အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




သူ​ကြီး 5:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

“​အစ္စရေး​လူမျိုး​တွင် ခေါင်းဆောင်​တို့ ဦးဆောင်​၍ လူ​တို့​သည်​လည်း အသက်စွန့်​ပြီး တိုက်ပွဲဝင်​ကြ​သည်​ဖြစ်၍ ထာဝရဘုရား​ကို ချီးမွမ်း​ကြ​လော့​။

အခန်းကိုကြည့်ပါ။

Common Language Bible

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တိုက်​ပွဲ​ဝင်​ရန် သန္နိ​ဋ္ဌာန်​ချ​မှတ်​ကြ​၏။ ပြည်​သူ​တို့​က​လည်း​စေ​တ​နာ​အ​လျောက် ဝမ်း​မြောက်​စွာ​ပါ​ဝင်​ဆင်​နွှဲ​ကြ​၏။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။

အခန်းကိုကြည့်ပါ။

Garrad Bible

ဣ သ ရေ လ လူ မျိုး တော် သည် ဦး ဆံ ဖား လျား ကျ လျက် အ ပျော် စစ် ထမ်း ရ သော ကြောင့် ထာ ဝ ရ ဘု ရား ကို သြ ဘာ ပြု ကြ လော့။

အခန်းကိုကြည့်ပါ။

Judson Bible

ဣ​သ​ရေ​လ​အ​မျိုး၌ မင်း​တို့​သည် အ​ဦး​ပြု​သော​ကြောင့်​လည်း​ကောင်း၊ ဆင်း​ရဲ​သား​တို့​သည် စေ​တ​နာ​စိတ်​နှင့် မိ​မိ​ကိုယ်​ကို လှူ​သော​ကြောင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။

အခန်းကိုကြည့်ပါ။



သူ​ကြီး 5:2
23 ပူးပေါင်းရင်းမြစ်များ  

ယေဟောဟနန်​၏​လက်အောက်​တွင် ထာဝရဘုရား​အတွက်​စေတနာစိတ်​ထက်သန်​သူ ဇိခရိ​၏​သား​အာမသိ​နှင့် စစ်သူရဲ​အယောက်​နှစ်သိန်း​၊


မိမိ​တို့​ဆန္ဒ​အလျောက် ဂျေရုဆလင်​မြို့​၌​နေထိုင်​လို​သော​သူ​အပေါင်း​တို့​ကို လူ​တို့​သည် ကောင်းချီးပေး​ကြ​၏​။


အို ငါ့​စိတ်ဝိညာဉ်​၊ ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​လော့​။ ကိုယ်တော်​၏​ကျေးဇူး​တော်​အပေါင်း​ကို မ​မေ့လျော့​နှင့်​။


သင်​၏​တန်ခိုး​ထင်ရှား​သော​နေ့​၌ သင်​၏​လူမျိုး​သည် စေတနာစိတ်​နှင့်​ပါဝင်​ကြ​လိမ့်မည်​။ သင်​၏​ပျိုရွယ်​ခြင်း​နှင်းစက်​သည် သန့်ရှင်း​သော​ဘုန်းအာနုဘော်​ကို​ဆောင်​လျက် နံနက်အချိန်​ဝမ်းဗိုက်​ထဲမှ သင့်​ထံသို့​လာ​လိမ့်မည်​။


ဖာရော​မင်းကြီး​နှင့်​သူ​၏​တပ်​ကို​မူကား ပင်လယ်​နီ​ထဲ၌ လှဲချ​တော်မူ​၏​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။


ဘုရားသခင်​သည် ငါ့​အတွက်​လက်တုံ့ပြန်​ပေး​၍ လူမျိုး​တို့​ကို ငါ့​လက်​အောက်​သို့ ရောက်​စေ​တော်မူ​၏​။


ကိုယ်တော်​၏​တရားစီရင်​တော်မူ​ချက်​များ​ကြောင့် ဇိအုန်​တောင်​သည် ဝမ်းမြောက်​ပါစေ​။ ယုဒ​သမီးပျို​တို့​သည် ရွှင်လန်း​ကြ​ပါစေ​။


လက်တုံ့ပြန်​တော်မူ​သော​ဘုရားသခင် အို ထာဝရဘုရား​၊ လက်တုံ့ပြန်​တော်မူ​သော​ဘုရားသခင်​၊ ရောင်ခြည်​တော်​ကို​လွှတ်​တော်မူ​ပါ​။


အို ထာဝရဘုရား​၊ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကြောင့် ဇိအုန်​သည် ကြား​၍ ဝမ်းမြောက်​ပါ​၏​။ ယုဒ​ပြည်​၏​သမီး​တို့​သည်​လည်း ရွှင်လန်း​ကြ​ပါ​၏​။


ထို​အမှု​ကို ငါ​၏​ဆန္ဒ​အလျောက်​ဆောင်ရွက်​လျှင် ငါ့​အတွက် ဆုလာဘ်​ရှိ​၏။ သို့သော် ငါ​၏​ဆန္ဒ​အလျောက်​မ​ဟုတ်​လျှင်​လည်း ဤ​စီမံ​ခန့်ခွဲ​မှု​ကို ငါ​၌​ယုံကြည်​အပ်နှံ​ထား​ပြီ​ဖြစ်​၏။


