အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်သို့တက်သွား၍ နေဝင်ချိန်တိုင်အောင် ငိုကြွေးလျက် ထာဝရဘုရားအား “အကျွန်ုပ်တို့၏ညီအစ်ကိုဖြစ်သော ဗင်္ယာမိန်အမျိုးသားတို့ကို တစ်ဖန်သွားတိုက်ရမည်လော”ဟု မေးလျှောက်ကြလျှင် ထာဝရဘုရားက “တိုက်လော့”ဟု မိန့်တော်မူ၏။
ထာဝရဘုရားထံတော်သို့ သွား၍ ညဉ့်ဦးယံတိုင်အောင် ငိုကြွေးလျက်၊ အကျွန်ုပ်တို့ညီ ဗင်္ယာမိန်အမျိုးသားတို့ကို တစ်ဖန် စစ်တိုက်ရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်သော်၊ ထာဝရဘုရားက ချီသွားကြလော့ဟု မိန့်တော်မူ၏။
ထို့နောက် နေမဝင်မီ လူအပေါင်းတို့သည် လာ၍ ဒါဝိဒ်မင်းကြီးအား စားတော်ခေါ်ရန် တိုက်တွန်းလေ၏။ သို့သော် ဒါဝိဒ်မင်းကြီးက “နေမဝင်မီ မုန့်ဖြစ်စေ၊ အစာတစ်စုံတစ်ရာကိုဖြစ်စေ စားမိလျှင် ဘုရားသခင်သည် ငါ့ကိုစီရင်တော်မူပါစေသော။ ထိုထက်မက ပြုတော်မူပါစေသော”ဟု ကျိန်ဆိုလေ၏။
သူတို့သည် ကိုယ့်အပြစ်ကိုမဝန်ခံမချင်း၊ ငါ့မျက်နှာကိုမရှာမချင်း စံမြန်းရာသို့ ငါပြန်သွားနေမည်။ သူတို့သည် ဆင်းရဲဒုက္ခရောက်သောအခါ ငါ့ကို ကြိုးစားရှာကြလိမ့်မည်။”
ထိုအခါ ယောရှုသည် မိမိအဝတ်ကိုဆုတ်၍ အစ္စရေးသက်ကြီးဝါကြီးတို့နှင့်တကွ နေဝင်ချိန်တိုင်အောင် ထာဝရဘုရား၏သေတ္တာတော်ရှေ့၊ မြေပေါ်မှာပျပ်ဝပ်လျက်၊ ခေါင်းပေါ်၌ မြေမှုန့်ကိုတင်လျက်နေကြ၏။
ယောရှုက “အို အကျွန်ုပ်၏ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ဤလူမျိုးတို့အား ဂျော်ဒန်မြစ်ကိုဖြတ်ကူးစေပြီး အာမောရိလူမျိုးတို့လက်သို့အပ်၍ ဖျက်ဆီးစေရန် အဘယ်ကြောင့် ဆောင်ခဲ့သနည်း။ အကျွန်ုပ်တို့သည် ဂျော်ဒန်မြစ်တစ်ဖက်၌ နေခဲ့သင့်၏။
ယောရှုသေဆုံးပြီးနောက် အစ္စရေးအမျိုးသားတို့က ထာဝရဘုရားအား “ခါနာန်လူမျိုးတို့ကို မည်သူ ဦးစွာသွား၍တိုက်ခိုက်ရမည်နည်း”ဟု မေးလျှောက်ကြလျှင်
အစ္စရေးအမျိုးသားတို့သည် ထ၍ ဗေသလမြို့သို့ တက်သွားပြီးလျှင် ဘုရားသခင်အား “ဗင်္ယာမိန်အမျိုးသားတို့ကို မည်သူဦးစွာသွားတိုက်ရမည်နည်း”ဟု မေးလျှောက်ကြလျှင် ထာဝရဘုရားက “ယုဒအမျိုး ဦးစွာချီတက်ရမည်”ဟု မိန့်တော်မူ၏။
သို့သော် အစ္စရေးအမျိုးသားတို့သည် အားယူ၍ ပထမနေ့ စစ်ဖြစ်ခဲ့သောနေရာတွင်ပင် နောက်တစ်ဖန် စစ်တိုက်ရန် နေရာယူကြပြန်၏။
ထို့ကြောင့် ဒုတိယနေ့တွင် အစ္စရေးအမျိုးသားတို့သည် ဗင်္ယာမိန်အမျိုးသားတို့ထံ ချီတက်ကြ၏။
လူတို့သည် ဗေသလမြို့သို့လာ၍ နေဝင်ချိန်တိုင်အောင် ဘုရားသခင်ရှေ့တော်တွင် ထိုင်၍အော်ဟစ်ငိုကြွေးလျက်
ထိုမှ ဆက်သွားလျှင် တာဗော်တောင် ဝက်သစ်ချတောသို့ ရောက်မည်။ ထိုနေရာတွင် ဘုရားသခင်ထံ ယဇ်ပူဇော်ရန် ဗေသလမြို့သို့သွားသော လူသုံးယောက်နှင့် သင်ဆုံတွေ့လိမ့်မည်။ တစ်ယောက်သည် ဆိတ်သငယ်သုံးကောင်ကို ယူဆောင်လာ၍ နောက်တစ်ယောက်သည် မုန့်သုံးလုံးကိုလည်းကောင်း၊ နောက်တစ်ယောက်သည် စပျစ်ဝိုင်ဘူးကိုလည်းကောင်း ယူဆောင်လာလိမ့်မည်။
တမန်တို့သည် ရှောလုရှိရာဂိဗာမြို့သို့ရောက်လာ၍ ထိုသတင်းကို လူတို့ကြားသိအောင်ပြောကြားသောအခါ လူအပေါင်းတို့သည် အော်ဟစ်ငိုကြွေးကြလေ၏။
အစ္စရေးအမျိုးသားတို့သည်လည်း မိဇပါမြို့၌စုဝေးကြ၏။ ရေကိုခပ်ပြီး ထာဝရဘုရားရှေ့တော်၌သွန်းလောင်းကြ၏။ ထိုနေ့၌ အစာရှောင်ကြပြီး သူတို့က “အကျွန်ုပ်တို့သည် ထာဝရဘုရားကိုပြစ်မှားခဲ့ကြပြီ”ဟု ဝန်ခံကြ၏။ ဤသို့ဖြင့် ရှမွေလသည် မိဇပါမြို့၌ အစ္စရေးအမျိုးသားတို့ကို စီရင်အုပ်ချုပ်လေ၏။