ဘုရားသခင်က မောရှေနှင့် မိမိ၏လူမျိုးတော်အစ္စရေးတို့အား ပြုပေးခဲ့သောအရာအားလုံးနှင့် ထာဝရဘုရားက အစ္စရေးလူမျိုးတို့အား အီဂျစ်ပြည်မှ မည်သို့ထုတ်ဆောင်လာခဲ့သည်ကို မောရှေ၏ယောက္ခမ မိဒျန်ယဇ်ပုရောဟိတ်ယေသရော ကြားသိရ၏။
သူကြီး 4:11 - မြန်မာ့စံမီသမ္မာကျမ်း ထိုစဉ်က ကေနိလူမျိုး၊ ဟေဗာသည် မောရှေယောက္ခမဟောဗပ်၏သားမြေးများဖြစ်သည့် ကေနိလူမျိုးတို့မှ ခွဲထွက်၍ ကေဒေရှမြို့အနီး၊ ဇာနန္နိမ်အရပ်ရှိ ဝက်သစ်ချပင်အောက်တွင် တဲထိုးနေ၏။ Common Language Bible ဤအတောအတွင်း၌ကေနိအမျိုးသား ဟေဗာသည် ကာဒေရှမြို့အနီးဗာနိမ်အရပ် ရှိသပိတ်ပင်ခြေရင်း၌မိမိ၏တဲကိုတည် ဆောက်၏။ သူသည်မောရှေ၏ယောက်ဖ၊ ဟောဗက် ၏သားမြေးများဖြစ်သူအခြားကေနိအနွယ် ဝင်တို့ထံမှပြောင်းရွှေ့လာသူဖြစ်သတည်း။ Garrad Bible မော ရှေ့ ယော က္ခ မ ဖြစ် သော ဟော ဗပ်၏ သား မြေး မြစ် အ ပါ အ ဝင်၊ ကေ နိ အ မျိုး သား ဟေ ဗာ သည် ကေနိ လူ မျိုး နှင့် ခွာ ၍၊ ကေ ဒေ ရှ မြို့ အ နီး၊ ဇာ န န္နိမ် အ ရပ် ရှိ ညန် ပင် ခြေ ရင်း အ ထိ တဲ စိုက် နှင့် သ တည်း။ Judson Bible မောရှေ၏ယောက္ခမ ဟောဗတ်၏သားမြေးအဝင်၊ ကေနိအမျိုးသားဟေဗာသည်၊ ကေနိလူတို့နှင့်ခွာ၍ ကေဒေရှမြို့အနား၊ ဇာနိမ်သပိတ်ပင်ခြေရင်း၌ တဲကိုဆောက်လျက် နေနှင့်သတည်း။ |
ဘုရားသခင်က မောရှေနှင့် မိမိ၏လူမျိုးတော်အစ္စရေးတို့အား ပြုပေးခဲ့သောအရာအားလုံးနှင့် ထာဝရဘုရားက အစ္စရေးလူမျိုးတို့အား အီဂျစ်ပြည်မှ မည်သို့ထုတ်ဆောင်လာခဲ့သည်ကို မောရှေ၏ယောက္ခမ မိဒျန်ယဇ်ပုရောဟိတ်ယေသရော ကြားသိရ၏။
သူတို့သည် ဖခင်ရွေလထံသို့ ပြန်ရောက်သော် ဖခင်က “ယနေ့ သင်တို့ အဘယ်ကြောင့် စောစောပြန်ရောက်ကြသနည်း”ဟု မေးလေ၏။
မောရှေသည် မိမိယောက္ခမ မိဒျန်ယဇ်ပုရောဟိတ်ယေသရော၏သိုးဆိတ်တို့ကို ထိန်းကျောင်းနေစဉ် သူသည် သိုးဆိတ်တို့ကို တောကန္တာရအနောက်ဘက်သို့နှင်သွားရာ ဟောရပ် ဟုခေါ်သောဘုရားသခင်၏တောင်သို့ ရောက်လေ၏။
