ မလှုပ်မယှက်လဲလျောင်းနေ၏။ လဲလျောင်းသောနေရာ၌ပင် သေဆုံးလေ၏။
ဉာဏ်ပညာရှိသောနန်းတွင်းသူတို့က သူ့အားပြန်လျှောက်သကဲ့သို့ သူကိုယ်တိုင်လည်း ဤသို့ တွေးမိ၏။