အစ္စရေးအမျိုးအနွယ်အားလုံး၏အကြီးအကဲတို့နှင့် ဓားကိုင်ခြေလျင်တပ်သားလေးသိန်းတို့သည် ဘုရားသခင်၏လူမျိုးတော်စုဝေးရာနေရာတွင် နေရာယူကြ၏။
စုရုံးရောက်ရှိလာကြသောဘုရားသခင် ၏လူမျိုးတော်တွင် ဣသရေလအနွယ် အပေါင်းတို့၏ခေါင်းဆောင်များပါဝင် ကြ၏။ မိဇပါမြို့၌ခြေလျင်တပ်သား ပေါင်းလေးသိန်းမျှစုရုံးလျက်ရှိသတည်း။-
လူ မျိုး တော် ဖြစ် သော ဣ သ ရေ လ အ မျိုး အ နွယ် တို့၏ အ ကြီး အ ကဲ များ နှင့် ဓား ကိုင် သူ ရဲ လေး သိန်း ပါ ဘု ရား သ ခင်၏ လူ မျိုး တော် အ စု အ ရုံး၌ မျက် နှာ ပြ ကြ၏။
ဣသရေလ အမျိုးအနွယ်အပေါင်း၊ ပြည်သားအပေါင်းတို့၏ အကြီးအကဲတို့သည် စည်းဝေးကြသော်၊ ဘုရားသခင်၏လူ၊ ဓားလက်နက်စွဲကိုင်သော ခြေသည်သူရဲ လေးသိန်းနှင့်တကွ ချဉ်းကပ်ကြ၏။
ထိုအမျိုးသမီးက “အရှင်မင်းကြီး၊ ဘုရားသခင်၏လူမျိုးတော်ကိုဆန့်ကျင်၍ အဘယ်ကြောင့် ဤသို့စီရင်ရပါသနည်း။ နှင်ထုတ်ခံရသောသူကို အရှင်မင်းကြီးပြန်မလာစေဘဲ အရှင်မင်းကြီး ဤသို့မိန့်တော်မူခြင်းဖြင့် ကိုယ်တော်တိုင် အပြစ်ရှိကြောင်း ပြလေပြီ။
ယွာဘသည် လူအရေအတွက်စာရင်းကို ရှင်ဘုရင်ထံ ပေးအပ်၏။ စာရင်းအရဓားကိုင်စစ်သူရဲများမှာ အစ္စရေးအမျိုးသားတွင် ရှစ်သိန်း၊ ယုဒအမျိုးသားတွင် ငါးသိန်း ရှိ၏။
မောဘဘုရင်သည် တိုက်ပွဲပြင်းထန်ကြောင်းကို ရိပ်မိလျှင် ဓားကိုင်တပ်သားအယောက်ခုနစ်ရာကို ခေါ်၍ ဧဒုံဘုရင်၏တပ်ကို ထိုးဖောက်၏။ သို့သော် မထိုးဖောက်နိုင်ကြ။
ထိုသို့ ကြားရသောအခါ အစ္စရေးလူထုအပေါင်းတို့သည် ရှိလောမြို့၌ စုရုံးကြ၍ သူတို့ကို တိုက်ခိုက်ရန် စစ်ချီကြ၏။
ထိုနေ့၌ အမြို့မြို့မှဗင်္ယာမိန်အမျိုးသား ဓားကိုင်သူရဲနှစ်သောင်းခြောက်ထောင်အပြင် ရွေးကောက်ခံရသောဂိဗာမြို့သားယောက်ျားခုနစ်ရာတို့လည်း စုရုံးပါဝင်ကြ၏။
ဗင်္ယာမိန်အမျိုးမှအပ အစ္စရေးအမျိုးသားတို့တွင် ဓားကိုင်သူရဲလေးသိန်း ရှိ၏။ သူတို့အားလုံးသည် စစ်ရေးကျွမ်းကျင်သူများ ဖြစ်၏။
အစ္စရေးတပ် မိဇပါမြို့သို့ ချီတက်လာကြောင်းကို ဗင်္ယာမိန်အမျိုးသားတို့ ကြားသိကြ၏။ အစ္စရေးအမျိုးသားတို့က “အဘယ်ကြောင့် ဤမျှလောက်ဆိုးသွမ်းသောအမှု ဖြစ်ရသနည်း။ ပြောပြပါလော့”ဟု မေးလျှင်
အရှေ့ပြည်သားစစ်သည်အပေါင်းတို့ထဲမှ ဓားကိုင်စစ်သည်တစ်သိန်းနှစ်သောင်းကျဆုံးသွားသဖြင့် ကြွင်းကျန်သောစစ်သည်တစ်သောင်းငါးထောင်တို့သာ ဇေဘဟနှင့်ဇာလမုန္နတို့နှင့်အတူ ကာကော်မြို့၌ ရှိကြ၏။
ရှောလုသည် ဗေဇက်မြို့တွင် ထိုသူတို့ကိုရေတွက်ကြည့်ရာ အစ္စရေးအမျိုးသားသုံးသိန်း၊ ယုဒအမျိုးသားသုံးသောင်းရှိ၏။