သူ့ခမည်းတော်သည် သူစိတ်ဆင်းရဲအောင် “သင် အဘယ်ကြောင့် ဤသို့ပြုသနည်း”ဟု တစ်ခါမျှမဆိုဖူးပေ။ အဒေါနိယသည် အဗရှလုံ၏ညီဖြစ်ပြီး ရုပ်ရည်အလွန်ချောသူဖြစ်၏။
သူကြီး 18:7 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ထိုလူငါးယောက်သည် ခရီးဆက်သွား၍ လဲရှမြို့သို့ရောက်သော် ထိုမြို့သားတို့သည် ဆီဒုန်လူမျိုးတို့စရိုက်အတိုင်း စိုးရိမ်ပူပန်မှုမရှိ၊ ဘေးအန္တရာယ်ကင်းကင်းနှင့် စိတ်အေးလက်အေးနေထိုင်ကြကြောင်း၊ ထိုပြည်သည် လိုလေသေးမရှိ စည်းစိမ်ဥစ္စာကြွယ်ဝကြောင်း၊ ဆီဒုန်မြို့နှင့်ကွာဝေးသည့်အပြင် မည်သူနှင့်မျှအဆက်အဆံမရှိကြောင်း စူးစမ်းသိရှိရကြ၏။ Common Language Bible ထို့ကြောင့်ထိုလူငါးယောက်တို့သည်လဲရှ မြို့သို့ထွက်သွားကြ၏။ ထိုမြို့သားတို့သည် ဇိဒုန်မြို့သားများကဲ့သို့ အေးဆေးငြိမ်းချမ်း စွာနေထိုင်ကြသူများဖြစ်ကြောင်း၊ မည်သူ နှင့်မျှအငြင်းမပွားတတ်ကြောင်း၊ သူတို့ လိုအပ်သမျှတို့ကိုလည်းရရှိကြကြောင်း၊ သူတို့သည်ဇိဒုန်မြို့သားတို့နှင့်အလွန် အလှမ်းကွာရာတွင်နေထိုင်ကြလျက် အခြားအဘယ်လူမျိုးနှင့်မျှလည်း အဆက်အသွယ်မရှိကြကြောင်းကို စူးစမ်းသိရှိကြလေသည်။- Garrad Bible ထို လူ ငါး ယောက် တို့ ထွက် သွား သ ဖြင့် လဲ ရှ မြို့ သို့ ရောက် ရာ ၎င်း မြို့ သား တို့ သည် ဇိ ဒုန် မြို့ သား တို့ အ လိုက် ဘေး ကင်း၍ ငြိမ်း ချမ်း စွာ နေ ထိုင် ကြောင်း ကို လည်း ကောင်း၊ အ ရှက် ခွဲ ရန် အာ ဏာ ပိုင် ပေး သူ မ ရှိ ကြောင်း ကို လည်း ကောင်း ဇိ ဒုန် မြို့ နှင့် ဝေး ကွာ သည့် ပြင် အ ခြား မြို့ နှင့် မ ဆိုင် ကြောင်း ကို လည်း ကောင်း၊ သိ မြင် ပြီး နောက် Judson Bible ထိုလူငါးယောက်တို့သည် ထွက်သွား၍ လဲရှမြို့သို့ ရောက်သဖြင့်၊ မြို့သားတို့သည် ဇိဒုန်အမျိုးသားတို့ သတိမရှိသကဲ့သို့ သတိမရှိ၊ မစိုးရိမ်ဘဲ ငြိမ်ဝပ်စွာ နေကြောင်းကိုလည်းကောင်း၊ ဆုံးမပိုင်သောမင်းမရှိကြောင်းကိုလည်းကောင်း၊ ဇိဒုန်အမျိုးသားတို့နှင့်ဝေး၍ အဘယ်သူနှင့်မျှ အမှုမဆိုင်ကြောင်းကိုလည်းကောင်းကြည့်ရှုပြီးမှ၊ |
သူ့ခမည်းတော်သည် သူစိတ်ဆင်းရဲအောင် “သင် အဘယ်ကြောင့် ဤသို့ပြုသနည်း”ဟု တစ်ခါမျှမဆိုဖူးပေ။ အဒေါနိယသည် အဗရှလုံ၏ညီဖြစ်ပြီး ရုပ်ရည်အလွန်ချောသူဖြစ်၏။
နေဗတ်၏သားယေရောဗောင်မင်းကြီး၏အပြစ်လမ်းအတိုင်း လိုက်လျှောက်သည်ကို သာမညဟုမှတ်ယူ၍ ဆီဒုန်ဘုရင်ဧသဗာလမင်းကြီး၏သမီးတော်ယေဇဗေလကို မိဖုရားမြှောက်ပြီး ဗာလဘုရားအား ဝတ်ပြုကိုးကွယ်လေ၏။
