ထို့ကြောင့် ယခု ယောက်ျားသူငယ်အားလုံး၊ ယောက်ျားနှင့်ဆက်ဆံဖူးသောမိန်းမအားလုံးကို သတ်ပစ်လော့။
သူကြီး 21:10 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သူတို့က ရဲစွမ်းသတ္တိရှိသောစစ်သူရဲတစ်သောင်းနှစ်ထောင်ကို စေလွှတ်၍ “ယာဗက်ဂိလဒ်မြို့သားတို့ကို မိန်းမရော ကလေးပါမကျန် ဓားနှင့်သတ်ပစ်ရမည်။ Common Language Bible မိဇပါမြို့၌စုဝေးသောသူအပေါင်းတို့ က၊ မိမိတို့တွင်ရဲစွမ်းသတ္တိအရှိဆုံးလူ တစ်သောင်းနှစ်ထောင်အား``သင်တို့သွား၍ အမျိုးသမီးများနှင့်ကလေးများအပါ အဝင်ယာဗတ်မြို့သားအပေါင်းတို့အား သုတ်သင်ပစ်ကြလော့။ ယောကျာ်းနှင့်အပျို စင်မဟုတ်သောအမျိုးသမီးမှန်သမျှ ကိုသတ်ဖြတ်ပစ်ကြရမည်'' ဟုအမိန့် ပေးစေလွှတ်လိုက်လေသည်။- Garrad Bible သို့ ဖြစ်၍ ပ ရိ သတ် သည် စစ် သူ ရဲ တစ် သောင်း နှစ် ထောင် တို့ ကို စေ လွှတ်၍ ဂိ လဒ် နယ်၊ ယာ ဗက် မြို့ သူ မြို့ သား တို့ ကို သူ ငယ် မ ကျန်၊ ဓား ဖြင့် အ လုပ် အ ကြံ သွား ကြ ချေ။ Judson Bible ထိုအခါ စုဝေးသောသူတို့သည် စစ်သူရဲတစ်သောင်းနှစ်ထောင်တို့ကို စေလွှတ်လျက်၊ သင်တို့သည်သွား၍ ဂိလဒ်ပြည် ယာဗက်မြို့သား ယောက်ျား၊ မိန်းမ၊ သူငယ်တို့ကို ဓားနှင့်လုပ်ကြံကြလော့။ |
ထို့ကြောင့် ယခု ယောက်ျားသူငယ်အားလုံး၊ ယောက်ျားနှင့်ဆက်ဆံဖူးသောမိန်းမအားလုံးကို သတ်ပစ်လော့။
သင်သည် ထိုမြို့၌နေထိုင်သောသူတို့ကို ဓားဖြင့် အသေသတ်ရမည်။ ထိုမြို့နှင့်တကွ ထိုမြို့၌ရှိသောအရာအားလုံးနှင့် တိရစ္ဆာန်တို့ကို ဓားဖြင့် အကုန်အစင်ဖျက်ဆီးရမည်။
ထိုအခါ ယောရှုနှင့်အစ္စရေးအမျိုးသားအပေါင်းတို့သည် ဇေရအမျိုးသားအာခန်ကို သူယူခဲ့သော ငွေ၊ ဝတ်လုံ၊ ရွှေချောင်းနှင့်တကွ သူ၏သားသမီး၊ နွား၊ မြည်း၊ သိုး၊ တဲ စသည့် သူပိုင်ဆိုင်သမျှတို့ကို အာခေါ်ချိုင့်ဝှမ်းသို့ ထုတ်ဆောင်သွားကြ၏။
အစ္စရေးအမျိုးသားတို့က “မိဇပါမြို့သို့ မလာသောသူ၊ ထာဝရဘုရားရှေ့တော်သို့ မလာသောသူသည် မုချအသတ်ခံရမည်”ဟု တင်းတင်းကျပ်ကျပ်ကျိန်ဆိုထားကြသည်ဖြစ်၍ “အစ္စရေးအမျိုးအနွယ်တို့တွင် မည်သူသည် ဤလူစုဝေးရာထာဝရဘုရားထံတော်သို့ မလာဘဲ နေကြသနည်း”ဟု စစ်ဆေးမေးမြန်းကြ၏။
သူတို့က “အစ္စရေးအမျိုးအနွယ်တို့တွင် မည်သူသည် မိဇပါမြို့သို့ မလာကြသနည်း။ မည်သူသည် ထာဝရဘုရားရှေ့တော်သို့ မလာကြသနည်း”ဟု စစ်ဆေးမေးမြန်းကြသောအခါ ယာဗက်ဂိလဒ်မြို့သားတစ်ယောက်မျှ လူစုဝေးရာစခန်းသို့ ရောက်မလာကြသည်ကို သိရလေ၏။
လူတို့ကို ရေတွက်ကြည့်သောအခါ ယာဗက်ဂိလဒ်မြို့သားတစ်ယောက်မျှ မပါသည်ကို တွေ့ရလေ၏။
ထာဝရဘုရား၏ကောင်းကင်တမန်က ‘မေရောဇမြို့ကိုကျိန်ဆဲလော့။ ထိုမြို့၌နေထိုင်သောသူတို့ကို ကျိန်စာတိုက်လော့။ အကြောင်းမူကား သူတို့သည် ထာဝရဘုရားဘက် လာမကူကြ။ သူရဲကောင်းတို့နှင့်တိုက်ခိုက်သောထာဝရဘုရားဘက် လာမကူကြ’ဟု ဆို၏။
နွားတစ်ရှဉ်းကိုယူ၍ အပိုင်းပိုင်းခုတ်ဖြတ်ပြီးမှ ထိုတမန်တို့၏လက်ဖြင့်ပင် အစ္စရေးနယ်ပယ်တစ်လျှောက်လုံးသို့ ပေးပို့ကာ “ရှောလုနှင့် ရှမွေလနောက်သို့မလိုက်သောသူတို့၏နွားများကို ဤကဲ့သို့ပြုမည်”ဟု မှာလိုက်၏။ ထိုအခါ ထာဝရဘုရားကိုကြောက်ရွံ့စိတ်ဝင်ကြသဖြင့် လူတို့သည် တညီတညွတ်တည်း ထွက်လာကြ၏။
ယခု သွား၍ အာမလက်လူမျိုးတို့ကို တိုက်ခိုက်လော့။ သူတို့ပိုင်ဆိုင်သောအရာအားလုံးကို ဖျက်ဆီးပစ်လော့။ မနှမြောနှင့်။ ယောက်ျား၊ မိန်းမ၊ ကလေးမှစ၍ နို့စို့ကလေးသူငယ်များအပါအဝင် နွား၊ သိုး၊ ကုလားအုတ်၊ မြည်းတို့ကို သတ်ဖြတ်လော့’ဟူ၍ မိန့်တော်မူပြီ”ဟု ဆို၏။