“သင်သည် ဒါဝိဒ်မင်းကြီးထံသို့သွားပြီး ‘သင့်အား ရွေးချယ်စရာသုံးခုကို ပေးထားပြီ။ ထိုသုံးခုထဲမှ တစ်ခုကို ရွေးလော့။ သင်ရွေးသည့်အချက်အတိုင်း သင့်ကို ပြုမည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူ၏”ဟု ဆင့်ဆိုလော့။
သူကြီး 3:20 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် လေသာနန်းဆောင်ထဲတွင် ဧဂလုန်မင်းကြီးတစ်ယောက်တည်းထိုင်နေစဉ် ဧဟုဒသည် သူ့ထံသို့ချဉ်းကပ်၍ “ဘုရားသခင်၏အမိန့်တော်ကို ဆင့်ဆိုရန်ရှိပါသည်”ဟု ဆိုသဖြင့် ဧဂလုန်မင်းကြီးသည် ထိုင်ရာမှ ထလိုက်သောအခါ Common Language Bible မင်းကြီးသည်နွေနန်းဆောင်၌တစ်ကိုယ်တည်း ထိုင်လျက်နေစဉ် ဧဟုဒသည်ဘုရင်၏အနီး သို့သွားပြီးလျှင်``အရှင်မင်းကြီးအတွက် ဘုရားသခင်ထံမှအမိန့်တော်ရှိပါသည်'' ဟုဆို၏။ မင်းကြီးသည်လည်းမတ်တတ် ထတော်မူ၏။- Garrad Bible ထို အ ခါ လေ သာ နန်း ဆောင် တွင် တစ် ကိုယ် တည်း စံ နေ ရာ ဧ ဟု ဒ ချဉ်း ကပ်၍ ဘု ရင် မင်း မြတ် အား ဘု ရား သ ခင့် အ မိန့် တော် ဆင့် ဆို ရန် ရှိ ပါ သည် ဟု တင် လျှောက် သည့် အ တိုင်း ရာ ဇ ပ လ္လင် ထက် မှ ဘု ရင် မင်း ဆင်း သက် လျှင်၊ Judson Bible ထိုအခါ ရှင်ဘုရင်သည် ကိုယ်တိုင် တစ်ယောက်တည်းနေတတ်သော နွေနန်းဆောင်၌ ထိုင်နေစဉ်၊ ဧဟုဒသည် ချဉ်းကပ်၍ ကိုယ်တော်နှင့်ဆိုင်သော ဘုရားသခင်၏အမိန့်တော်ပါပါ၏ဟု လျှောက်သော်၊ ရှင်ဘုရင်သည် ထလေ၏။ |
“သင်သည် ဒါဝိဒ်မင်းကြီးထံသို့သွားပြီး ‘သင့်အား ရွေးချယ်စရာသုံးခုကို ပေးထားပြီ။ ထိုသုံးခုထဲမှ တစ်ခုကို ရွေးလော့။ သင်ရွေးသည့်အချက်အတိုင်း သင့်ကို ပြုမည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူ၏”ဟု ဆင့်ဆိုလော့။
ဧဇရသည် လူအပေါင်းတို့ထက်မြင့်သောနေရာတွင်ရပ်၍ လူအပေါင်းတို့ရှေ့တွင် ကျမ်းစာအုပ်ကိုဖွင့်လိုက်၏။ ထိုသို့ ကျမ်းစာအုပ်ကိုဖွင့်လိုက်သောအခါ လူအပေါင်းတို့သည် မတ်တတ်ရပ်ကြ၏။
အို ကောင်းကင်သားတို့၊ ထာဝရဘုရားကိုသိမှတ်ဝန်ခံကြလော့။ ဘုန်းအသရေနှင့်အစွမ်းသတ္တိသည် ထာဝရဘုရားနှင့်ဆိုင်ကြောင်း သိမှတ်ဝန်ခံကြလော့။
အို လူမျိုးတကာတို့၏ဘုရင်၊ ကိုယ်တော်သည် ကြောက်ရွံ့ရိုသေခြင်းကို ခံထိုက်တော်မူပါ၏။ မည်သူသည် ကိုယ်တော့်ကို မကြောက်ရွံ့ဘဲနေပါသနည်း။ လူမျိုးတကာတို့၏ပညာရှိအပေါင်းတို့တွင်လည်းကောင်း၊ တိုင်းနိုင်ငံရှိသမျှတို့တွင်လည်းကောင်း ကိုယ်တော်နှင့်တူသောသူတစ်ယောက်မျှမရှိပါ။
ထိုအချိန်သည် နဝမလဖြစ်၍ ရှင်ဘုရင်သည် ဆောင်းရာသီစံနန်းဆောင်တွင် စံမြန်းနေ၏။ သူ့ရှေ့၌ မီးတောက်နေသော မီးလင်းဖိုရှိ၏။
ဆောင်းရာသီစံအိမ်၊ နွေရာသီစံအိမ်တို့ကို ငါဖြိုဖျက်ပစ်မည်။ ဆင်စွယ်အိမ်များကိုလည်းဖျက်ဆီးသဖြင့် ခမ်းနားထည်ဝါသောစံအိမ်များ ပျက်စီးရလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထာဝရဘုရားသည် မြို့ကို အော်ဟစ်မိန့်မြွက်တော်မူ၏။ ဉာဏ်ပညာရှိသောသူသည် နာမတော်ကို သိမြင်လေပြီ။ တောင်ဝှေးကိုလည်းကောင်း၊ တောင်ဝှေးအား ခန့်အပ်ထားသောအရှင်ကိုလည်းကောင်း နာခံလော့။
ထိုအခါ ဗာလမ်က ပရောဖက်ပြုလျက် “ဗာလက်မင်းကြီး၊ ထလော့။ နားထောင်လော့။ ဇိဖော်သား၊ ငါ့စကားကို စူးစိုက်နားထောင်လော့။
သူမူကား ဂိလဂါလအရပ်ရှိ ရုပ်တုများရှိရာသို့ ရောက်ပြီးမှ ပြန်လှည့်လာ၍ “အရှင်မင်းကြီး၊ အရှင်မင်းကြီးအား လျှို့ဝှက်သတင်း ပြောစရာရှိပါ၏”ဟု ဆိုလျှင် ဧဂလုန်မင်းကြီးက မိမိလူတို့အား “တိတ်တိတ်နေကြ”ဟု ဆိုသဖြင့် သူ့ထံ၌ ခစားသောသူအားလုံး ထွက်သွားကြ၏။
ဧဟုဒလည်း လက်ဝဲလက်ကိုဆန့်၍ ယာဘက်ပေါင်၌ဝှက်ထားသောသန်လျက်ကို ဆွဲထုတ်ကာ ဧဂလုန်မင်းကြီး၏ဝမ်းဗိုက်ကို ထိုးလေ၏။