စားကျက်မြေပေါများ၍ စားကျက်မြေကောင်းသောနေရာ၊ မြေနေရာကျယ်ဝန်းပြီး အေးချမ်းသာယာသောနေရာကို ရှာတွေ့သွားကြ၏။ ထိုနေရာတို့သည် ယခင်က ဟာမအမျိုးသားများ နေထိုင်ခဲ့သောနေရာ ဖြစ်၏။
ထာဝရဘုရားက “ထကြ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချပြီး စိုးရိမ်ကြောင့်ကြမှုမရှိသောလူမျိုး၊ မြို့တံခါးမရှိ၊ ကန့်လန့်ကျင်မရှိ၊ တသီးတခြားနေထိုင်သောလူမျိုးထံ စစ်ချီကြ”ဟု မိန့်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် အုပ်ချုပ်သူများသည် ကောင်းသောအမှုကိုပြုသောသူအတွက် ကြောက်စရာမဟုတ်ဘဲ မကောင်းသောအမှုကိုပြုသောသူအတွက်သာ ကြောက်စရာဖြစ်၏။ သင်သည် အာဏာပိုင်ကိုမကြောက်ဘဲနေလိုလျှင် ကောင်းသောအမှုကိုပြုလော့။ ထိုသို့ပြုလျှင် သူ၏ချီးမွမ်းခြင်းကိုခံရလိမ့်မည်။
ဒန်အမျိုးသားတို့သည် မိမိတို့၏နယ်နိမိတ်ကိုကျော်လွန်၍ လဲရှမြို့ကို ချီတက်တိုက်ခိုက်ကြ၏။ ထိုမြို့ကိုသိမ်းပိုက်ပြီးလျှင် မြို့သူမြို့သားတို့ကို ဓားဖြင့်လုပ်ကြံပြီး ထိုမြို့၌ အခြေချနေထိုင်ကြ၏။ ထို့နောက် သူတို့ဘိုးဘေး၏အမည်ဖြစ်သော ဒန်ကို အစွဲပြု၍ ထိုမြို့ကို ဒန်မြို့ဟု ခေါ်ဆိုကြ၏။
ဒုစရိုက်ပြုသူများကို ပြစ်ဒဏ်ပေး၍ လူကောင်းတို့ကို ဂုဏ်ပြုချီးမွမ်းရန် ရှင်ဘုရင်စေလွှတ်သောဘုရင်ခံများကိုဖြစ်စေ နာခံကြလော့။
သူသည် မိမိကိုယ်ကိုချီးမြှောက်၍ စည်းစိမ်ခံစားခဲ့သည်နှင့်အမျှ သူ့အား ညှဉ်းဆဲခြင်းနှင့်ဝမ်းနည်းကြေကွဲခြင်းတို့ကို ပေးကြလော့။ အဘယ်ကြောင့်ဆိုသော် သူက ‘ငါသည် မိဖုရားဖြစ်၏။ မုဆိုးမ မဟုတ်။ ဝမ်းနည်းကြေကွဲခြင်းကိုလည်း မည်သည့်အခါမျှ ကြုံတွေ့ရလိမ့်မည်မဟုတ်’ဟု မိမိစိတ်ထဲ၌ဆိုသောကြောင့်ဖြစ်၏။
ယခင်က လဲရှ ဟုခေါ်သောမြို့ကို ဒန်အမျိုးသားတို့သည် သူတို့၏ဘိုးဘေးဖြစ်သော အစ္စရေး၏သား ဒန်ကိုအစွဲပြု၍ ဒန်မြို့ဟုခေါ်ကြ၏။
ယဇ်ပုရောဟိတ်က သူတို့အား “အေးအေးချမ်းချမ်းသွားပါ။ သင်တို့ခရီးစဉ်တွင် ထာဝရဘုရားပါရှိတော်မူပါ၏”ဟု ပြန်ပြော၏။
သူတို့သည် အမျိုးသားချင်းတို့ရှိရာ ဇောရာမြို့၊ ဧရှတောလမြို့သို့ ပြန်ရောက်သောအခါ အမျိုးသားချင်းတို့က “အခြေအနေ မည်သို့နည်း”ဟု မေးမြန်းကြ၏။
သူ့သားတို့သည် ကိုယ့်ကိုယ်ကိုယ်ကျိန်ဆဲစရာဖြစ်သည့်တိုင်အောင် အပြစ်ပြုသည်ကို သူသိသော်လည်း သူသည် သားတို့ကိုမဆုံးမသောကြောင့် ထိုဒုစရိုက်အပြစ်အတွက် ငါသည် သူ့အိမ်သူအိမ်သားတို့ကို အစဉ်ဒဏ်ခတ်မည်ဖြစ်ကြောင်း သူ့ကိုငါပြောထားပြီးဖြစ်၏။