သူကြီး 3:10 - မြန်မာ့စံမီသမ္မာကျမ်း
ထာဝရဘုရား၏ဝိညာဉ်တော်သည် ဩသံယေလအပေါ် သက်ရောက်တော်မူသဖြင့် သူသည် အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်ရ၏။ စစ်ချီသောအခါ မက်ဆိုပိုတေးမီးယားဘုရင် ခုရှံရိရှသိမ်မင်းကြီးကို သူ့လက်သို့ ထာဝရဘုရားအပ်တော်မူသဖြင့် သူသည် ခုရှံရိရှသိမ်မင်းကြီးကို နိုင်လေ၏။
အခန်းကိုကြည့်ပါ။
ထာဝရဘုရား၏ဝိညာဉ်တော်သည်သူ့ အပေါ်သို့သက်ရောက်သဖြင့် သူသည် ဣသရေလအမျိုးသားတို့၏ခေါင်းဆောင် ဖြစ်လာလေသည်။ သြသံယေလသည်စစ် ချီတိုက်ခိုက်ရာထာဝရဘုရားသည်သူ့ အားမေသောပေါတာမိဘုရင်ကိုနှိမ်နင်း အောင်မြင်စေတော်မူ၏။-
အခန်းကိုကြည့်ပါ။
ထာ ဝ ရ ဘု ရား၏ ဝိ ညာဉ် တော် သည် သူ့ အ ပေါ်၌ ကိန်း ဝပ် သ ဖြင့်၊ ဣ သ ရေ လ လူ မျိုး ကို အုပ် စိုး စီ ရင် လျက် စစ် ချီ လေ သော်၊ မေ သော ပေါ တာ မိ ဘု ရင် ခု ရှံ ရိ ရှ သိမ် မင်း ကို သူ့ လက် တွင်း သို့ ထာ ဝ ရ ဘု ရား အပ် နှင်း သည့် အ လျောက် လက် ရုံး ရည် သာ လေ ၏။
အခန်းကိုကြည့်ပါ။
ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့အပေါ်သို့ သက်ရောက်သဖြင့်၊ သူသည် ဣသရေလအမျိုးကိုအုပ်စိုး၍ စစ်ချီလေ၏။ မေသောပေါတာမိရှင်ဘုရင် ခုရှံရိရှသိမ်ကို သူ့လက်၌ ထာဝရဘုရားအပ်တော်မူသဖြင့်၊ သူသည် ထိုရှင်ဘုရင်ကို အောင်လေ၏။
အခန်းကိုကြည့်ပါ။