သူကြီး 20:47 - Common Language Bible47 သို့ရာတွင်လူခြောက်ရာတို့သည်တောကန္တာရရှိ ရိမ္မုန်ကျောက်သို့ထွက်ပြေးလွတ်မြောက်သွားကြ လေသည်။ သူတို့သည်ထိုအရပ်တွင်လေးလ မျှနေကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible47 လူ ခြောက် ရာ တို့ မူ ကား လှည့် လျက်၊ တော အ ရပ် ရှိ ရိ မ္မုန် ကျောက် တောင် အ ရောက် ပြေး၍ ထို ကျောက် တောင် အ တွင်း လေး လ ပတ် လုံး အောင်း နေ ရ ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible47 လူခြောက်ရာတို့သည် လှည့်၍ တောအရပ်ရိမ္မုန်ကျောက်ကို မီအောင်ပြေးသဖြင့်၊ ထိုကျောက်အောက်မှာ လေးလနေကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း47 လူအယောက်ခြောက်ရာတို့သည် တောကန္တာရရှိ ရိမ္မုန်ကျောက်ဆောင်ဘက်သို့ လှည့်ပြေးကြပြီး ထိုသူတို့သည် ရိမ္မုန်ကျောက်ဆောင်တွင် လေးလနေကြ၏။ အခန်းကိုကြည့်ပါ။ |
ငါ၏လူမျိုးတော်ကငါ့အား `ကျွန်တော်မျိုးတို့သည်မိမိတို့အပြစ်များ၏ စွပ်စွဲခြင်းကိုခံ၍နေရသော်လည်း၊ အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အားကိုယ်တော်ရှင်၏ နာမတော်ကိုထောက်၍ကူမတော်မူပါ။ ကျွန်တော်မျိုးတို့သည်ကြိမ်ဖန်များစွာ ကိုယ်တော်ရှင်ကို ကျောခိုင်းမိကြပါပြီ။ ကိုယ်တော်ရှင်အားပြစ်မှားမိကြပါပြီ။
မြောက်ဘက်ရှိဂေဘမြို့မှသည် တောင်ဘက်ရှိ ရိမ္မုန်မြို့တိုင်အောင်ယေရုရှလင်မြို့ပတ်ဝန်း ကျင်မှ မြေများကိုညီညာအောင်ညှိရကြ လိမ့်မည်။ ယေရုရှလင်မြို့သည်လည်းပတ် ဝန်းကျင်မြေများ၏အထက်တွင်မိုး၍နေ လိမ့်မည်။ ဤမြို့သည်ဗင်္ယာမိန်တံခါးမှသည် တံခါးဟောင်းရှိခဲ့ဖူးသည့်မြို့ထောင့်တံခါး တိုင်အောင်လည်းကောင်း၊ ဟာနနေလရဲတိုက် မှသည်နန်းတော်စပျစ်သီးနယ်ရာကျင်း များတိုင်အောင်လည်းကောင်းတည်ရှိလိမ့်မည်။-