မောရှေသည် မိမိယောက္ခမဖြစ်သူ မိဒျန်လူမျိုးရွေလသား ဟောဗပ်အား “ ‘ထိုပြည်ကိုသင်တို့အား ငါပေးမည်’ဟု ထာဝရဘုရားမိန့်တော်မူခဲ့သောအရပ်သို့ အကျွန်ုပ်တို့ခရီးပြုနေကြပါ၏။ ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့အား ကောင်းစားစေမည်ဟူသောကတိထားခဲ့သည်ဖြစ်၍ အကျွန်ုပ်တို့နှင့်အတူ လိုက်ခဲ့ပါ။ သင့်ကို ကျေးဇူးပြုပါမည်”ဟု ဆိုလေ၏။
သင်သည် အကျွန်ုပ်တို့နှင့်အတူလိုက်လျှင် ထာဝရဘုရားက အကျွန်ုပ်တို့အား ကျေးဇူးပြုသည့်ကောင်းသောအရာများဖြင့် အကျွန်ုပ်တို့သည် သင့်အား ကျေးဇူးပြုပါမည်”ဟု ဆိုလေ၏။
တစ်ဖန် ကေနိလူမျိုးကိုရှုမြင်၍ ပရောဖက်ပြုသည်မှာ “သင်နေထိုင်ရာအရပ်သည် ခိုင်ခံ့၏။ သင်၏အသိုက်အမြုံသည် ကျောက်ပေါ်၌ တည်၏။
သူတို့၏နယ်နိမိတ်သည် ဟေလပ်မြို့၊ ဝက်သစ်ချတောရှိရာ ဇာနန္နိမ်မြို့၊ အာဒမိမြို့၊ ယာဗနေလမြို့ တို့မှ လာကုံမြို့အထိရောက်၍ ဂျော်ဒန်မြစ်တွင် ဆုံး၏။
မောရှေယောက္ခမ၏သားမြေး ကေနိအမျိုးသားတို့သည် ယုဒအမျိုးသားတို့နှင့်အတူ စွန်ပလွံမြို့မှ အာရဒ်နေဂေ့အရပ်ရှိ ယုဒတောကန္တာရသို့ လိုက်သွား၍ ထိုအရပ်သားတို့နှင့်အတူ နေထိုင်ကြ၏။
ဒေဗောရသည် နဿလိနယ်၊ ကေဒေရှမြို့ရှိ အဘိနောင်၏သား ဗာရက်ကို လူလွှတ်ခေါ်စေ၍ “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘နဿလိအမျိုး၊ ဇာဗုလုန်အမျိုးတို့ထဲမှ လူတစ်သောင်းကို သင်နှင့်အတူ တာဗော်တောင်သို့ ခေါ်ဆောင်သွားလော့။
ရှောလုမင်းကြီးက ကေနိလူမျိုးတို့အား “အာမလက်လူမျိုးတို့ထံမှ ဝေးစွာထွက်သွားလော့။ သို့မဟုတ်လျှင် သင်တို့ကို သူတို့နှင့်အတူ ဖျက်ဆီးမိလိမ့်မည်။ အစ္စရေးအမျိုးသားအပေါင်းတို့ အီဂျစ်ပြည်မှ ထွက်လာစဉ်က သင်တို့သည် သူတို့အားမေတ္တာကရုဏာကို ပြသခဲ့ပြီ”ဟု ဆိုသဖြင့် ကေနိလူမျိုးတို့သည် အာမလက်လူမျိုးတို့ထံမှ ထွက်သွားကြ၏။
အာခိတ်မင်းကြီးကလည်း “ယနေ့ မည်သည့်အရပ်တွင် တိုက်ခိုက်ခဲ့သနည်း”ဟု မေးလျှင် ဒါဝိဒ်က “ယုဒတောင်ဘက်”၊ “ယေရမေလတောင်ဘက်”၊ “ကေနိတောင်ဘက်” စသည်ဖြင့် ပြန်လျှောက်လေ့ရှိ၏။