ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါတို့တွင် အသက်ရှင်ကျန်ရစ်သူအနည်းငယ်ကိုမျှ ချန်ထားတော်မမူခဲ့လျှင် ငါတို့သည် သောဒုံမြို့ကဲ့သို့ဖြစ်၍ ဂေါမောရမြို့နှင့်တူပေလိမ့်မည်။
သူကြီး 20:47 - မြန်မာ့စံမီသမ္မာကျမ်း လူအယောက်ခြောက်ရာတို့သည် တောကန္တာရရှိ ရိမ္မုန်ကျောက်ဆောင်ဘက်သို့ လှည့်ပြေးကြပြီး ထိုသူတို့သည် ရိမ္မုန်ကျောက်ဆောင်တွင် လေးလနေကြ၏။ Common Language Bible သို့ရာတွင်လူခြောက်ရာတို့သည်တောကန္တာရရှိ ရိမ္မုန်ကျောက်သို့ထွက်ပြေးလွတ်မြောက်သွားကြ လေသည်။ သူတို့သည်ထိုအရပ်တွင်လေးလ မျှနေကြ၏။- Garrad Bible လူ ခြောက် ရာ တို့ မူ ကား လှည့် လျက်၊ တော အ ရပ် ရှိ ရိ မ္မုန် ကျောက် တောင် အ ရောက် ပြေး၍ ထို ကျောက် တောင် အ တွင်း လေး လ ပတ် လုံး အောင်း နေ ရ ကြ၏။ Judson Bible လူခြောက်ရာတို့သည် လှည့်၍ တောအရပ်ရိမ္မုန်ကျောက်ကို မီအောင်ပြေးသဖြင့်၊ ထိုကျောက်အောက်မှာ လေးလနေကြ၏။ |
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါတို့တွင် အသက်ရှင်ကျန်ရစ်သူအနည်းငယ်ကိုမျှ ချန်ထားတော်မမူခဲ့လျှင် ငါတို့သည် သောဒုံမြို့ကဲ့သို့ဖြစ်၍ ဂေါမောရမြို့နှင့်တူပေလိမ့်မည်။
အကျွန်ုပ်တို့၏အပြစ်များက အကျွန်ုပ်တို့ကိုသက်သေထူနေသော်လည်း အို ထာဝရဘုရား၊ ကိုယ်တော်၏နာမတော်ကိုထောက်၍ စီရင်တော်မူပါ။ အကျွန်ုပ်တို့သည် ကြိမ်ဖန်များစွာလမ်းလွဲဖောက်ပြန်၍ ကိုယ်တော်ကိုပြစ်မှားကြပါပြီ။
ဝမ်းနည်းကြေကွဲစေတော်မူသော်လည်း မေတ္တာကရုဏာကြီးမားတော်မူသည်နှင့်အညီ သနားစုံမက်တော်မူလိမ့်မည်။
အို ထာဝရဘုရား၊ ကိုယ်တော့်အကြောင်းကိုကြားရ၍ အကျွန်ုပ်ကြောက်ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူသောအမှုများကို အကျွန်ုပ်တို့ခေတ်ကာလတွင် ထပ်မံပြုတော်မူပါ။ အကျွန်ုပ်တို့ခေတ်ကာလတွင် ထင်ရှားစေတော်မူပါ။ အမျက်ထွက်သော်လည်း ကရုဏာတော်ကို ပြန်လည်အောက်မေ့တော်မူပါ။
ဂေဗမြို့မှဂျေရုဆလင်မြို့တောင်ဘက် ရိမ္မုန်မြို့တိုင်အောင် မြေတစ်ပြင်လုံးသည် လွင်ပြင်ဖြစ်လိမ့်မည်။ ဂျေရုဆလင်မြို့ကား မြှင့်တင်ခြင်းကိုခံရ၍ ဗင်္ယာမိန်တံခါးမှ မြို့တံခါးဟောင်းနေရာမြို့ထောင့်တံခါးအထိလည်းကောင်း၊ ရှိဟာနနေလမျှော်စင်မှသည် တော်ဝင်စပျစ်သီးနယ်ရာကျင်းအထိလည်းကောင်း ယခင်နေရာ၌ တည်ရှိလိမ့်မည်။
ထိုနေ့တွင် ဗင်္ယာမိန်အမျိုးသား ဓားကိုင်စစ်သူရဲ စုစုပေါင်း နှစ်သောင်းငါးထောင် ကျဆုံး၏။
အစ္စရေးစစ်တပ်သည်လည်း ဗင်္ယာမိန်အမျိုးသားတို့နေရာသို့ ပြန်လာ၍ မြို့ထဲရှိလူနှင့်တကွ တိရစ္ဆာန်အပါအဝင် တွေ့သမျှတို့ကို ဓားဖြင့် သတ်ပစ်လေ၏။ တွေ့သမျှ မြို့တို့ကိုလည်း မီးရှို့ပစ်ကြ၏။
ထို့နောက် လူအစုအဝေးအပေါင်းတို့သည် ရိမ္မုန်ကျောက်ဆောင်တွင် နေသောဗင်္ယာမိန်အမျိုးသားတို့ထံ စစ်ပြေငြိမ်းပြီဖြစ်ကြောင်း အကြောင်းကြားလိုက်၏။