Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 5:29 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

29 ဉာဏ်ပညာ​ရှိ​သော​နန်းတွင်းသူ​တို့​က သူ့​အား​ပြန်လျှောက်​သကဲ့သို့ သူ​ကိုယ်တိုင်​လည်း ဤသို့ တွေး​မိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

29-30 သူ​၏​ပ​ညာ​ရှိ​နန်း​တွင်း​သူ​တို့​က``သူ​တို့​သည် ဖမ်း​ဆီး​သိမ်း​ယူ​၍​ဝေ​ငှ​ရန်​အ​တွက်၊ ပစ္စည်း​ဥစ္စာ​များ​ကို​ရှာ​ဖွေ​လျက်​ရှိ​ကြ​ပါ​မည်။ စစ်​သား​တစ်​ယောက်​စီ​အ​တွက်​အ​ပျို​က​ညာ တစ်​ယောက်​နှစ်​ယောက်​ကို​လည်း​ကောင်း၊ သိ​သ​ရ​အ​တွက်​အ​ဖိုး​ထိုက်​အ​ဝတ် အ​ထည်​နှင့် မိ​ဖု​ရား​အ​တွက်၊ ပန်း​ထိုး​လည်​စည်း​တန်​ဆာ​တို့​ကို​လည်း​ကောင်း ရှာ​ဖွေ​လျက်​နေ​သော​ကြောင့်​ပင်​ဖြစ်​တန်​ရာ​၏'' ဟု ပြန်​လည်​ဖြေ​ကြား​ကြ​သ​ဖြင့်​သူ​ကိုယ်​တိုင်​လည်း ထို​အ​တိုင်း​အ​ဖန်​တ​လဲ​လဲ​တွေး​တော​လျက် နေ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

29 ပ ညာ ရှိ နန်း တွင်း သူ တို့ ပြန် လျှောက် သည့် ပြင်၊ ကိုယ် တိုင် အောက် မေ့ မိ သည် မှာ

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

29 ပ​ညာ​ရှိ​သော မင်း​သ​မီး​တို့​သည် ပြန်​လျှောက်​သည်​သာ​မ​က၊ သူ့​ကိုယ်​တိုင် ပြန်​ပြော​သည်​ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 5:29
3 ပူးပေါင်းရင်းမြစ်များ  

ယနေ့​လည်း မိဖုရား​၏​အပြုအမူ​ကို​ကြားသိ​ကြ​သော ပါးရှား​ပြည်​နှင့် မေဒိ​ပြည်​မှ​အကြီးအကဲ​ကတော်​တို့​သည် အရှင်မင်းကြီး​ခန့်ထား​သော​အကြီးအကဲ​အပေါင်း​တို့​ကို ထို​အတိုင်း ပြောဆို​ဆက်ဆံ​ကြ​ပါ​လိမ့်မည်​။ သို့ဖြစ်၍ မထီလေးစားပြု​ခြင်း​နှင့် အမျက်ထွက်​ခြင်း​တို့ များပြား​လာ​ပါ​လိမ့်မည်​။


သိသရ​၏​မိခင်​သည် ရာဇမတ်ကွက်​ပြတင်းပေါက်​မှ​မျှော်ကြည့်​၍ ‘​ငါ့​သား​၏​စစ်ရထား​သည် အဘယ်ကြောင့် မ​ပြန်လာ​သေး​ဘဲ ကြန့်ကြာ​နေ​ရ​သနည်း​။ ရထားဘီး​သည် အဘယ်ကြောင့် နှေး​နေ​ရ​သနည်း​’​ဟု ငိုကြွေးမြည်တမ်း​လေ​၏​။


‘​ယောက်ျား​တစ်​ယောက်​အတွက် မိန်းမပျို​တစ်​ယောက်​၊ နှစ်​ယောက်​၊ သိသရ​အတွက် တိုက်ခိုက်လုယူ​သော​ပစ္စည်း​ထဲမှ ရောင်စုံ​အဝတ်အစား​၊ ငါ့​အတွက် ရောင်စုံပန်းထိုး​အဝတ်အစား​၊ ရောင်စုံပန်းထိုး​လည်စည်း စသည်​တို့​ကို​ခွဲဝေ​နေ​ကြ​ခြင်း​သာ​ဖြစ်​မည်​’​ဟူ၍ ဖြစ်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