အကြောင်းမူကား စေတနာ​စိတ်​ရှိ​လျှင် မ​ရှိ​သည့်​အရာ​ကို​မ​ထောက်​ဘဲ ရှိ​သည့်​အရာ​ကို​ထောက်​၍ နှစ်သက်​လက်ခံ​တော်မူ​၏။


လူ​တစ်ဦးစီ​သည် နှမြော​သော​စိတ်​ဖြင့်​မ​ဟုတ်။ မလွှဲမရှောင်​သာ​သော​အားဖြင့်​လည်း​မ​ဟုတ်​ဘဲ မိမိ​၏​စိတ်​ထဲ၌ ဆုံးဖြတ်​ထား​သည့်​အတိုင်း ပေးလှူ​သင့်​၏။ အကြောင်းမူကား ဘုရားသခင်​သည် ကြည်ဖြူ​သော​စိတ်​ဖြင့်​ပေးလှူ​သော​သူ​ကို နှစ်သက်​တော်မူ​၏။


အို လူမျိုး​အပေါင်း​တို့​၊ လူမျိုး​တော်​နှင့်အတူ ရွှင်လန်း​စွာ​ကြွေးကြော်​ကြ​လော့​။ ကိုယ်တော်​သည် မိမိ​အစေအပါး​တို့​၏​သွေး​အတွက်​လက်တုံ့ပြန်​မည်​။ မိမိ​ကို​ရန်ပြုသောသူ​တို့​အား လက်စားချေ​တော်မူ​မည်​။ ပြည်​တော်​၊ လူမျိုး​တော်​တို့​၏​အပြစ်​ကို​ဖြေလွှတ်​တော်မူ​မည်​”​ဟူ၍ ဖြစ်​၏​။


သူ​သည် မိမိ​အဖို့​အကောင်းဆုံး​ကို​ရွေးချယ်​၏​။ ခေါင်းဆောင်​ဝေစု​ကို​ရယူ​ထား​၏​။ လူမျိုး​၏​အကြီးအမှူး​ထံသို့​လာ​၍ အစ္စရေး​လူမျိုး​တို့​နှင့်အတူ ထာဝရဘုရား​၏​ဖြောင့်မတ်​ခြင်း​တရား​နှင့်​စီရင်ထုံးဖွဲ့ချက်​တို့​ကို လိုက်နာ​ဆောင်ရွက်​၏​။


အကြောင်းမူကား စေတနာ​တော်​အတိုင်း ဆန္ဒ​ရှိ​ကြ​စေရန်​နှင့် လုပ်ဆောင်​ကြ​စေရန် သင်​တို့​အထဲ၌​လုပ်ဆောင်​တော်မူ​သော​အရှင်​ကား ဘုရားသခင်​ပေတည်း။


သို့သော် သင်​ပြု​သော​ကောင်းမှု​သည် မလွှဲမရှောင်​သာ၍​ပြု​ရ​ခြင်း​မျိုး​မ​ဟုတ်​ဘဲ မိမိ​ဆန္ဒ​အလျောက်​ဖြစ်​စေရန် သင်​၏​သဘော​တူညီ​ချက်​မ​ပါ​လျှင် မည်သည့်​အရာ​ကို​မျှ ငါ​မ​ပြု​လို​ပါ။


ကောင်းကင်​မှစ၍ သန့်ရှင်း​သူ​များ၊ တမန်တော်​များ​နှင့် ပရောဖက်​များ​တို့၊ ထို​မြို့​၏​အဖြစ်​ကြောင့် ပျော်ရွှင်​ကြ​လော့။ အကြောင်းမူကား ဘုရားသခင်​သည် သင်​တို့​ဘက်​၌​နေ​၍ ထို​မြို့​အပေါ် ပြစ်ဒဏ်​စီရင်​ခြင်း​ကို​သက်ရောက်​စေ​တော်မူ​ပြီ”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။


အကြောင်းမူကား ကိုယ်တော်​၏​တရား​စီရင်​တော်မူ​ချက်​တို့​သည် မှန်ကန်​၍​ဖြောင့်မတ်​၏။ တရားနှင့်မညီ​မေထုန်ပြု​ခြင်း​အားဖြင့် ကမ္ဘာ​မြေကြီး​အား​ပျက်စီး​စေ​သည့် ပြည့်တန်ဆာမ​ကြီး​ကို ကိုယ်တော်​သည် စီရင်​တော်မူ​လျက် သူ​၏​လက်​၌​စွန်းထင်း​သော ကိုယ်တော့်​အစေအပါး​တို့​၏​သွေး​အတွက် လက်တုံ့ပြန်​တော်မူ​ပြီ”​ဟု ဆို​ကြ​၏။


ထာဝရဘုရား​ကို ချီးမွမ်း​ကြ​လော့​။ အစ္စရေး​လူမျိုး​တို့​၏​ခေါင်းဆောင်​များ​၊ လူ​တို့​နှင့်အတူ အသက်စွန့်​တိုက်ပွဲဝင်​ကြ​သော​သူ​များ​အတွက် ငါ​ဂုဏ်ယူ​၏​။