Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 3:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 သူ​မူကား ဂိလဂါလ​အရပ်​ရှိ ရုပ်တု​များ​ရှိ​ရာ​သို့ ရောက်​ပြီးမှ ပြန်လှည့်​လာ​၍ “​အရှင်မင်းကြီး​၊ အရှင်မင်းကြီး​အား လျှို့ဝှက်​သတင်း ပြောစရာ​ရှိ​ပါ​၏​”​ဟု ဆို​လျှင် ဧဂလုန်​မင်းကြီး​က မိမိ​လူ​တို့​အား “​တိတ်တိတ်နေ​ကြ​”​ဟု ဆို​သဖြင့် သူ့​ထံ၌ ခစား​သော​သူ​အားလုံး ထွက်သွား​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 သူ​မူ​ကား​ဂိ​လ​ဂါ​လ​မြို့​အ​နီး​၌​ရှိ​သော ကျောက်​ရုပ်​တု​များ​ရှိ​ရာ​မှ​ပြန်​လာ​၍​ဧ​ဂ လုန်​ကို``မင်း​ကြီး​အား​လျှောက်​ထား​ရန်​လျှို့​ဝှက် သ​တင်း​ရှိ​ပါ​သည်'' ဟု​လျှောက်​၏။ သို့​ဖြစ်​၍ မင်း​ကြီး​သည်​ကျေး​ကျွန်​တို့​အား``ငါ​တို့​နှစ် ဦး​တည်း​ပြော​စ​ရာ​ရှိ​၍​ထွက်​သွား​ကြ​လော့'' ဟု​အ​မိန့်​ပေး​သ​ဖြင့်​ကျေး​ကျွန်​အ​ပေါင်း တို့​သည်​အ​ပြင်​သို့​ထွက်​သွား​ကြ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 ဂိ လ ဂါ လ မြို့ အ နီး ရှိ ကျောက် ရုပ် တု များ ရှိ ရာ က ပြန် လာ၍၊ ကျွန် တော် မျိုး သည် ဘု ရင် မင်း မြတ် အား တီး တိုး စ ကား တင် ရန် ရှိ ပါ သည် ဟု လျှောက် သော် ဘု ရင် မင်း က၊ တိတ် ဆိတ် စေ ဟု အ မိန့် တော် ရှိ လျှင်၊ ခ စား သူ အ ပေါင်း တို့ ထွက် ခွာ ကြ လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 ဂိ​လ​ဂါ​လ​မြို့​နား၌​ရှိ​သော ကျောက်​တိုင်​တို့​မှ ကိုယ်​တိုင်​ပြန်​လာ၍၊ ဘု​ရား​ကျွန်​တော်​သည် တိတ်​ဆိတ်​စွာ လျှောက်​စ​ရာ​အ​ကြောင်း​ရှိ​ပါ​သည်​ဟု ဆို​လျှင်၊ ရှင်​ဘု​ရင်​က၊ တိတ်​ဆိတ်​စွာ​နေ​ကြ​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ အ​ထံ​တော်၌ ခ​စား​သော သူ​အ​ပေါင်း​တို့​သည် ထွက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 3:19
8 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ယောသပ်​သည် မိမိ​အနား​၌​ရပ်​နေ​သော​သူ​အပေါင်း​တို့​ရှေ့​တွင် မိမိ​စိတ်​ကို မ​ထိန်း​နိုင်​သဖြင့် “​လူ​အားလုံး ငါ့​ထံမှ​ထွက်သွား​ကြ​”​ဟု ဟစ်အော်​လေ​၏​။ ဤသို့ဖြင့် ယောသပ်​သည် သူ့​အနား​၌ အခြား​မည်သူ​တစ်ယောက်မျှ​မ​ရှိ​သောအခါ မိမိ​ညီအစ်ကို​တို့​အား မိမိ​မည်သူ​ဖြစ်ကြောင်း ပြောပြ​၏​။


ဒယ်အိုး​ထဲမှ​မုန့်​ကို​ယူ​၍ အာမနုန်​ရှေ့​၌ ချပေး​သော်လည်း သူ​သည်​မစား​ဘဲ “​လူ​အားလုံး ငါ့​ထံမှ​ထွက်သွား​ကြ​”​ဟု ဆို​သဖြင့် လူ​အားလုံး သူ့​ထံမှ​ထွက်သွား​ကြ​၏​။


သူ​တို့​သည် မိမိ​တို့​အထွတ်အမြတ်​ထား​ရာ​နေရာ​များ​အားဖြင့် ကိုယ်တော်​ကို​အမျက်ထွက်​စေ​ပြီး မိမိ​တို့​၏​ရုပ်တု​များ​အားဖြင့် ကိုယ်တော်​ကို​သဝန်တို​စေ​ကြ​၏​။


ယောရှု​သည် ဂျော်ဒန်​မြစ်​မှ ယူဆောင်​ခဲ့​သော​ကျောက်တုံး​တစ်ဆယ့်​နှစ်​တုံး​ကို ဂိလဂါလ​အရပ်​တွင် ချထား​ပြီး


ဧဟုဒ​သည် လက်ဆောင်​ကို​ဆက်သ​၏​။ ထို့နောက် လက်ဆောင်​သယ်လာ​သော​သူ​တို့​ကို ပြန်လွှတ်​လိုက်​၍


ထို့နောက် လေသာနန်းဆောင်​ထဲတွင် ဧဂလုန်​မင်းကြီး​တစ်ယောက်တည်း​ထိုင်​နေစဉ် ဧဟုဒ​သည် သူ့​ထံသို့​ချဉ်းကပ်​၍ “​ဘုရားသခင်​၏​အမိန့်​တော်​ကို ဆင့်ဆို​ရန်​ရှိ​ပါ​သည်​”​ဟု ဆို​သဖြင့် ဧဂလုန်​မင်းကြီး​သည် ထိုင်​ရာ​မှ ထ​လိုက်​သောအခါ


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